MacOS Mojave ကုိမိတ္ဆက္လိုက္တဲ့ Apple

0
1662

Mac သုံးစြဲသူေတြအတြက္ Apple ဟာ ေနာက္ဆုံးေပၚ macOS ဗားရွင္းကို WWDC 2018 မွာမိတ္ဆက္လိုက္ပါတယ္။ Mac OS ဗားရွင္းအသစ္ကိုေတာ့ Mojave လို႔နာမည္ေပးထားၿပီး သူ႕မွာ Dark mode နဲ႔ Dynamic Desktop အျပင္ feature မ်ားစြာပါဝင္လာပါတယ္။ Dark Mode အသစ္ဟာ operating system တစ္ခုလုံးကို အနက္ေရာင္အျဖစ္ ေျပာင္းလဲေပးတဲ့အတြက္ လုံးဝအလင္းေရာင္မရွိတဲ့ အခန္းေတြထဲမွာသို႔ အလင္းေရာင္အနည္းငယ္သာ အခန္းေတြမွာ ၾကည့္႐ႈရ အဆင္ေျပေစပါတယ္။ ပိုမိုအဆင္ေျပသြားတာကေတာ့ Finder နဲ႔ Safari လိုမ်ိဳး app ေတြထဲမွာ အနက္ေရာင္ျဖစ္သြားတဲ့အခါမွာေတာ့ စာလုံးေတြကို အျဖဴနဲ႔ ေဖာ္ျပေပးမွာပါ။

Screen shot of a Mac screen featuring the new Dark Mode setting

အေကာင္းဆုံးလုပ္ေဆာင္ခ်က္လို႔ ဆိုႏုိင္တာကေတာ့  Desktop Stacks ပါ။ အရင္လို desktop ေပၚမွာ icon ေတြ ပြစာၾကဲမေနေအာင္ icon ေတြ document ေတြအကုန္လံုးကို သူသတ္မွတ္ထားတဲ့ ဒါမွမဟုတ္ user ကိုယ္တုိင္သတ္မွတ္ထားတဲ့ folder ေတြထဲကို MacOS က အလိုအေလ်ာက္ထည့္သြင္းေပးသြားမွာပါ။

MacBook showing icon layout on Apple desktop

Dynamic Desktop ကေတာ့ တစ္ရက္ေျပာင္းသြားတာနဲ႔ Mac ေပၚက wallpaper ကို အေျပာင္းအလဲ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။ ဥပမာအေနနဲ႔ မနက္ပုိင္းမွာ ေနထြက္ခ်ိန္ wallpaper ဆိုရင္ ညေနပုိင္းေရာက္ၿပီးဆိုတာနဲ႔ ညေနပိုင္းဆည္းဆာ wallpaper အျဖစ္ေျပာင္းလဲေပးသြားမွာ ျဖစ္ပါတယ္။

Image of the new Apple News desktop widget

Mac App Store ကိုလည္း ဒီဇုိင္းျပန္ျပင္ထားျပီး app ေတြရဲ႕ဗီဒီယိုေတြ recommendation ေတြ အျပင္ Office 365, Adobe Creative Cloud နဲ႔ တျခားနာမည္ၾကီးေတြပါ ပါဝင္လာမွာပါ။ လံုျခံဳေရးပိုင္းျမွင့္ဖို႔အတြက္ Safari မွာကုိယ္ရဲ႕ web မွာသံုးေနတဲ့လမ္းေၾကာင္းကို ေျခရာမခံႏုိင္ေအာင္ စျပီးေတာ့ ပိတ္ေပးေနျပီျဖစ္ျပီး  သုံးစြဲ ကိုယ္တုိင္ခြင့္ျပဳမွာသာ tracking ကိုျပန္ဖြင့္ေပးမွာပါ။ ဒါ့အျပင္ Apple ကိုယ္တိုင္ iOS apps ေတြကို MacOS မွာသံုးႏုိင္ေတာ့မယ္လို႔ အတည္ျပဳလုိက္ပါျပီ။

Unicode

Mac သုံးစွဲသူတွေအတွက် Apple ဟာ နောက်ဆုံးပေါ် macOS ဗားရှင်းကို WWDC 2018 မှာမိတ်ဆက်လိုက်ပါတယ်။ Mac OS ဗားရှင်းအသစ်ကိုတော့ Mojave လို့နာမည်ပေးထားပြီး သူ့မှာ Dark mode နဲ့ Dynamic Desktop အပြင် feature များစွာပါဝင်လာပါတယ်။ Dark Mode အသစ်ဟာ operating system တစ်ခုလုံးကို အနက်ရောင်အဖြစ် ပြောင်းလဲပေးတဲ့အတွက် လုံးဝအလင်းရောင်မရှိတဲ့ အခန်းတွေထဲမှာသို့ အလင်းရောင်အနည်းငယ်သာ အခန်းတွေမှာ ကြည့်ရှုရ အဆင်ပြေစေပါတယ်။ ပိုမိုအဆင်ပြေသွားတာကတော့ Finder နဲ့ Safari လိုမျိုး app တွေထဲမှာ အနက်ရောင်ဖြစ်သွားတဲ့အခါမှာတော့ စာလုံးတွေကို အဖြူနဲ့ ဖော်ပြပေးမှာပါ။

အကောင်းဆုံးလုပ်ဆောင်ချက်လို့ ဆိုနိုင်တာကတော့  Desktop Stacks ပါ။ အရင်လို desktop ပေါ်မှာ icon တွေ ပွစာကြဲမနေအောင် icon တွေ document တွေအကုန်လုံးကို သူသတ်မှတ်ထားတဲ့ ဒါမှမဟုတ် user ကိုယ်တိုင်သတ်မှတ်ထားတဲ့ folder တွေထဲကို MacOS က အလိုအလျောက်ထည့်သွင်းပေးသွားမှာပါ။

Dynamic Desktop ကတော့ တစ်ရက်ပြောင်းသွားတာနဲ့ Mac ပေါ်က wallpaper ကို အပြောင်းအလဲ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ မနက်ပိုင်းမှာ နေထွက်ချိန် wallpaper ဆိုရင် ညနေပိုင်းရောက်ပြီးဆိုတာနဲ့ ညနေပိုင်းဆည်းဆာ wallpaper အဖြစ်ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။

Mac App Store ကိုလည်း ဒီဇိုင်းပြန်ပြင်ထားပြီး app တွေရဲ့ဗီဒီယိုတွေ recommendation တွေ အပြင် Office 365, Adobe Creative Cloud နဲ့ တခြားနာမည်ကြီးတွေပါ ပါဝင်လာမှာပါ။ လုံခြုံရေးပိုင်းမြှင့်ဖို့အတွက် Safari မှာကိုယ်ရဲ့ web မှာသုံးနေတဲ့လမ်းကြောင်းကို ခြေရာမခံနိုင်အောင် စပြီးတော့ ပိတ်ပေးနေပြီဖြစ်ပြီး  သုံးစွဲ ကိုယ်တိုင်ခွင့်ပြုမှာသာ tracking ကိုပြန်ဖွင့်ပေးမှာပါ။ ဒါ့အပြင် Apple ကိုယ်တိုင် iOS apps တွေကို MacOS မှာသုံးနိုင်တော့မယ်လို့ အတည်ပြုလိုက်ပါပြီ။

Leave a Reply