XIAOMI MI 8 SE: IS THIS THE NEW FLAGSHIP KILLER?

0
1918

ၿပီးခဲ့တဲ့ရက္ပိုင္းက တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Xiaomi ဟာ Mi8 စမတ္ဖုန္းနဲ႔ အတူအားလုံးကို အံ့အားသင့္ေစမယ့္ စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္ေပးခဲ့ပါတယ္။ အဲ့ဒီဖုန္းကေတာ့ Mi8 ရဲ႕ တန္ဖိုးနည္းမိုဒယ္လို႔ သတ္မွတ္ႏုိင္တဲ့ MI 8 SE ပဲျဖစ္ပါတယ္။ ဒါ့အျပင္အဲ့ဒီဖုန္းဟာ Qualcomm ရဲ့ Snapdragon 710 SoC ကိုပထမဆုံးသုံးထားတဲ့ စမတ္ဖုန္းလည္း ျဖစ္ပါတယ္။ ဖုန္းသုံးသပ္သူ အမ်ားစုကေတာ့ MI 8 SE ကို FLAGSHIP KILLER ဖုန္းလို႔သတ္မွတ္ေနၾကတယ္။ တကယ္ေရာ MI 8 SE ဟာ FLAGSHIP KILLER ဖုန္းတစ္လုံးျဖစ္ရဲ႕လားဆိုတာကို သူ႔မွာပါဝင္တဲ့ လုပ္ေဆာင္ခ်က္ေတြကို ေလ့လာၾကည့္ရေအာင္ ….

Design

MI 8 SE မွာေတာ့ Mi 8 ရဲ႕ေစ်းသက္သာတဲ့ စမတ္ဖုန္းျဖစ္တာနဲ႔အညီ သစ္လြင္ေတာက္ပေနတဲ့ Notch ပုံစံထိပ္ဘက္ေလးနဲ႔အတူ Full-View အေတြ႕ အႀကံဳသစ္ကို ရရွိေစမွာျဖစ္ပါတယ္။ အေရွ႕ဖန္သားမ်က္ႏွာျပင္ကို ကာကြယ္ႏုိင္ေစဖို႔အတြက္ကေတာ့ စမတ္ဖုန္း၂မ်ိဳးလုံးမွာ Corning Gorilla Glass ကိုသုံးထားပါတယ္။ ဒီဇိုင္းကေတာ့ ေဒၚလာ၃၀၀ ဝန္းက်င္ဖုန္းေတြထဲမွာ အမိုက္စားပါ။

Display

MI 8 SE မွာေတာ့ 5.88 လက္မနဲ႔Super AMOLED ကိုသုံးထားၿပီး 1080 x 2244 pixels( 18.7:9) နဲ႔ျဖစ္ၿပီး အေရွ႕ဘက္မ်က္ႏွာျပင္ဟာ 81.3% အထိကိုက်ယ္ျပန္႔မွာ ျဖစ္ပါတယ္။ သူရဲ႕မ်က္ႏွာျပင္ပိုင္းမွာေတာ့ HDR10 display နဲ႔ DCI-P3 ကိုသုံးထားတာေၾကာင့္ အေရာင္ေဖာ္ျပမႈပိုင္းမွာ အတိက်ဆုံးျပသေပးႏိုင္ပါလိမ့္မယ္။

Hardware

MI 8 SE ကေတာ့ Snapdragon 710 ကိုပထမဆုံးသုံးလာတဲ့ စမတ္ဖုန္းပါ။  Snapdragon 710 မွာေတာ့ Octa-core (8×2.2 GHz Kryo 360) ကိုသုံးထားတာျဖစ္တယ္။ AI လုပ္ေဆာင္ခ်က္ပိုင္းမွေတာ့ Snapdragon 845 မွာပါတဲ့ စြမ္းေဆာင္ခ်က္ေတြနဲ႔ တူညီမွာျဖစ္ပါတယ္။ RAM ပိုင္းမွာေတာ့ ေရြးခ်ယ္ခြင့္ေတြရွိေနၿပီး6GB RAM အလုံးကိုကိုင္တာ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။

Cameras

Mi 8 SE မွာေတာ့ AI dual ကင္မရာနဲ႔ျဖစ္ၿပီး တစ္ခုမွာ 12-megapixel ဆင္ဆာနဲ႔ ေနာက္တစ္ခုကေတာ့ 5-megapixel ဆင္ဆာနဲ႔ျဖစ္ပါတယ္။ ကင္မရာရဲ႕ လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ f/1.9 aperture, Bokeh mode, Portrait mode, monochrome temp flash, HDR adjustment, panorama mode, burst mode, facial recognition, dimming technology, EIS တို႔ပါဝင္ပါတယ္။ AI ကင္မရာရဲ႕ လုပ္ေဆာင္ခ်က္ေတြက business card recognition, intelligent translation နဲ႔ intelligent exchange rate တုိ႔ကို စြမ္းေဆာင္ေပးႏုိင္ပါလိမ့္မယ္။

