ျမန္မာေငြ ၁ သိန္းစြန္းစြန္းသာ က်မယ့္ Nokia 8810 4G ကို ေရာင္းၿပီ

0
1783

HMD Global က ေဖေဖာ္၀ါရီလမွာ 4G သံုးႏုိင္တဲ့ Nokia 8810 4G ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ သူ႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ ဥေရာပမွာ သူ႔ကို ႀကိဳတင္မွာယူႏုိင္ပါၿပီ။ ျပင္သစ္၊ အီတလီ၊ စပိန္၊ ဂ်ာမနီတို႔မွာ ယူရို ၈၉.၇၅ ၊ ၉၁.၂၄ ၊ ၉၀.၅၀ ၊ ၈၈.၉၉ ျဖင့္ အသီးသီး ေရာင္းခ်ေပးထားပါတယ္။ Amazon UK က စတာလင္ေပါင္ ၇၈.၅၆ ျဖင့္ ေရာင္းခ်ေပးေနပါတယ္။ ဇူလိုင္လ ၄ ရက္ေန႔မွာ စတင္ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ စင္ကာပူမွာေတာ့ အေစာဆံုး ၀ယ္ယူႏိုင္မွာ ျဖစ္ၿပီး Lazada ကေန စင္ကာပူေဒၚလာ ၉၈ ျဖင့္ ေရာင္းခ်ေပးမွာပါ။

သူ႔မွာ ၂.၄ လက္မ မ်က္ႏွာျပင္ ပါပါတယ္။ Snapdragon 205 Chipset ထည့္သြင္းထားပါတယ္။ သူဟာ အေကြး ဒီဇိုင္းျဖစ္ၿပီး အ၀ါေရာင္ေမာ္ဒယ္ဟာ ငွက္ေပ်ာသီးနဲ႔ ဆင္တူပါတယ္။ Facebook, Twitter တို႔လို လူမႈကြန္ရက္မ်ားကိုလည္း သံုးႏိုင္ပါတယ္။ Google Search , Maps , Assistant မ်ား ထည့္သြင္းထားပါတယ္။ သင့္ Contacts နဲ႔ ကလင္ဒါကိုလည္း Sync လုပ္ႏုိင္ပါတယ္။

သူ႔မွာ KaiOS ကို ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ 2MP Camera ထည့္သြင္းထားပါတယ္။ Selfie Camera ေတာ့ မပါပါဘူး။ 1500mAh Battery ပါပါတယ္။ 4G ကြန္ယက္ကို အသံုးျပဳႏုိင္ၿပီး VoLTE , WiFi Hotspot မ်ားကိုလည္း အသံုးျပဳႏုိင္ပါတယ္။

unicode

မြန်မာငွေ ၁ သိန်းစွန်းစွန်းသာ ကျမယ့် Nokia 8810 4G ကို ရောင်းပြီ

HMD Global က ဖေဖော်ဝါရီလမှာ 4G သုံးနိုင်တဲ့ Nokia 8810 4G ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ရောင်းချပေးလိုက်ပါပြီ။ ဥရောပမှာ သူ့ကို ကြိုတင်မှာယူနိုင်ပါပြီ။ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျာမနီတို့မှာ ယူရို ၈၉.၇၅ ၊ ၉၁.၂၄ ၊ ၉၀.၅၀ ၊ ၈၈.၉၉ ဖြင့် အသီးသီး ရောင်းချပေးထားပါတယ်။ Amazon UK က စတာလင်ပေါင် ၇၈.၅၆ ဖြင့် ရောင်းချပေးနေပါတယ်။ ဇူလိုင်လ ၄ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ စင်ကာပူမှာတော့ အစောဆုံး ဝယ်ယူနိုင်မှာ ဖြစ်ပြီး Lazada ကနေ စင်ကာပူဒေါ်လာ ၉၈ ဖြင့် ရောင်းချပေးမှာပါ။

သူ့မှာ ၂.၄ လက်မ မျက်နှာပြင် ပါပါတယ်။ Snapdragon 205 Chipset ထည့်သွင်းထားပါတယ်။ သူဟာ အကွေး ဒီဇိုင်းဖြစ်ပြီး အဝါရောင်မော်ဒယ်ဟာ ငှက်ပျောသီးနဲ့ ဆင်တူပါတယ်။ Facebook, Twitter တို့လို လူမှုကွန်ရက်များကိုလည်း သုံးနိုင်ပါတယ်။ Google Search , Maps , Assistant များ ထည့်သွင်းထားပါတယ်။ သင့် Contacts နဲ့ ကလင်ဒါကိုလည်း Sync လုပ်နိုင်ပါတယ်။

သူ့မှာ KaiOS ကို ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 2MP Camera ထည့်သွင်းထားပါတယ်။ Selfie Camera တော့ မပါပါဘူး။ 1500mAh Battery ပါပါတယ်။ 4G ကွန်ယက်ကို အသုံးပြုနိုင်ပြီး VoLTE , WiFi Hotspot များကိုလည်း အသုံးပြုနိုင်ပါတယ်။

Leave a Reply