Pop-Up ကင္မရာပါဝင္ဖုိ႔ ေသခ်ာသြားၿပီျဖစ္တဲ့ VIVO NEX

0
1529

ဇြန္လ၁ရက္ေန႔က တရုတ္စမတ္ဖုန္းထုတ္လုပ္သူျဖစ္တဲ့ Vivo ဟာသူတို႔ရဲ႕ စမတ္ဖုန္းသစ္ျဖစ္တဲ့  VIVO NEX ကိုဇြန္၁၂ရက္ေန႔မွာ မိတ္ဆက္သြားမယ္လို႔ တရားဝင္ေၾကျငာခဲ့ပါတယ္။ ဒီေန႔မွာေတာ့  VIVO NEX နဲ႔ပတ္သတ္တဲ့ပိုစတာေလးတစ္ခု ထြက္လာခဲ့ပါတယ္။ ထြက္ရွိလာတဲ့ ပိုစတာေလးမွာေတာ့  VIVO NEX ရဲ႕ထိပ္ဘက္အေပၚနားေလးမွာ အဝိုင္းပတ္ၿပီး လည္ေနတဲ့ ၿဂိဳဟ္ပုံစံေလးနဲ႔အတူ Pop-Up ဒီဇုိင္းေလးကိုေတြ႕ရမွာျဖစ္ပါတယ္။ Pop-Up ရဲ႕အႀကိမ္ေရဘယ္ေလာက္ထိ ခံႏုိင္စြမ္းရွိမလဲဆိုတာနဲ႔ ပတ္သတ္လုိ႔မသိရွိရေသးေပမယ့္ ကင္မရာရိုက္ကူးၿပီးလို႔ သင့္အသုံးမျပဳေတာ့ဘူးဆိုတာနဲ႔ 0.8 စကၠန္႔အတြင္း အလိုအေလ်ာက္အထဲကို ျပန္ဝင္သြားမွာ ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာအတြက္ pop-up ကိုထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။

ivo NEX ရဲ႕မ်က္ႏွာျပင္ပိုင္းအတြက္ OLED display နဲ႔အတူ Full HD+ resolution ေဖာ္ျပႏုိင္စြမ္းေပးထားမွာပါ။ ပရိုဆက္ဆာပိုင္းအတြက္ Snapdragon 845 အသံုးျပဳလာပါမယ္။ Snapdragon 710 ပရိုဆက္ဆာသုံးလာမယ့္ ေစ်းသက္သာတဲ့ NEX ဖုန္းလည္းထြက္ရွိလာမယ္လို႔ သိရပါတယ္။ Snapdragon 710 သုံးထားတဲ့ဖုန္းမွာ ကင္မရာပိုင္းကိုလည္း ေလ်ာ့ခ်ထားမွာ ျဖစ္ပါတယ္။

ဖုန္းဟာ ေဘးေဘာင္ေတြ လုံးဝမပါေတာ့ သေလာက္ျဖစ္သြားၿပီး screen ဟာကိုယ္ထည္တစ္ခုလုံးရဲ႕ 100% အျပည့္ျမင္ကြင္းေဖာ္ျပႏုိင္စြမ္းနဲ႔ လာမွာျဖစ္ပါတယ္။ ဒ့ါအျပင္ display ရဲ႕ေအာက္ဘက္မွာ fingerprint scanner ကိုျမဳပ္ႏွံထားေပးအုံးမွာ ျဖစ္ပါတယ္။ ၁၀၀ ရာခိုင္ႏႈန္းနီးပါး ႐ုပ္ထြက္ေပးႏုိင္ ေအာင္ ေရွ႕ကင္မရာကုိ ဖုန္းထိပ္ကေန Pop-up ဒီဇုိင္းႏွင့္ ဖန္တီးထားၿပီး ဖုန္းေခၚဆိုမႈ စပီကာမထည့္သြင္းဘဲ Mi Mix လုိပဲ လွ်ပ္စစ္အသံလိႈင္းႏွင့္ ဖန္တီးထားပါတယ္။ Snapdragon 845 သုံးထားတဲ့အျမင့္ဗားရွင္း vivo NEX ကိုေတာ့ ေဒၚလာ1000 နီးပါးနဲ႔ေရာင္းခ်ႏိုင္ၿပီး Snapdragon 710 သုံးထားမယ့္ဖုန္းကိုေတာ့ ေဒၚလာ 780 ဝန္းက်င္နဲ႔ ေရာင္းခ်လာမွာ ျဖစ္ပါတယ္။