အေရွ႕ဘက္ Selfie ကင္မရာကေတာ့ 20-megapixel ျဖစ္ၿပီး AI background bokeh, smart beauty features အတြက္အေရွ႕ဘက္မွာ soft light, automatic HDR, 4K video ရိုက္ကူးႏုိင္မႈနဲ႔ slow motion ေတြရရွိႏုိင္စြမ္းပါ။ လက္ရွိျမင္ေတြရတဲ့ ပုံစံကေတာ့ MI 8 SE မွာထည့္သြင္းထားတဲ့ကင္မရာလုပ္ေဆာင္ခ်က္က ပိုေကာင္းေနသလို႔ပါ၊ ဘာေၾကာင့္လဲဆိုရင္ သူ႕မွာ AI ေထာက္ပံ့ခ်က္ကို အေကာင္းဆုံးပံ့ပိုးႏုိင္တဲ့ Snapdragon 710 နဲ႔ Dual-pixel နည္းပညာေပါင္းစပ္လိုက္ရင္ အေတာ္ႀကီးေကာင္းတဲ့ ပံုေတြ ထြက္ရွိလာမွာပါ။

Battery

MI 8 SE မွာေတာ့ Android 8.1 Oreo နဲ႔ MIUI 10 ကိုတပါတည္း သုံးႏုိင္ေနပါၿပီ။ ဒါဟာလည္း အားသာခ်က္တစ္ခုပါ။ ဘက္ထရီကိုေတာ့ 3120 mAh နဲ႔ Qualcomm Quick Charge 3.0 ပဲသုံးထားပါေသးတယ္။

Connectivity

ကြန္ရက္ခ်ိတ္ဆက္မႈအပိုင္းမွာေတာ့ Mi 8 series ဖုန္းျဖစ္ေနတာေၾကာင့္  dual nano-SIM ေထာက္ပ့ံေပးထားၿပီး ကတ္၂ခုလုံးဟာ VoLTE ကြန္ရက္ခ်ိတ္ဆက္မႈ ရရွိႏုိင္ပါလိမ့္မယ္။ ေထာက္ပံ့ေပးထားတဲ့  frequency bands ေတြကေတာ့:

GSM B2/3/5/8

CDMA 1X/EVDO BC0

WCDMA B1/2/5/8

TD-SCDMA B34/39

TDD-LTE B34/B38/39/40/41(100MHz)

FDD-LTE B1/3/5/7/8 တို႔ျဖစ္ၿပီး အျခားခ်ိတ္ဆက္မႈေတြအေနနဲ႔ 802.11a/b/g/n/ac WiFi, WiFi Direct, 2×2 MIMO Technology, MU-MIMO, WiFi Display နဲ႔ Bluetooth 5.0 တုိ႔ကိုသုံးႏုိင္ပါလိမ့္မယ္။

Unicode

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Xiaomi ဟာ Mi8 စမတ်ဖုန်းနဲ့ အတူအားလုံးကို အံ့အားသင့်စေမယ့် စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီဖုန်းကတော့ Mi8 ရဲ့ တန်ဖိုးနည်းမိုဒယ်လို့ သတ်မှတ်နိုင်တဲ့ MI 8 SE ပဲဖြစ်ပါတယ်။ ဒါ့အပြင်အဲ့ဒီဖုန်းဟာ Qualcomm ရဲ့ Snapdragon 710 SoC ကိုပထမဆုံးသုံးထားတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ဖုန်းသုံးသပ်သူ အများစုကတော့ MI 8 SE ကို FLAGSHIP KILLER ဖုန်းလို့သတ်မှတ်နေကြတယ်။ တကယ်ရော MI 8 SE ဟာ FLAGSHIP KILLER ဖုန်းတစ်လုံးဖြစ်ရဲ့လားဆိုတာကို သူ့မှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို လေ့လာကြည့်ရအောင် ….

Design

MI 8 SE မှာတော့ Mi 8 ရဲ့ဈေးသက်သာတဲ့ စမတ်ဖုန်းဖြစ်တာနဲ့အညီ သစ်လွင်တောက်ပနေတဲ့ Notch ပုံစံထိပ်ဘက်လေးနဲ့အတူ Full-View အတွေ့ အကြုံသစ်ကို ရရှိစေမှာဖြစ်ပါတယ်။ အရှေ့ဖန်သားမျက်နှာပြင်ကို ကာကွယ်နိုင်စေဖို့အတွက်ကတော့ စမတ်ဖုန်း၂မျိုးလုံးမှာ Corning Gorilla Glass ကိုသုံးထားပါတယ်။ ဒီဇိုင်းကတော့ ဒေါ်လာ၃၀၀ ဝန်းကျင်ဖုန်းတွေထဲမှာ အမိုက်စားပါ။

