Lenovo ရဲ့ မျက်နှာပြင်ပြည့် Z5 phone မှာ notch ပါဝင်လာမည်
0
1537
Zawgyi Version
Unicode Version
Lenovo က Z5 ဆိုတဲ့ဖုန်းလေးအကြောင်းကို လွန်ခဲ့တဲ့အပတ်တွေကတည်းက ပုံကြမ်းလေးတွေ၊ render လေးတွေနဲ့ မြူဆွယ်နေတာကြာပါပြီ။ ဘောင်ကင်းပြီးတော့ notch မပါဝင်ခဲ့ပါဘူး။ ဘေဂျင်းမှာ ပြသလိုက်တော့ သတင်းဆိုးကို ပြောရတော့မယ်။
ဟုတ်ပါတယ်။ notch ပါနေပါတယ်။ ဘောက်မှာလည်း ဘောင်လေးနဲ့ပါ။ အရွယ်အစားက ၆.၂လက်မ 19:9 1080p screen ဖြစ်ပြီးတော့ Xiaomi Mi 8 နဲ့ iPhone X ထက်ပါးလွှာပါတယ်။ notch ကလည်း အဲဒီဖုန်းတွေထက် ကျဉ်းတယ်လို့ဆိုထားပါတယ်။ notch လေးကို ဒီနှစ်ဖုန်းတိုင်းလိုလိုမှာ တွေ့မြင်နေရပါတယ်။ Lenovo ကတော့ မျက်နှာပြင်ကိုယ်ထည်အချိုးကို ၉၀% ရှိတယ်လို့ ရေးသားထားပါတယ်။
ကြည့်လိုက်ပါဦး။ မထုတ်ပြခင်အချိန်ကနဲ့ အခုအခြေအနေတွေ ဘယ်လိုတောင် ကွာခြားသွားသလဲဆိုတာကိုပေါ့။
Teased Lenovo Z5 နဲ့ လက်တွေ့အစစ်အမှန်ကြားက ခြားနားမှုတွေကိုတွေ့မြင်ရပါပြီ။ ဘတ်ထရီကတော့ 3300mAh နဲ့
ဘယ်ကမှန်းမသိတဲ့ eight-core Qualcomm processor ၊ 16-megapixel dual ကင်မရာတွေကိုလည်း တွေ့မြင်ရမှာပါ။ 18W အားအမြန်သွင်းစနစ်ပါဝင်ပါတယ်။
အကောင်းဘက်ကကြည့်မယ်ဆိုရင်တော့ ဈေးသက်သာပါတယ်။ ဒေါ်လာ၂၀၀ ဝန်းကျင်လောက်နဲ့ 6GB RAM / 64GB storage ကို ရနိုင်ပါတယ်။ ဒေါ်လာ၂၈၀ ဆိုရင်တော့ 6GB RAM နဲ့ 128GB storage ကို ရနိုင်မှာပါ။ တရုတ်နိုင်ငံမှာတော့ ဂျွန်လ၁၂ရက်နေ့ မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အိန္ဒိယနဲ့အခြားဈေးကွက်တွေမှာ ရနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
Leave a Reply