Unicode

ဇွန်လ၁ရက်နေ့က တရုတ်စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Vivo ဟာသူတို့ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့  VIVO NEX ကိုဇွန်၁၂ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ်။ ဒီနေ့မှာတော့  VIVO NEX နဲ့ပတ်သတ်တဲ့ပိုစတာလေးတစ်ခု ထွက်လာခဲ့ပါတယ်။ ထွက်ရှိလာတဲ့ ပိုစတာလေးမှာတော့  VIVO NEX ရဲ့ထိပ်ဘက်အပေါ်နားလေးမှာ အဝိုင်းပတ်ပြီး လည်နေတဲ့ ဂြိုဟ်ပုံစံလေးနဲ့အတူ Pop-Up ဒီဇိုင်းလေးကိုတွေ့ရမှာဖြစ်ပါတယ်။ Pop-Up ရဲ့အကြိမ်ရေဘယ်လောက်ထိ ခံနိုင်စွမ်းရှိမလဲဆိုတာနဲ့ ပတ်သတ်လို့မသိရှိရသေးပေမယ့် ကင်မရာရိုက်ကူးပြီးလို့ သင့်အသုံးမပြုတော့ဘူးဆိုတာနဲ့ 0.8 စက္ကန့်အတွင်း အလိုအလျောက်အထဲကို ပြန်ဝင်သွားမှာ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာအတွက် pop-up ကိုထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

ivo NEX ရဲ့မျက်နှာပြင်ပိုင်းအတွက် OLED display နဲ့အတူ Full HD+ resolution ဖော်ပြနိုင်စွမ်းပေးထားမှာပါ။ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 845 အသုံးပြုလာပါမယ်။ Snapdragon 710 ပရိုဆက်ဆာသုံးလာမယ့် ဈေးသက်သာတဲ့ NEX ဖုန်းလည်းထွက်ရှိလာမယ်လို့ သိရပါတယ်။ Snapdragon 710 သုံးထားတဲ့ဖုန်းမှာ ကင်မရာပိုင်းကိုလည်း လျော့ချထားမှာ ဖြစ်ပါတယ်။

ဖုန်းဟာ ဘေးဘောင်တွေ လုံးဝမပါတော့ သလောက်ဖြစ်သွားပြီး screen ဟာကိုယ်ထည်တစ်ခုလုံးရဲ့ 100% အပြည့်မြင်ကွင်းဖော်ပြနိုင်စွမ်းနဲ့ လာမှာဖြစ်ပါတယ်။ ဒ့ါအပြင် display ရဲ့အောက်ဘက်မှာ fingerprint scanner ကိုမြုပ်နှံထားပေးအုံးမှာ ဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်းနီးပါး ရုပ်ထွက်ပေးနိုင် အောင် ရှေ့ကင်မရာကို ဖုန်းထိပ်ကနေ Pop-up ဒီဇိုင်းနှင့် ဖန်တီးထားပြီး ဖုန်းခေါ်ဆိုမှု စပီကာမထည့်သွင်းဘဲ Mi Mix လိုပဲ လျှပ်စစ်အသံလှိုင်းနှင့် ဖန်တီးထားပါတယ်။ Snapdragon 845 သုံးထားတဲ့အမြင့်ဗားရှင်း vivo NEX ကိုတော့ ဒေါ်လာ1000 နီးပါးနဲ့ရောင်းချနိုင်ပြီး Snapdragon 710 သုံးထားမယ့်ဖုန်းကိုတော့ ဒေါ်လာ 780 ဝန်းကျင်နဲ့ ရောင်းချလာမှာ ဖြစ်ပါတယ်။

Leave a Reply