Display

MI 8 SE မှာတော့ 5.88 လက်မနဲ့Super AMOLED ကိုသုံးထားပြီး 1080 x 2244 pixels( 18.7:9) နဲ့ဖြစ်ပြီး အရှေ့ဘက်မျက်နှာပြင်ဟာ 81.3% အထိကိုကျယ်ပြန့်မှာ ဖြစ်ပါတယ်။ သူရဲ့မျက်နှာပြင်ပိုင်းမှာတော့ HDR10 display နဲ့ DCI-P3 ကိုသုံးထားတာကြောင့် အရောင်ဖော်ပြမှုပိုင်းမှာ အတိကျဆုံးပြသပေးနိုင်ပါလိမ့်မယ်။

Hardware

MI 8 SE ကတော့ Snapdragon 710 ကိုပထမဆုံးသုံးလာတဲ့ စမတ်ဖုန်းပါ။  Snapdragon 710 မှာတော့ Octa-core (8×2.2 GHz Kryo 360) ကိုသုံးထားတာဖြစ်တယ်။ AI လုပ်ဆောင်ချက်ပိုင်းမှတော့ Snapdragon 845 မှာပါတဲ့ စွမ်းဆောင်ချက်တွေနဲ့ တူညီမှာဖြစ်ပါတယ်။ RAM ပိုင်းမှာတော့ ရွေးချယ်ခွင့်တွေရှိနေပြီး6GB RAM အလုံးကိုကိုင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Cameras

Mi 8 SE မှာတော့ AI dual ကင်မရာနဲ့ဖြစ်ပြီး တစ်ခုမှာ 12-megapixel ဆင်ဆာနဲ့ နောက်တစ်ခုကတော့ 5-megapixel ဆင်ဆာနဲ့ဖြစ်ပါတယ်။ ကင်မရာရဲ့ လုပ်ဆောင်ချက်တွေအနေနဲ့ f/1.9 aperture, Bokeh mode, Portrait mode, monochrome temp flash, HDR adjustment, panorama mode, burst mode, facial recognition, dimming technology, EIS တို့ပါဝင်ပါတယ်။ AI ကင်မရာရဲ့ လုပ်ဆောင်ချက်တွေက business card recognition, intelligent translation နဲ့ intelligent exchange rate တို့ကို စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။

အရှေ့ဘက် Selfie ကင်မရာကတော့ 20-megapixel ဖြစ်ပြီး AI background bokeh, smart beauty features အတွက်အရှေ့ဘက်မှာ soft light, automatic HDR, 4K video ရိုက်ကူးနိုင်မှုနဲ့ slow motion တွေရရှိနိုင်စွမ်းပါ။ လက်ရှိမြင်တွေရတဲ့ ပုံစံကတော့ MI 8 SE မှာထည့်သွင်းထားတဲ့ကင်မရာလုပ်ဆောင်ချက်က ပိုကောင်းနေသလို့ပါ၊ ဘာကြောင့်လဲဆိုရင် သူ့မှာ AI ထောက်ပံ့ချက်ကို အကောင်းဆုံးပံ့ပိုးနိုင်တဲ့ Snapdragon 710 နဲ့ Dual-pixel နည်းပညာပေါင်းစပ်လိုက်ရင် အတော်ကြီးကောင်းတဲ့ ပုံတွေ ထွက်ရှိလာမှာပါ။

Battery

MI 8 SE မှာတော့ Android 8.1 Oreo နဲ့ MIUI 10 ကိုတပါတည်း သုံးနိုင်နေပါပြီ။ ဒါဟာလည်း အားသာချက်တစ်ခုပါ။ ဘက်ထရီကိုတော့ 3120 mAh နဲ့ Qualcomm Quick Charge 3.0 ပဲသုံးထားပါသေးတယ်။

Connectivity

ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာတော့ Mi 8 series ဖုန်းဖြစ်နေတာကြောင့်  dual nano-SIM ထောက်ပံ့ပေးထားပြီး ကတ်၂ခုလုံးဟာ VoLTE ကွန်ရက်ချိတ်ဆက်မှု ရရှိနိုင်ပါလိမ့်မယ်။ ထောက်ပံ့ပေးထားတဲ့  frequency bands တွေကတော့:

GSM B2/3/5/8

CDMA 1X/EVDO BC0

WCDMA B1/2/5/8

TD-SCDMA B34/39

TDD-LTE B34/B38/39/40/41(100MHz)

FDD-LTE B1/3/5/7/8 တို့ဖြစ်ပြီး အခြားချိတ်ဆက်မှုတွေအနေနဲ့ 802.11a/b/g/n/ac WiFi, WiFi Direct, 2×2 MIMO Technology, MU-MIMO, WiFi Display နဲ့ Bluetooth 5.0 တို့ကိုသုံးနိုင်ပါလိမ့်မယ်။

Leave a Reply