0
2075
unicode
Lenovo ရဲ့ All Screen Smartphone ဟာလိမ်ညာမှု ၁ ခုပါ
Lenovo က Z5 ကိုအရမ်းညွှန်းထားပီးနောက်မှာ အခုတော့ သူ့ကိုမိတ်ဆက်လိုက်ပါပြီ။ ကြော်ညာထားသလိုတော့မဟုတ်ပါဘူး။ သူဟာမေလကထဲက အရိပ်မြွက်ပြောကြားထားတဲ့ စွမ်းဆောင်ရည်မြင့်ဖုန်းအသစ် ၁ လုံးပါ။ မျက်နှာပြင်ရဲ့အထက်မှာ Notch ပါလာပြီး အောက်မှာလဲ ဘောင်ပါလာပါတယ်။ Teaser Images မှာလို Full Screen မဟုတ်ပဲဘောင်တွှေပါလာတာစိတ်ပျက်စရာပါ။
Lenovo ကဒီနေ့အစောပိုင်းမှာတရုတ်တွင်မိတ်ဆက်ခဲ့ပါတယ်။ Notch ဟာ iPhone X ထက်ပိုမိုသေးငယ်ပါတယ်။ သူ့မှာအလွန်ရှည်တဲ့ မျက်နှာပြင်ပါရှိပါတယ်။ ၆.၂လက်မ 19:9 IPS LCD Screen ဖြစ်ပီး 1080p Resolution ဖြစ်ပါတယ်။ သူရဲ့အနောက်ဖက်မှာ 16-Megapixel Cameras ၂လုံးနဲ့ လျင်မြန်စွာအားသွင်းနိုင်တဲ့စနစ်ပါဝင်ပါတယ်။သတင်းကောင်းကတော့သူကဈေးအလွန်သက်သာပါတယ်။ ဈေးနှုန်းအနည်းဆုံး 64GB Model ကိုဒေါ်လာ ၂၀၀(တရုတ်ယွမ် ၁၂၉၉) သတ်မှတ်ထားပါတယ်။ ဇွန်လ ၁၂ ရက်နေ့မှာစတင်ရောင်းချပေးမှာဖြစ်ပါတယ်။
ထူးခြားတာက Lenovo ရဲ့ဒုတိယဥက္ကဋ္ဌ Chang Cheng က Z5 မှာ 95 Percent Screen-to-body ratio ပါမယ်လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် Spec Sheet မှာ Ratio ဟာ 90 percent ရှိတယ်လို့ဖော်ပြထားပါတယ်။ မှတ်သားစရာကောင်းတာက အဲ့ဒီအချိူးဟာ iPhone X, Essential Phone, Galaxy S9 တို့ထက်မြင့်ပါတယ်။ အဲ့ဒီဖုန်းများမှာ 80 Percent လောက်သာပါပါတယ်။ ဒါဟာကောင်းမွန်ပါတယ်။ ဒါပေမယ့်အလွန်စွဲဆောင်မှုတော့မရှိပါဖူး။ Lenovo ကသူပြောထားတဲ့အတိုင်း နောက်ထပ်ဖုန်းအသစ် ၁ လုံးကိုဖန်တီးကောင်းဖန်တီးနေနိုင်ပါတယ်။
Leave a Reply