
0
1594




unicode

Lenovo က တန်ဖိုးနည်း A5 နဲ့ K5 Note များကို ကြေညာ

လီနိုဗိုက တန်ဖိုးနည်း A5 နဲ့ K5 Note များကို ကြေညာလိုက်ပါတယ်။ ဖုန်းနှစ်လုံးထဲမှာ A5 က ဈေးပိုသက်သာပြီး ၉၄ ဒေါ်လာသာ ရှိပါတယ်။ သူ့မှာ ၅.၄၅ လက်မ HD+ Display ပါပြီး 18:9 မျက်နှာပြင်အချိုးဖြစ်ပါတယ်။ MediaTek MT6739 SoC , 3GB RAM , 16/32GB Storage များ ထည့်သွင်းထားပါတယ်။ Android 8.1 Oreo အခြေပြု ZUI 3.9 ထည့်သွင်းထားပါတယ်။

Lenovo K5 Note များကတော့ အရွယ်ကြီး တန်ဖိုးနည်း ဖုန်း ဖြစ်ပြီး လူကြိုက်များတဲ့ Note Series များ ဖြစ်ပါတယ်။ သူ့မှာ ၆ လက်မ IPS Display တပ်ဆင်ထားပြီး အရည်အသွေးမှာ 720x1440p ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ အနောက်ဘက်မှာ AI စွမ်းရည်ပါတဲ့ 16MP Camera ပါပါတယ်။ ဒါ့အပြင် Depth Sensing အတွက် 2MP Camera အပိုတစ်လုံး ထည့်ပေးထားပါတယ်။ အရှေ့ဘက်မှာ Beautification စွမ်းရည်များပါတဲ့ 8MP Camera ပါပါတယ်။

3 or 4 GB RAM နဲ့ 32 or 64GB Storage များ ရွေးချယ်နိုင်ပါတယ်။ 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ 3760mAh Battery ၊ Android 8.1 Oreo အခြေပြု ZUI 4.0 များ ထည့်သွင်းပေးထားပါတယ်။ Lenovo K5 Note ရဲ့ 3GB/32GB Model ကို ၁၂၅ ဒေါ်လာ နဲ့ 4GB/64GB Model ကို ၁၅၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply