Galaxy S9 Plus ရဲ႕ ကင္မရာထက္ ပိုေကာင္းမယ့္ Galaxy Note 9

0
1608

Bloomberg က Samsung နဲ႔ နီးစပ္တဲ့ အသိုင္းအ၀ိုင္းက Galaxy Note 9 ရဲ႕ ကင္မရာဟာ Galaxy S9 Plus ထက္ေတာင္ အဆင့္ျမင့္မယ္လို႔ ေျပာၾကား ေဖာ္ျပထားပါတယ္။ Galaxy S9 Plus ဟာ ကင္မရာ အေကာင္းဆံုး စမတ္ဖုန္းမ်ားထဲမွ တစ္လံုးျဖစ္ပါတယ္။ ယခင္ႏွစ္ထုတ္ Galaxy Note 8 မွာ ကင္မရာ ႏွစ္လံုးတပ္စနစ္ကို ဆမ္ေဆာင္းက စတင္ ထည့္သြင္းခဲ့ပါတယ္။ ယခုႏွစ္ထုတ္ Galaxy S9 Plus မွာလည္း ကင္မရာ ႏွစ္လံုးတပ္စနစ္ကိုပဲ သံုးထားပါတယ္။

Bloomberg ရဲ႕ သတင္းအရ Samsung Galaxy Note 9 ကို ၾသဂုတ္လမွာ မိတ္ဆက္ႏုိင္တယ္လို႔ သိရပါတယ္။ အတိအက်အားျဖင့္ ၾသဂုတ္လ ၉ ရက္ေန႔လို႔ ေဖာ္ျပထားပါတယ္။ Note 9 ဟာ ဒစ္ဂ်စ္တယ္ ေဘာပင္ပါတဲ့ ဆမ္ေဆာင္းရဲ႕ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္း ျဖစ္ပါတယ္။ အိုင္ဖုန္းအသစ္မ်ားကို စက္တင္ဘာလေလာက္မွာ ေၾကညာမွာ ျဖစ္တဲ့အတြက္ Note 9 နဲ႔ ထိပ္တိုက္ေတြ႕ၾကမွာ ျဖစ္ပါတယ္။

ယခင္ေပါက္ၾကားထြက္ေပၚခဲ့ဖူးတဲ့ သတင္းမ်ားအရ Note 9 မွာ အရြယ္ႀကီး ၆.၄ လက္မ မ်က္ႏွာျပင္ တပ္ဆင္ထားမွာပါ။ အဲဒီအတြက္ Note 8 ထက္ မ်က္ႏွာျပင္မွာ အနည္းငယ္ ပိုမိုႀကီးမားလာပါတယ္။ Aspect Ratio ကေတာ့ တူညီမယ္လို႔ သိရပါတယ္။ Note 9 န ဲ႔ S9+ ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားဟာ သိပ္မကြာေတာ့ပါဘူး။

ဘက္ထရီ အပိုင္းမွာလည္း Note 9 ဟာ Note 8 ထက္ ပိုမို ႀကီးမားလာမယ္လို႔ သိရပါတယ္။ Note 8 မွာ 3300mAh Battery ထည့္သြင္းေပးထားၿပီး Note 9 မွာ 3850mAh ကေန 4000mAh Battery အထိ အဆင့္ျမွင့္ထားေပးႏုိင္ပါတယ္။ Snapdragon 845 ပါတဲ့ Note 9 ရဲ႕ သတင္းအလက္မ်ားဟာ ဖုန္းမ်ားရဲ႕ စြမ္းေဆာင္ရည္ကို စမ္းသပ္တဲ့ Geekbench ၀က္ဆိုက္ကေန ယခင္က ေပၚထြက္ခဲ့ဖူးပါတယ္။

KGI Securities မွ ခြဲျခမ္းစိ္တ္ျဖာသူ တစ္ဦးက မ်က္ႏွာျပင္ေအာက္ လက္ေဗြရာအာရံုခံ ကိရိယာ ျမွပ္ႏွံတဲ့ နည္းပညာကို Samsung Galaxy Note 9 မွာ ပါမယ္လို႔လည္း ခန္႔မွန္းထားဖူးပါတယ္။ သူ႔မွာ iPhone X မွာလို အဆင့္ျမင့္ မ်က္ႏွာ အာရံုခံ နည္းပညာပါလာမလားဆိုတာ မသိရေသးပါဘူး။

