low power LCD နည်းပညာကို မိတ်ဆက်လိုက်တဲ့ Intel

0
1600




Unicode

လက်ရှိကျင်းပနေတဲ့ Computex 2018 ပြပွဲမှာ Intel အနေနဲ့ Low Power Display နည်းပညာကို စမ်းသပ်ဗားရှင်းသဘောမျိုး မိတ်ဆက်ခဲ့ပါတယ်။ Laptop ရဲ့ဘက်ထရီ တာရှည်ခံမှုကို Computex ပွဲမှာ လက်တွေ့စမ်းပြခဲ့ပါတယ်။အဲဒီနည်းပညာမှာ အထူးပြုလုပ်ထားတဲ့ LCD display နဲ့ အလွန်ကောင်းမွန်တဲ့  စွမ်းအင်စီမံခန့်ခွဲမှုကို ပေါင်းစပ်ထားပါတယ်။ Intel ဟာ Sharp နဲ့ Innolux တို့ ဒီဇိုင်းဆွဲထားတဲ့ မျက်နှာပြင် ၁၃ လက်မ အရွယ်ရှိ display နဲ့ လက်တွေ့စမ်းသပ်ပြသခဲ့တာပဲဖြစ်ပါတယ်။

အဲဒီ display ဟာ စွမ်းအင် 1 Watt ပဲ သုံးစွဲပါတယ်။ ယခုနည်းပညာဟာ သုံးစွဲမှုအပေါ်မူတည်ပြီး ဘက်ထရီစွမ်းအင်ကို ၄ နာရီကနေ ၈ နာရီအထိ တိုးမြှင့်ပေးနိုင်မှာဖြစ်ပြီး  အခြားလိုအပ်ချက်အနေနဲ့ Nvidia သို့ AMD ဂရပ်ဖစ်ကိုသုံးရမှာ ဖြစ်ပါတယ်။  ဒါကြောင့် laptop တွေမှာ Intel ရဲ့နည်းပညာ ပါဝင်လာမယ်ဆိုရင် ဘက်ထရီသက်တမ်း ၂၈ နာရီအထိ သုံးစွဲနိုင်လာနိုင်ပါတယ်။
Intel အနေနဲ့ Dell ရဲ့ XPS 13 ထုတ်ကုန်မှာ dispaly နည်းပညာသစ်ကိုထည့်သွင်းပြီး စွမ်းဆောင်ရည်မထိခိုက်စေဘဲ ဘက်ထရီသက်တမ်းကို နာရီ ၂၀ ကနေ ၂၅ နာရီကျော်အထိ တိုးမြှင့်ပေးခဲ့ပါတယ်။  Intel စမ်းသပ်ပြခဲ့တာကတော့ Windows 10 သုံးထားတဲ့ Core i7-855U နဲ့အတူ 8GB RAM ပါပြီး Intel 600p SSD၊ Intel UHD Graphics 620 သုံးထားတဲ့ Laptop ပေါ်မှာစမ်းသပ်ပြသခဲ့တာပါ။ Intel အနေနဲ့ အခုနည်းပညာနဲ့ ပတ်သက်ပြီး တိကျတဲ့သတင်းအချက်အလက်ကို မထုတ်ပြန်ခဲ့သလို၊ အခု panel သစ်ကနေ ဘယ်လောက် အကျိုးကျေးဇူးရရှိပြီး အဆင့်မြှင့်တင်ထားတဲ့ စွမ်းအင်စီမံခန့်ခွဲမှုက ဘယ်လောက်ကောင်းလဲဆိုတာကိုလည်း မသိရသေးပါဘူး။

Leave a Reply