Dual Camera , 6” Display မ်ားပါတဲ့ Moto Z3 Play
0
1307
unicode
Dual Camera , 6” Display များပါတဲ့ Moto Z3 Play
Motorola က အရွယ်ကြီး မျက်နှာပြင်နဲ့ အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Moto Z3 Play ကို ကြေညာလိုက်ပါတယ်။ အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ ဖန်ဖြင့် ဖုံးအုပ်ထားပေမယ့် ကြိုးမဲ့ အားသွင်းစနစ်တော့ မပါပါဘူး။ သူ့မှာ ၆ လက်မ Super AMOLED Display တပ်ဆင်ထားပြီး အရည်အသွေးမှာ 1080×2160 ဖြစ်ပါတယ်။
အနောက်ဘက် 12MP+5MP Camera များက နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ဖန်တီးနိုင်ပါတယ်။ ကင်မရာများမှာ Dual Pixel Autofocus နည်းပညာပါပြီး Dual Tone LED Flash များနဲ့ တွဲဖက်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera ထည့်ပေးထားပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများကို ဖန်တီးပေးနိုင်ပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက် ဘောင်များကို ပါးလွှာအောင် ဖန်တီးထားတဲ့အတွက် လက်ဗွေရာ ဆန်ဆာကို ဘယ်ဘက်မှာ မြှပ်နှံထားပါတယ်။
Chipset ကတော့ Core ၈ လုံးပါတဲ့ Snapdragon 636 ဖြစ်ပါတယ်။ 4GB RAM ထည့်ပေးထားပါတယ်။ 32GB or 64GB Storage များ ရွေးချယ်နိုင်ပါတယ်။ Android Oreo ပါပါတယ်။ 3000mAh Battery ထည့်သွင်းထားပြီး TurboPower 15W Charging နည်းပညာပါပါတယ်။ ဘက်ထရီ သက်တမ်းက တစ်နေ့တာလုံးကောင်းကောင်း အသုံးခံပါတယ်။ ၄၉၉ ဒေါ်လာ တန်ကြေးရှိပြီး Battery Mod ပါပါရှိမှာ ဖြစ်ပါတယ်။ သူဟာ Moto Mods များအားလုံးနဲ့ တွဲဖက် သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။
Leave a Reply