Notch Screen နဲ႔ထြက္လာမယ့္ Google Pixel 3 XL ပုံရိပ္မ်ားေပါက္ၾကား

0
1498

2018 ခုႏွစ္ဟာ ထိပ္ဘက္မွာ notch ပါဝင္တဲ့ စမတ္ဖုန္းေတြရဲ႕ ႏွစ္လို႔ဆိုရင္ မွားမယ္မထင္ပါဘူး။ အခုဆိုရင္ ထြက္သမွ်စမတ္ဖုန္းတိုင္းဟာ notch ေတြပါဝင္လာခဲ့တယ္။ Huawei, Xiaomi, OPPO, VIVO နဲ႔စမတ္ဖုန္း ထုတ္လုပ္သူအမ်ားစုဟာ သူတို႔ဖုန္းေတြရဲ႕ ထိပ္ဘက္မွာ notch ေတြကို မူကြဲေလးေတြနဲ႔ တပ္ဆင္လာၾကပါတယ္။ Notch ဒီဇုိင္းရဲ႕ ဦးေဆာင္သူကေတာ့ Apple လို႔ဆိုႏိုင္ပါတယ္။ သူ႕ထက္ဦးတဲ့ Android စမတ္ဖုန္း တစ္မ်ိဳးရွိခဲ့ေပမယ့္ စမတ္ဖုန္းထုတ္လုပ္သူအမ်ားစုဟာ Apple ရဲ႕ဒီဇုိင္းကိုသာ ပုံစံတူ တုပလာၾကလို႔ပါ။

ဒီေန႔မွာလည္း ေနာက္ထပ္ Notch ဒီဇုိင္းအသုံးျပဳလာမယ့္ ဖုန္းေမာ္ဒယ္တစ္ခုရဲ႕ သတင္းေတြ ထြက္လာခဲ့ပါတယ္။ သူကေတာ့ Google ကေနထုတ္လုပ္မယ့္ Pixels series ဖုန္းေတြျဖစ္ၿပီး Pixel 3 နဲ႔ Pixel 3 XL ဖုန္းေတြအေၾကာင္းပါ။Google ရဲ႕အသစ္ထြက္စမတ္ဖုန္း ၂လုံးရဲ႕ ဓာတ္ပုံအၾကမ္းထြက္လာခဲ့ၿပီး ေရွ႕ဘက္မ်က္ႏွာျပင္ပုံစံကိုသာ ျမင္ရပါတယ္။ ပုံမွာေတာ့ 5.3 လက္မရွိမယ့္ Google Pixel 3 နဲ႔ 6.2 လက္မရွိမယ့္ Pixel 3 XL တို႕ရဲ႕ screen ပုံၾကမ္းေတြကို ျပသထားတာ ျဖစ္ပါတယ္။ ဖုန္း၂မ်ိဳးထဲမွာေတာ့ Pixel 3 XL မွာ ထပ္ဘက္မွာ notch ကိုသံုးထားမွာ ျဖစ္ပါတယ္။ Pixel 3 ကိုေတာ့ ပုံမွန္ Full-View နဲ႔သာထုတ္ထားပါတယ္။

စမတ္ဖုန္းသစ္ေတြမွာ Snapdragon 845 Octa core ပရိုဆက္ဆာကို သုံးထားႏုိင္ၿပီး LPDDR4X, UFS တို႔ေထာက္ပံ့ႏုိင္ပါတယ္။ OS ပိုင္းမွာေတာ့ Android P ကိုတစ္ပါတည္းပါဝင္လာဖို႔ ေသခ်ာလ်က္ရွိေနပါတယ္။ Google Pixel 3 နဲ႔  Pixel 3 XL ယခုႏွစ္ေအာက္တိုဘာလ ေလာက္မွာထုတ္ေဖာ္ မိတ္ဆက္ႏိုင္ပါတယ္။ Google အေနနဲ႔ mid-range အမ်ိဳးအစား Pixel စီးရီးစမတ္ဖုန္းကို ထုတ္ဖုိ႔ျပင္ဆင္လ်က္ရွိေနၿပီး အဲ့ဒီဖုန္းမွာ  Snapdragon 710 ပရိုဆက္ဆာကို အသုံးျပဳလာမယ္လို႔ သိရပါတယ္။

