
0
1603







unicode

ဇွန် ၁၂ တွင် Xiaomi Redmi 6 မိတ်ဆက်ဖို့သေချာပြီ

တရုတ် Smartphone ထုတ်လုပ်သူ Xiaomi ဟာသူ့ရဲ့ဈေးသက်သာသော Redmi 6 ဖုန်းများအားမိတ်ဆက်ပွဲကိုတရုတ်မှာဇွန် ၁၂ တွင် ကျင်းပတော့မှာပါ။ သူ့ကို TENAA တွေ့ခဲ့ပြီးနောက်အစောပိုင်းမှာသတင်းပေါက်ကြားခဲ့ပါတယ်။

Xiaomi က တရုတ်လူမှုကွန်ယက်ဝက်ဆိုက် ဝီဘိုမှာ Teaser ကိုလွှင့်တင်ခဲ့ပီးဖြစ်ပါတယ်။ Redmi 6 ကိုမိတ်ဆက်ဖို့ဇွန် ၁၂ မှာပွဲ ၁ ခုကိုကျင်းပမယ်လို့သိရပါတယ်။ အဲ့ဒီပွဲမှာ Company က Redmi 6A နှင့် Redmi 6 Pro ကိုလည်း မိတ်ဆက်မယ်လို့မျှော်လင့်ရပါတယ်။ TENAA မှာမှတ်ပုံတင်ထားမှုများအရ Redmi 6 နှင့် Redmi 6A ၏သတင်းအချက်လက်များကိုသိရှိခဲ့ရပါတယ်။

Redmi 6 မှာ Andriod 8.1 Oreo နှင့် MIUI 9 တို့ပေါင်းစပ်ထားမှာပါ။ သူ့မှာ 5.45-inch HD + 2.5D Curved Glass မျက်နှာပြင်ပါဝင်ပါလိမ့်မယ်။ Resolution ကတော့ 1440 x 720 Pixels နှင့် Aspect Ratio 18:9 ဖြစ်မှာပါ။

သူ့မှာ 2GHz Octa Core SoC ပါဝင်လာမှာပါ။ ဖြစ်နိုင်တာကတော့ Snapdragon 625 SoC နှင့် Adreno 506 GPU တပ်ဆင်ထားနိုင်ပါတယ်။ 2GB RAM + 16GB Internal Storage, 3GB RAM + 32GB Internal Storage, 4GB RAM + 64GB Internal Storage ဆိုပြီး အမျိုးစား ၃ မျိုးရှိမှာပါ။

အနောက်ဖက်မှာ 12MP Primary Camera နှင့် အကူ Camera ၁ လုံးကို LED Flash နှင့်အတူတပ်ဆင်ထားမှာပါ။ ရှေ့ဖက်တွင် 5MP Camera ၁ လုံးပါဝင်လာနိုင်ပါတယ်။

သူ့ရဲ့ Battery ကတော့ 3000 mAh ဖြစ်ပါတယ်။ ဆက်သွယ်မှုအပိုင်းမှာ 4G VoLTE, Wi-Fi 802.11 b/g/n, FM Radio, 3.5mm audio, Bluetooth 4.2 and GPS တို့ ပါဝင်နိုင်ပါတယ်။

Leave a Reply