Optical zoom နဲ႔အတူ telephoto lens ပါဝင္လာမယ့္ Oppo Find X

0
1476

Oppo အေနနဲ႔ကုမၸဏီရဲ႕ flagship စမတ္ဖုန္းသစ္ျဖစ္တဲ့ Find X ကိုဇြန္လ 19ရက္ေန႔မွာ ထုတ္ေဖာ္မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကလည္း ဖုန္းအသစ္နဲ႔ပတ္သတ္လို႔ သတင္းထုတ္ျပန္ခ်က္ေတြနဲ႔ထြက္ရွိထားပါေသးတယ္။ ဒီေနမွာေတာ့မွာလည္း တရုတ္လူမႈကြန္ရက္ Weibo မွာဖုန္းနဲ႔ ပတ္သတ္လို႔ အခ်က္အတစ္ခ်ိဳ႕ထြက္လာခဲ့ပါတယ္။ ပုံတစ္ခုတင္လိုက္တာျဖစ္ၿပီး အဲ့ဒီပုံမွာေတာ့ လူတစ္ေယာက္ကတယ္လီစကုပ္ကို ကိုင္ၿပီးေကာင္းကင္ကို ၾကည့္ေနတာပါ။

ဒါ့အျပင္ေၾကာ္ျငာစာသားတစ္ခ်ိဳ႕ကိုလည္း တရုတ္လိုေရးသားထားပါေသးတယ္။ သူ႕မွာေရးထားတဲ့ စာသားေလးကို အဓိပၸါယ္ဖြင့္လိုက္တဲ့ အခါမွာေတာ့ ” မိုးေကာင္းကင္နဲ႔ စၾကာဝ႒ာကိုၾကည့္ေနတဲ့ ဂယ္လီလီယိုလို႔ ေရးထားပါတယ္။ ဒါေၾကာင့္ဒီဖုန္းမွာ အလြန္ေကာင္းမြန္တဲ့ optical zoom ကိုထည့္သြင္းထားပါလိမ့္မယ္။ မိုးေကာင္းကင္နဲ႔ အနားသတ္ေတြကို ေတာင္ ဆြဲယူၾကည့္ရႈႏိုင္မယ့္ optical zoom  မ်ိဳးပါ။

လက္ရွိထြက္ထားတဲ့ သတင္းေတြအရေတာ့ OPPO အေနနဲ႔ Find X ရဲ႕ကင္မရာပိုင္းအတြက္ 5x အထိေထာက္ပံ့ေပးႏုိင္မယ့္ optical zoom ကိုထည့္သြင္းတည္ေဆာက္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒီနည္းပညာကိုOPPO က MWC 2017 မွာတုန္းကမိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ သိုေပမယ့္ သူတို႔ဟာ concept device တစ္ခုေပၚမွာသာ ကိုင္တြယ္စမ္းသပ္ျပခဲ့တာပါ။

အျခားထြက္ေပၚလာတဲ့ သတင္းေတြမွာ OPPO အေနနဲ႔ မ်ိဳးဆက္သစ္ Find စီးရီးဖုန္းမွာ ပရိုဆက္ဆာပိုင္းအတြက္ Snapdragon 845 chipset ကိုသုံးလာမွာ ျဖစ္ၿပီး 8RAM နဲ႔အတူ 256 GB အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းနဲ႔ ထြက္လာမယ္လို႔ဆိုပါတယ္။ ေနာက္ေက်ာဘက္မွာ ကင္မရာ၂လုံးတပ္ဆင္ထားမွာ ျဖစ္ၿပီးတစ္လုံးက telephoto lens သုံးသြားမွာပါ။ သက္တမ္းတာရွည္ခံႏုိင္ဖို႔အတြက္ 4,000 mAh ဘက္ထရီစြမ္းအားနဲ႔အတူ Super VOOC charging  စနစ္ကိုလည္း ေထာက္ပံ့ေပးပါလိမ့္မယ္။

Unicode

Oppo အနေနဲ့ကုမ္ပဏီရဲ့ flagship စမတ်ဖုန်းသစ်ဖြစ်တဲ့ Find X ကိုဇွန်လ 19ရက်နေ့မှာ ထုတ်ဖော်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဖုန်းအသစ်နဲ့ပတ်သတ်လို့ သတင်းထုတ်ပြန်ချက်တွေနဲ့ထွက်ရှိထားပါသေးတယ်။ ဒီနေမှာတော့မှာလည်း တရုတ်လူမှုကွန်ရက် Weibo မှာဖုန်းနဲ့ ပတ်သတ်လို့ အချက်အတစ်ချို့ထွက်လာခဲ့ပါတယ်။ ပုံတစ်ခုတင်လိုက်တာဖြစ်ပြီး အဲ့ဒီပုံမှာတော့ လူတစ်ယောက်ကတယ်လီစကုပ်ကို ကိုင်ပြီးကောင်းကင်ကို ကြည့်နေတာပါ။

ဒါ့အပြင်ကြော်ငြာစာသားတစ်ချို့ကိုလည်း တရုတ်လိုရေးသားထားပါသေးတယ်။ သူ့မှာရေးထားတဲ့ စာသားလေးကို အဓိပ္ပါယ်ဖွင့်လိုက်တဲ့ အခါမှာတော့ ” မိုးကောင်းကင်နဲ့ စကြာဝဋ္ဌာကိုကြည့်နေတဲ့ ဂယ်လီလီယိုလို့ ရေးထားပါတယ်။ ဒါကြောင့်ဒီဖုန်းမှာ အလွန်ကောင်းမွန်တဲ့ optical zoom ကိုထည့်သွင်းထားပါလိမ့်မယ်။ မိုးကောင်းကင်နဲ့ အနားသတ်တွေကို တောင် ဆွဲယူကြည့်ရှုနိုင်မယ့် optical zoom  မျိုးပါ။

လက်ရှိထွက်ထားတဲ့ သတင်းတွေအရတော့ OPPO အနေနဲ့ Find X ရဲ့ကင်မရာပိုင်းအတွက် 5x အထိထောက်ပံ့ပေးနိုင်မယ့် optical zoom ကိုထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနည်းပညာကိုOPPO က MWC 2017 မှာတုန်းကမိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ သိုပေမယ့် သူတို့ဟာ concept device တစ်ခုပေါ်မှာသာ ကိုင်တွယ်စမ်းသပ်ပြခဲ့တာပါ။

အခြားထွက်ပေါ်လာတဲ့ သတင်းတွေမှာ OPPO အနေနဲ့ မျိုးဆက်သစ် Find စီးရီးဖုန်းမှာ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 845 chipset ကိုသုံးလာမှာ ဖြစ်ပြီး 8RAM နဲ့အတူ 256 GB အချက်အလက်သိုလှောင်နိုင်စွမ်းနဲ့ ထွက်လာမယ်လို့ဆိုပါတယ်။ နောက်ကျောဘက်မှာ ကင်မရာ၂လုံးတပ်ဆင်ထားမှာ ဖြစ်ပြီးတစ်လုံးက telephoto lens သုံးသွားမှာပါ။ သက်တမ်းတာရှည်ခံနိုင်ဖို့အတွက် 4,000 mAh ဘက်ထရီစွမ်းအားနဲ့အတူ Super VOOC charging  စနစ်ကိုလည်း ထောက်ပံ့ပေးပါလိမ့်မယ်။

Leave a Reply