Samsung က ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္ Bixby ကို သူ႔ရဲ႕ စမတ္ဖုန္းမ်ားမွာ ထည့္သြင္းေပးထားပါတယ္။ Bixby Version 2.0 ကို Galaxy Note 9 မွာ ထည့္သြင္းေပးမယ္လို႔ အတည္ျပဳထားပါတယ္။ ဗားရွင္း အသစ္မွာ ဗားရွင္း အေဟာင္းထက္ လူေတြရဲ႕ ဘာသာစကားကို ပိုမိုနားလည္လာမွာျဖစ္ၿပီး လုပ္ေဆာင္ခ်က္မ်ား ပိုမ်ားလာပါတယ္။ တုန္႔ျပန္မႈလည္း ပိုျမန္လာၿပီး အသံဆူညံတဲ့ ေနရာမ်ားမွာေတာင္ သခင္ေျပာတာကို နားလည္ပါတယ္။

unicode

Galaxy S9 Plus ရဲ့ ကင်မရာထက် ပိုကောင်းမယ့် Galaxy Note 9

Bloomberg က Samsung နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက Galaxy Note 9 ရဲ့ ကင်မရာဟာ Galaxy S9 Plus ထက်တောင် အဆင့်မြင့်မယ်လို့ ပြောကြား ဖော်ပြထားပါတယ်။ Galaxy S9 Plus ဟာ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းများထဲမှ တစ်လုံးဖြစ်ပါတယ်။ ယခင်နှစ်ထုတ် Galaxy Note 8 မှာ ကင်မရာ နှစ်လုံးတပ်စနစ်ကို ဆမ်ဆောင်းက စတင် ထည့်သွင်းခဲ့ပါတယ်။ ယခုနှစ်ထုတ် Galaxy S9 Plus မှာလည်း ကင်မရာ နှစ်လုံးတပ်စနစ်ကိုပဲ သုံးထားပါတယ်။

Bloomberg ရဲ့ သတင်းအရ Samsung Galaxy Note 9 ကို သြဂုတ်လမှာ မိတ်ဆက်နိုင်တယ်လို့ သိရပါတယ်။ အတိအကျအားဖြင့် သြဂုတ်လ ၉ ရက်နေ့လို့ ဖော်ပြထားပါတယ်။ Note 9 ဟာ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ ဆမ်ဆောင်းရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပါတယ်။ အိုင်ဖုန်းအသစ်များကို စက်တင်ဘာလလောက်မှာ ကြေညာမှာ ဖြစ်တဲ့အတွက် Note 9 နဲ့ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

ယခင်ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ Note 9 မှာ အရွယ်ကြီး ၆.၄ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာပါ။ အဲဒီအတွက် Note 8 ထက် မျက်နှာပြင်မှာ အနည်းငယ် ပိုမိုကြီးမားလာပါတယ်။ Aspect Ratio ကတော့ တူညီမယ်လို့ သိရပါတယ်။ Note 9 န ဲ့ S9+ ရဲ့ မျက်နှာပြင် အရွယ်အစားဟာ သိပ်မကွာတော့ပါဘူး။

ဘက်ထရီ အပိုင်းမှာလည်း Note 9 ဟာ Note 8 ထက် ပိုမို ကြီးမားလာမယ်လို့ သိရပါတယ်။ Note 8 မှာ 3300mAh Battery ထည့်သွင်းပေးထားပြီး Note 9 မှာ 3850mAh ကနေ 4000mAh Battery အထိ အဆင့်မြှင့်ထားပေးနိုင်ပါတယ်။ Snapdragon 845 ပါတဲ့ Note 9 ရဲ့ သတင်းအလက်များဟာ ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ Geekbench ဝက်ဆိုက်ကနေ ယခင်က ပေါ်ထွက်ခဲ့ဖူးပါတယ်။

KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ တစ်ဦးက မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံတဲ့ နည်းပညာကို Samsung Galaxy Note 9 မှာ ပါမယ်လို့လည်း ခန့်မှန်းထားဖူးပါတယ်။ သူ့မှာ iPhone X မှာလို အဆင့်မြင့် မျက်နှာ အာရုံခံ နည်းပညာပါလာမလားဆိုတာ မသိရသေးပါဘူး။

Samsung က ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Bixby ကို သူ့ရဲ့ စမတ်ဖုန်းများမှာ ထည့်သွင်းပေးထားပါတယ်။ Bixby Version 2.0 ကို Galaxy Note 9 မှာ ထည့်သွင်းပေးမယ်လို့ အတည်ပြုထားပါတယ်။ ဗားရှင်း အသစ်မှာ ဗားရှင်း အဟောင်းထက် လူတွေရဲ့ ဘာသာစကားကို ပိုမိုနားလည်လာမှာဖြစ်ပြီး လုပ်ဆောင်ချက်များ ပိုများလာပါတယ်။ တုန့်ပြန်မှုလည်း ပိုမြန်လာပြီး အသံဆူညံတဲ့ နေရာများမှာတောင် သခင်ပြောတာကို နားလည်ပါတယ်။

Leave a Reply