Notch ပါတဲ့ Xiaomi Mi A2 Lite ထြက္လာမလား ?

0
1608

Xiaomi က အိႏၵိယမွာ Mi A2 ကို Mi 6X အမည္ျဖင့္ ေရာင္းခ်ေပးလိုက္ပါတယ္။ Mi A1 ကိုလည္း Mi 5X အမည္ျဖင့္ ေရာင္းေပးခဲ့ဖူးပါတယ္။ Mi A1 ဟာ ေရွာင္မီရဲ႕ ပထမဆံုး Android One Smartphone ျဖစ္ပါတယ္။ အခုေတာ့ Mi A2 Lite ရဲ႕ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာပါတယ္။ သူ႔ကို စင္ကာပူ Certification Site တစ္ခုမွာ စာရင္းတင္ထားၿပီး စင္ကာပူမွာ ေရာင္းခ်ဖို႔ ေသခ်ာေနပါတယ္။

မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္မ်ားအရ Mi A2 Lite မွာ Display Notch ထည့္သြင္းထားၿပီး အေနာက္ဘက္မွာ ကင္မရာႏွစ္လံုးကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာလည္း ပါပါတယ္။ သတၱဳကိုယ္ထည္ျဖင့္ တည္ေဆာက္ထားပါတယ္။

Mi A2 Lite မွာ Android 8.1 Oreo ထည့္သြင္းထားပါတယ္။ Android One Smartphone ျဖစ္မလားဆိုတာကိုေတာ့ မသိရေသးပါဘူး။ သူ႔မွာ ၅.၈၄ လက္မ Full HD+ Display ထည့္သြင္းထားပါတယ္။ 2GHz Octa-Core Processor ထည့္သြင္းထားၿပီး RAM အတြက္ေတာ့ 2GB , 3GB , 4GB မ်ား ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။

Storage အပိုင္းမွာလည္း 16GB, 32GB , 64GB မ်ား ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အေနာက္ကင္မရာ တစ္လံုးကေတာ့ 12MP ျဖစ္ၿပီး ေနာက္တစ္လံုးကိုေတာ့ မသိရေသးပါဘူး။ အေရွ႕ဘက္မွာ 5MP Camera တစ္လံုး ပါပါတယ္။ ဘက္ထရီမွာ 3900mAh ျဖစ္ပါတယ္။ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ကို မသိရေသးေပမယ့္ မၾကာခင္မွာ ေရာင္းခ်ေတာ့မယ္လို႔ ထင္ရပါတယ္။

unicode

Notch ပါတဲ့ Xiaomi Mi A2 Lite ထွက်လာမလား ?

Xiaomi က အိန္ဒိယမှာ Mi A2 ကို Mi 6X အမည်ဖြင့် ရောင်းချပေးလိုက်ပါတယ်။ Mi A1 ကိုလည်း Mi 5X အမည်ဖြင့် ရောင်းပေးခဲ့ဖူးပါတယ်။ Mi A1 ဟာ ရှောင်မီရဲ့ ပထမဆုံး Android One Smartphone ဖြစ်ပါတယ်။ အခုတော့ Mi A2 Lite ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ သူ့ကို စင်ကာပူ Certification Site တစ်ခုမှာ စာရင်းတင်ထားပြီး စင်ကာပူမှာ ရောင်းချဖို့ သေချာနေပါတယ်။

မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များအရ Mi A2 Lite မှာ Display Notch ထည့်သွင်းထားပြီး အနောက်ဘက်မှာ ကင်မရာနှစ်လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာလည်း ပါပါတယ်။ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။

Mi A2 Lite မှာ Android 8.1 Oreo ထည့်သွင်းထားပါတယ်။ Android One Smartphone ဖြစ်မလားဆိုတာကိုတော့ မသိရသေးပါဘူး။ သူ့မှာ ၅.၈၄ လက်မ Full HD+ Display ထည့်သွင်းထားပါတယ်။ 2GHz Octa-Core Processor ထည့်သွင်းထားပြီး RAM အတွက်တော့ 2GB , 3GB , 4GB များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Storage အပိုင်းမှာလည်း 16GB, 32GB , 64GB များ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အနောက်ကင်မရာ တစ်လုံးကတော့ 12MP ဖြစ်ပြီး နောက်တစ်လုံးကိုတော့ မသိရသေးပါဘူး။ အရှေ့ဘက်မှာ 5MP Camera တစ်လုံး ပါပါတယ်။ ဘက်ထရီမှာ 3900mAh ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပေမယ့် မကြာခင်မှာ ရောင်းချတော့မယ်လို့ ထင်ရပါတယ်။

Leave a Reply