Unicode

2018 ခုနှစ်ဟာ ထိပ်ဘက်မှာ notch ပါဝင်တဲ့ စမတ်ဖုန်းတွေရဲ့ နှစ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ အခုဆိုရင် ထွက်သမျှစမတ်ဖုန်းတိုင်းဟာ notch တွေပါဝင်လာခဲ့တယ်။ Huawei, Xiaomi, OPPO, VIVO နဲ့စမတ်ဖုန်း ထုတ်လုပ်သူအများစုဟာ သူတို့ဖုန်းတွေရဲ့ ထိပ်ဘက်မှာ notch တွေကို မူကွဲလေးတွေနဲ့ တပ်ဆင်လာကြပါတယ်။ Notch ဒီဇိုင်းရဲ့ ဦးဆောင်သူကတော့ Apple လို့ဆိုနိုင်ပါတယ်။ သူ့ထက်ဦးတဲ့ Android စမတ်ဖုန်း တစ်မျိုးရှိခဲ့ပေမယ့် စမတ်ဖုန်းထုတ်လုပ်သူအများစုဟာ Apple ရဲ့ဒီဇိုင်းကိုသာ ပုံစံတူ တုပလာကြလို့ပါ။

ဒီနေ့မှာလည်း နောက်ထပ် Notch ဒီဇိုင်းအသုံးပြုလာမယ့် ဖုန်းမော်ဒယ်တစ်ခုရဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ သူကတော့ Google ကနေထုတ်လုပ်မယ့် Pixels series ဖုန်းတွေဖြစ်ပြီး Pixel 3 နဲ့ Pixel 3 XL ဖုန်းတွေအကြောင်းပါ။Google ရဲ့အသစ်ထွက်စမတ်ဖုန်း ၂လုံးရဲ့ ဓာတ်ပုံအကြမ်းထွက်လာခဲ့ပြီး ရှေ့ဘက်မျက်နှာပြင်ပုံစံကိုသာ မြင်ရပါတယ်။ ပုံမှာတော့ 5.3 လက်မရှိမယ့် Google Pixel 3 နဲ့ 6.2 လက်မရှိမယ့် Pixel 3 XL တို့ရဲ့ screen ပုံကြမ်းတွေကို ပြသထားတာ ဖြစ်ပါတယ်။ ဖုန်း၂မျိုးထဲမှာတော့ Pixel 3 XL မှာ ထပ်ဘက်မှာ notch ကိုသုံးထားမှာ ဖြစ်ပါတယ်။ Pixel 3 ကိုတော့ ပုံမှန် Full-View နဲ့သာထုတ်ထားပါတယ်။

စမတ်ဖုန်းသစ်တွေမှာ Snapdragon 845 Octa core ပရိုဆက်ဆာကို သုံးထားနိုင်ပြီး LPDDR4X, UFS တို့ထောက်ပံ့နိုင်ပါတယ်။ OS ပိုင်းမှာတော့ Android P ကိုတစ်ပါတည်းပါဝင်လာဖို့ သေချာလျက်ရှိနေပါတယ်။ Google Pixel 3 နဲ့  Pixel 3 XL ယခုနှစ်အောက်တိုဘာလ လောက်မှာထုတ်ဖော် မိတ်ဆက်နိုင်ပါတယ်။ Google အနေနဲ့ mid-range အမျိုးအစား Pixel စီးရီးစမတ်ဖုန်းကို ထုတ်ဖို့ပြင်ဆင်လျက်ရှိနေပြီး အဲ့ဒီဖုန်းမှာ  Snapdragon 710 ပရိုဆက်ဆာကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Leave a Reply