Browser အတြက္ ‘Intelligent Scan’ လုပ္ေဆာင္ခ်က္ကို ေထာက္ပံ့လိုက္တဲ့ Samsung

0
1545

စမတ္ဖုန္းထုတ္လုပ္သူ Samsung ဟာ ကုမၸဏီရဲ႕စမတ္ဖုန္းကိုင္ေဆာင္တဲ့ သုံးစြဲသူေတြအတြက္ လုပ္ေဆာင္ခ်က္အသစ္တစ္ခုကို ျဖန္႔ေဝေပးလိုက္ပါတယ္။ အဲ့ဒီလုပ္ေဆာင္ခ်က္ကေတာ့ security ပိုင္းဆုိင္ရာနဲ႔ သက္ဆိုင္ၿပီး ဖုန္းသုံးစြဲသူေတြအေနနဲ႔ ပိုမိုလုံၿခဳံစြာနဲ႔ ဘေရာက္ဇာေတြကို သုံးစြဲႏုိင္ဖုိ႔ ရည္ရြယ္လိုက္တာပါ။ Samsung စမတ္ဖုန္းကိုင္ေဆာင္သူေတြအတြက္ အသစ္ထည့္သြင္းေပးလိုက္တဲ့ လုပ္ေဆာင္ခ်က္ကိုေတာ့ ‘Intelligent Scan’ လို႔ေခၚၿပီး ဘေရာက္စာေတြကို ဝင္ေရာက္သုံးစြဲတဲ့အခါမွာ ဖုန္းပိုင္ရွင္ရဲ႕ မ်က္ႏွာ(သို႔) မ်က္စိကေနမွတ္တမ္းတင္ စစ္ခ်က္ယူၿပီးမွ သုံးစြဲႏုိင္မွာျဖစ္ပါတယ္။

အသစ္ထုတ္ေပးလိုက္တဲ့ လုံၿခံဳေရးဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကိုေတာ့ Samsung စမတ္ဖုန္းအားလုံးမွာ အသုံးျပဳလုိ႔ရႏိုင္မွာ မဟုတ္ပါဘူး။Samsung Galaxy Note FE, S8, S8+, Note 8 , S9 နဲ႔ S9+ စမတ္ဖုန္းေတြမွာသာ eye scan (သို႔) face scan ျပဳလုပ္သုံးစြဲႏုိင္မွာ ျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ Samsung အေနနဲ႔ Face ID ေထာက္ပံ့တဲ့ ဖုန္းေတြအတြက္ သီးသန္႔ထုတ္ေပးလုိက္ပုံရပါတယ္။

Intelligent Scan လုပ္ေဆာင္ခ်က္ကို သုံးႏုိင္ဖို႔အတြက္ Samsung Internet browser ရဲ႕ဗားရွင္းဟာ 7.4 beta version သုိ႔သူ႕ထက္ျမင့္တဲ့ browser ဗားရွင္းနဲ႔မွ အဆင္ေျပမွာပါ။ ဒီလုပ္ေဆာင္ခ်က္ဟာေငြေပးေခ်မႈျဖစ္တဲ့  Samsung Pay လိုလုပ္ေဆာင္ခ်က္ေတြ အတြက္လည္းအဆင္ေျပေစပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာေတာ့ Intelligent Scan ကိုဖုန္းအားလုံးမွာ တေျပညီရရွိအုံးမွာ မဟုတ္ပါဘူး။ Samsung Galaxy Note FE, S8, S8+, Note 8 , S9 နဲ႔ S9+ ဖုန္းေတြကိုင္ေဆာင္ထားရင္ေတာင္ ေနရာေဒသကြဲျပားတဲ့ အတြက္ေၾကာင့္ အျပည့္အဝ update ျပဳလုပ္ႏုိင္အုံးမွာ မဟုတ္ပါဘူး။

Unicode

စမတ်ဖုန်းထုတ်လုပ်သူ Samsung ဟာ ကုမ္ပဏီရဲ့စမတ်ဖုန်းကိုင်ဆောင်တဲ့ သုံးစွဲသူတွေအတွက် လုပ်ဆောင်ချက်အသစ်တစ်ခုကို ဖြန့်ဝေပေးလိုက်ပါတယ်။ အဲ့ဒီလုပ်ဆောင်ချက်ကတော့ security ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်ပြီး ဖုန်းသုံးစွဲသူတွေအနေနဲ့ ပိုမိုလုံခြုံစွာနဲ့ ဘရောက်ဇာတွေကို သုံးစွဲနိုင်ဖို့ ရည်ရွယ်လိုက်တာပါ။ Samsung စမတ်ဖုန်းကိုင်ဆောင်သူတွေအတွက် အသစ်ထည့်သွင်းပေးလိုက်တဲ့ လုပ်ဆောင်ချက်ကိုတော့ ‘Intelligent Scan’ လို့ခေါ်ပြီး ဘရောက်စာတွေကို ဝင်ရောက်သုံးစွဲတဲ့အခါမှာ ဖုန်းပိုင်ရှင်ရဲ့ မျက်နှာ(သို့) မျက်စိကနေမှတ်တမ်းတင် စစ်ချက်ယူပြီးမှ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

အသစ်ထုတ်ပေးလိုက်တဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကိုတော့ Samsung စမတ်ဖုန်းအားလုံးမှာ အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။Samsung Galaxy Note FE, S8, S8+, Note 8 , S9 နဲ့ S9+ စမတ်ဖုန်းတွေမှာသာ eye scan (သို့) face scan ပြုလုပ်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Samsung အနေနဲ့ Face ID ထောက်ပံ့တဲ့ ဖုန်းတွေအတွက် သီးသန့်ထုတ်ပေးလိုက်ပုံရပါတယ်။

Intelligent Scan လုပ်ဆောင်ချက်ကို သုံးနိုင်ဖို့အတွက် Samsung Internet browser ရဲ့ဗားရှင်းဟာ 7.4 beta version သို့သူ့ထက်မြင့်တဲ့ browser ဗားရှင်းနဲ့မှ အဆင်ပြေမှာပါ။ ဒီလုပ်ဆောင်ချက်ဟာငွေပေးချေမှုဖြစ်တဲ့  Samsung Pay လိုလုပ်ဆောင်ချက်တွေ အတွက်လည်းအဆင်ပြေစေပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ Intelligent Scan ကိုဖုန်းအားလုံးမှာ တပြေညီရရှိအုံးမှာ မဟုတ်ပါဘူး။ Samsung Galaxy Note FE, S8, S8+, Note 8 , S9 နဲ့ S9+ ဖုန်းတွေကိုင်ဆောင်ထားရင်တောင် နေရာဒေသကွဲပြားတဲ့ အတွက်ကြောင့် အပြည့်အဝ update ပြုလုပ်နိုင်အုံးမှာ မဟုတ်ပါဘူး။

Leave a Reply