Smartphone Trending

Galaxy S9 နဲ႔ S9+ ရဲ႕ ေနာက္ဆံုးထုတ္ Software Update မွာ Dual VoLTE/VoWiFi တို႔ကို ေထာက္ပံ့လာ

စမတ္ဖုန္းေစ်းကြက္ဟာ ကမာၻ႕ အႀကီးမားဆံုး Consumer Market ထဲမွ တစ္ခု ျဖစ္ေနတာ မဆန္းပါဘူး။ ဆမ္ေဆာင္းဟာ MWC 2018 မွာ Galaxy S9 , S9+ မ်ားကို မိတ္ဆက္ၿပီး တစ္ပတ္ အၾကာမွာပဲ သူတို႔ကို အိႏၵိယမွာ ေရာင္းခ်ေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ လမ်ားအတြင္းကလည္း အဲဒီဖုန္းမ်ားအတြက္ Software Update မ်ားကို ျဖန္႔ခ်ီေပးခဲ့ပါတယ္။ အခုလည္း ေနာက္ဆံုးထုတ္ Update မွာ စြမ္းရည္အသစ္မ်ားစြာ ထည့္သြင္းေပးလိုက္ပါတယ္။ Update ရဲ႕ ဖိုင္အရြယ္အစားကေတာ့ 426MB ျဖစ္ပါတယ္။

Galaxy S9+ ရဲ႕ Firmware Version ဟာ G965FXXU1BRE5 ( S9 ကေတာ့ G960FXXU1BRE5) ျဖစ္ၿပီး SIM Cards ၂ ခုစလံုးအတြက္ VoLTE, VoWiFi မ်ားကို ေထာက္ပံ့လာပါတယ္။ အဲဒီအတြက္ SIM Card 1 ကပဲ ျဖစ္ျဖစ္ ၊ Card 2 ကေနပဲျဖစ္ျဖစ္ HD Calling မ်ားျပဳလုပ္ရင္ ေခ်ာမြတ္ေနမွာပါ။ ဒါ့အျပင္ Changlog မွာ တိုးတက္လာတဲ့ တည္ၿငိမ္မႈနဲ႔ Bug မ်ား ျပင္ဆင္မႈထားမႈမ်ားနဲ႔ အတူ သင့္ ဖုန္းရဲ႕ လံုျခံေရးဟာ တိုးတက္လာတယ္လို႔ ေဖာ္ျပထားပါတယ္။

Update ကို အိႏၵိယရဲ႕ အဓိက ၿမိဳ႕မ်ားမွာ ျဖန္႔ခ်ီေပးေနပါတယ္။ မၾကာခင္မွာ အျခား ၿမိဳ႕ငယ္မ်ားကိုပါ ျဖန္႔ခ်ီေပးမွာပါ။ OTA Notification ကို ေစာင့္ၾကည့္ရမွာပါ။ ဒါမွမဟုတ္ Settings> Software Update> Download Updates Manually မွာ စစ္ေဆးႏုိင္ပါတယ္။

unicode

Galaxy S9 နဲ့ S9+ ရဲ့ နောက်ဆုံးထုတ် Software Update မှာ Dual VoLTE/VoWiFi တို့ကို ထောက်ပံ့လာ

စမတ်ဖုန်းဈေးကွက်ဟာ ကမ္ဘာ့ အကြီးမားဆုံး Consumer Market ထဲမှ တစ်ခု ဖြစ်နေတာ မဆန်းပါဘူး။ ဆမ်ဆောင်းဟာ MWC 2018 မှာ Galaxy S9 , S9+ များကို မိတ်ဆက်ပြီး တစ်ပတ် အကြာမှာပဲ သူတို့ကို အိန္ဒိယမှာ ရောင်းချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ လများအတွင်းကလည်း အဲဒီဖုန်းများအတွက် Software Update များကို ဖြန့်ချီပေးခဲ့ပါတယ်။ အခုလည်း နောက်ဆုံးထုတ် Update မှာ စွမ်းရည်အသစ်များစွာ ထည့်သွင်းပေးလိုက်ပါတယ်။ Update ရဲ့ ဖိုင်အရွယ်အစားကတော့ 426MB ဖြစ်ပါတယ်။

Galaxy S9+ ရဲ့ Firmware Version ဟာ G965FXXU1BRE5 ( S9 ကတော့ G960FXXU1BRE5) ဖြစ်ပြီး SIM Cards ၂ ခုစလုံးအတွက် VoLTE, VoWiFi များကို ထောက်ပံ့လာပါတယ်။ အဲဒီအတွက် SIM Card 1 ကပဲ ဖြစ်ဖြစ် ၊ Card 2 ကနေပဲဖြစ်ဖြစ် HD Calling များပြုလုပ်ရင် ချောမွတ်နေမှာပါ။ ဒါ့အပြင် Changlog မှာ တိုးတက်လာတဲ့ တည်ငြိမ်မှုနဲ့ Bug များ ပြင်ဆင်မှုထားမှုများနဲ့ အတူ သင့် ဖုန်းရဲ့ လုံခြံရေးဟာ တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။

Update ကို အိန္ဒိယရဲ့ အဓိက မြို့များမှာ ဖြန့်ချီပေးနေပါတယ်။ မကြာခင်မှာ အခြား မြို့ငယ်များကိုပါ ဖြန့်ချီပေးမှာပါ။ OTA Notification ကို စောင့်ကြည့်ရမှာပါ။ ဒါမှမဟုတ် Settings> Software Update> Download Updates Manually မှာ စစ်ဆေးနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.