Samsung က Galaxy S10 မွာ အေနာက္ကင္မရာ သံုးလံုး ထည့္သြင္းမလား?

0
1455

Samsung က လာမယ့္ႏွစ္မွာ မိတ္ဆက္မယ့္ Galaxy S10 Series မ်ားမွ အနည္းဆံုး ေမာ္ဒယ္တစ္ခုမွာ အေနာက္ကင္မရာသံုးလံုး ထည့္သြင္းဖုိ႔ စဥ္းစားေနတယ္လို႔ KB Securities ရဲ႕ ခြဲျခမ္းစိတ္ျဖာသူ Kim Dong-Won က ေျပာပါတယ္။ သူက Galaxy S9 Series မ်ားဟာ Galaxy S8 Series မ်ားထက္ မ်ားစြာ တိုးတက္မႈ မရွိတာေၾကာင့္ ေရာင္းအားဟာ ထင္ထားတာထက္ နည္းပါးေနတယ္လို႔လည္း ေျပာပါတယ္။

Galaxy S10 မွာ အေနာက္ကင္မရာသံုးလံုး ထည့္သြင္းေပးျခင္းအားျဖင့္ ထူးျခားတိုးတက္လာမွာ ျဖစ္တဲ့အတြက္ ဆမ္ေဆာင္းက ဒီလို ျပဳလုပ္ခ်င္ေနတာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းဟာ သူ႔ရဲ႕ ေနာက္ထုတ္မယ့္ Phablets မ်ားမွာ Apple iPhone X ရဲ႕ အေရွ႕ကင္မရာလို 3D Camera မ်ားထည့္သြင္းေပးဖို႔လည္း စဥ္းစားေနပါတယ္။

အေသးစိတ္ပံုရိပ္မ်ားကို ဖမ္းယူေပးႏုိင္တဲ့ ကင္မရာ အတြဲအစပ္မ်ားဟာ ဆမ္ေဆာင္းရဲ႕ အဓိက အာရံုစိုက္မႈတစ္ခု ျဖစ္ေနပါတယ္။ အတြင္းသတင္းမ်ားအရ ဆမ္ေဆာင္းဟာ Galaxy S10 နဲ႔ Galaxy S10 Plus မ်ားမွာ အဲဒီလို ကင္မရာ အတြဲအစပ္မ်ား ထည့္သြင္းထားမယ္လို႔ ဆိုပါတယ္။ ဆမ္ေဆာင္းဟာ Galaxy S10 Series မ်ားမွာ 3D Camera မ်ား ထည့္သြင္းဖို႔အတြက္ အစၥေရး အေျခစိုက္ Mantis Vision Company နဲ႔ ပူးေပါင္းေနပါတယ္။

Display Notch မပါဘဲ အဲဒီ ကင္မရာမ်ားကို ထည့္သြင္းမယ္လို႔ ထင္ရပါတယ္။ ကင္မရာသံုးလံုးတပ္စနစ္ကို Huawei P20 Pro မွာ တပ္ဆင္ထားၿပီး DxOMark ရဲ႕ စမ္းသပ္မႈမွာ ကမာၻ႕ အေကာင္းဆံုး ဖုန္း ကင္မရာအျဖစ္ စာရင္း၀င္ေနပါတယ္။

unicode

Samsung က Galaxy S10 မှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းမလား?

Samsung က လာမယ့်နှစ်မှာ မိတ်ဆက်မယ့် Galaxy S10 Series များမှ အနည်းဆုံး မော်ဒယ်တစ်ခုမှာ အနောက်ကင်မရာသုံးလုံး ထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ KB Securities ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Kim Dong-Won က ပြောပါတယ်။ သူက Galaxy S9 Series များဟာ Galaxy S8 Series များထက် များစွာ တိုးတက်မှု မရှိတာကြောင့် ရောင်းအားဟာ ထင်ထားတာထက် နည်းပါးနေတယ်လို့လည်း ပြောပါတယ်။

Galaxy S10 မှာ အနောက်ကင်မရာသုံးလုံး ထည့်သွင်းပေးခြင်းအားဖြင့် ထူးခြားတိုးတက်လာမှာ ဖြစ်တဲ့အတွက် ဆမ်ဆောင်းက ဒီလို ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်။ ဆမ်ဆောင်းဟာ သူ့ရဲ့ နောက်ထုတ်မယ့် Phablets များမှာ Apple iPhone X ရဲ့ အရှေ့ကင်မရာလို 3D Camera များထည့်သွင်းပေးဖို့လည်း စဉ်းစားနေပါတယ်။

အသေးစိတ်ပုံရိပ်များကို ဖမ်းယူပေးနိုင်တဲ့ ကင်မရာ အတွဲအစပ်များဟာ ဆမ်ဆောင်းရဲ့ အဓိက အာရုံစိုက်မှုတစ်ခု ဖြစ်နေပါတယ်။ အတွင်းသတင်းများအရ ဆမ်ဆောင်းဟာ Galaxy S10 နဲ့ Galaxy S10 Plus များမှာ အဲဒီလို ကင်မရာ အတွဲအစပ်များ ထည့်သွင်းထားမယ်လို့ ဆိုပါတယ်။ ဆမ်ဆောင်းဟာ Galaxy S10 Series များမှာ 3D Camera များ ထည့်သွင်းဖို့အတွက် အစ္စရေး အခြေစိုက် Mantis Vision Company နဲ့ ပူးပေါင်းနေပါတယ်။

Display Notch မပါဘဲ အဲဒီ ကင်မရာများကို ထည့်သွင်းမယ်လို့ ထင်ရပါတယ်။ ကင်မရာသုံးလုံးတပ်စနစ်ကို Huawei P20 Pro မှာ တပ်ဆင်ထားပြီး DxOMark ရဲ့ စမ်းသပ်မှုမှာ ကမ္ဘာ့ အကောင်းဆုံး ဖုန်း ကင်မရာအဖြစ် စာရင်းဝင်နေပါတယ်။

Leave a Reply