ဂိမ္းဖုန္းေလာကကို တစ္ခတ္ဆန္းေစမယ့္ Asus ရဲ႕ ROG Phone

0
2225

Zawgyi Version

ဒီေန႕ေခတ္ရဲ႕ ေရစီးေၾကာင္းကေတာ့ ဂိမ္းဖုန္းေတြ ျဖစ္လာပါျပီ
Screen 6.0-inch 18:9 AMOLED
SoC 2.96GHz Snapdragon 845
RAM 8GB
Storage 512GB
Camera 1 12MP rear, ƒ/1.8, EIS
Camera 2 8MP rear, ƒ/2.0
Battery 4000mAh
Connectivity Gigabit LTE
Security Fingerprint
Cooling 3D vapor-chamber cooling system

Asus ဟာ Computex 2018 ကို သူ႕ရဲ႕ အခ်က္အလက္ျမင့္ျမင့္ေတြအသံုးျပဳထားတဲ့ ROG Phone နဲ႕ စဖြင့္လိုက္ပါတယ္။ ဂိမ္းသမားေတြရဲ႕ brand ၊ ဂိမ္းသမားေတြကို ဦးတည္ထားျပီး အမွားအယြင္းမရွိတဲ့ဒီဖုိင္းေတြနဲ႕ ROG Phone ကေတာ့ Razer ကို အျပိဳင္တုိက္ေတာ့မွာပါ။ Razer က 90Hz display ကို လုပ္ေဆာင္ခဲ့ျပီးေနာက္မွာ Asus ကေတာ့ 2.96GHz Qualcomm Snapdragon 845 chip ကို အသံုးျပဳဖုိ႕ ေရြးခ်ယ္ခဲ့ပါတယ္။ ဟုတ္ကဲ့ အျမန္ဆံုးေသာ Snapdragon ေတြကို အသံုးျပဳထားတာပါ။


Computex မွာ စမ္းသပ္ဖို႕အတြက္ ကၽြန္ေတာ္ေရာက္ရွိခဲ့ပါတယ္။ ကိုင္တြယ္ၾကည့္တဲ့အခါမွာ ကၽြန္ေတာ္မွန္းထားတာထက္ေတာင္ အထင္ၾကီးသြားမိပါတယ္။ Android စမတ္ဖုန္းေတြက ဂိမ္းသမားေတြအတြက္ဆိုရင္ ခံစားမႈမေကာင္းၾကတာမ်ားတယ္မလား။ Android မွာ Snapdragon 845 ကို အာရံုစားေစမယ့္ဂိမ္းေတြ မ်ားမ်ားစားစားမရွိပါဘူး။ vapor cooling နဲ႕ fan accessory ေလးေတာင္ လိုခ်င္မွလိုမွာပါ။ ဒါေပမယ့္လည္း ROG Phone ကေတာ့ ထည့္သြင္းေပးထားပါတယ္။ ပထမဦးဆံုး ဘာကိုခံစားမိလဲဆိုေတာ့ သမားရိုးက် PC Game သြင္ျပင္ကေန စမတ္ဖုန္းနယ္ပယ္ထဲကို ကူးေျပာင္းလာတာပါပဲ။ ကၽြန္ေတာ္ေမးခြန္းထုတ္လုိက္မိတယ္။ ဘယ္သူေတြအတြက္လဲေပါ့။ သူ႕ရဲ႕ဒီဇုိင္း၊ customization နဲ႕ ဂိမ္းကိုအဓိကထားတဲ့ ဆက္စပ္ပစၥည္းေလးေတြေၾကာင့္ ကၽြန္ေတာ္ေၾကြဆင္းသြားရပါတယ္။
ဒီေန႕ေခတ္မွာ မိုဘိုင္းလ္ဂိမ္းရဲ႕၀င္ေငြဟာ ကြန္ပ်ဴတာဂိမ္းနဲ႕ console ဂိမ္းေတြထက္ေတာင္ မ်ားျပားေနတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ စမတ္ဖုန္းထုတ္လုပ္သူေတြအေနနဲ႕ ဂိမ္းဖုန္းေတြကို ဦးတည္ျပီးေတာ့ အာရံုစုိက္လာၾကတာကို ေတြ႕ျမင္ရေတာ့မွာပါ။
ROG Phone ရဲ႕ အေသးစိတ္အခ်က္အလက္ေတြကို ၾကည့္လိုက္ပါဦး။ အျမင့္စားေတြခ်ည္းပါပဲ။ 8GB RAM ထပ္ပိုေပးတာရွိလို႕လား။ အျမန္စား Snapdragon ကို သံုးထားလား။ 512GB ထက္သာတဲ့ မမ္မိုရီရွိလား။ Asus ကေတာ့ ပထမဆံုးေသာ အျမင့္စားအခ်က္အလက္ေတြနဲ႕ Android စမတ္ဖုန္းကို ထုတ္လုပ္လိုက္တဲ့သူပါပဲ။
အျမင့္မားဆံုးေသာ performance ကို ခံစားႏုိင္ဖို႕အတြက္ သင့္အေနနဲ႕ “X Mode” ကို ၀င္ရမွာပါ။ ဖုန္းရဲ႕ေဘးေတြကို ညွစ္လိုက္ရံုပါပဲ။ ညွစ္လိုက္တယ္ဆိုရင္ေတာ့ HTC ရဲ႕ Edge Sense ေလးလိုပဲ အလုပ္လုပ္မွာပါ။ ဖိလိုက္တဲ့ေနရာေလးမွာ အနီေရာင္အလင္းေလးေတြ ေတာက္ပလာမွာပါ။ အားျပင္းျပင္းေလးညွစ္လိုက္မယ္ဆုိရင္ေတာ့ ဖုန္းတစ္ခုလံုးရဲ႕ UI skin က အျပာေရာင္ေလးအျဖစ္ကေန အနီေရာင္အျဖစ္ေျပာင္းလဲသြားမွာ ျဖစ္ပါတယ္။ X Mode ကေတာ့ လွပတာထက္ပိုတယ္ဆိုတာ ေျပာခ်င္ပါေသးတယ္။ background processes ေတြကို အလိုအေလ်ာက္ပိတ္ပစ္ေပးျပီးေတာ့ RAM သံုးစြဲမႈနဲ႕ data transfer ေတြကို ဦးစားေပးျပီး လုပ္ေဆာင္ေပးမွာ ျဖစ္ပါတယ္။ X Mode ဟာ AeroActive Cooler ေလးကိုလည္း ထိန္းခ်ဳပ္ႏုိင္စြမ္းရွိပါတယ္။ ဒါေလးကေတာ့ ဖုန္းအတြက္ fan accessory ေလးထည့္ေပးထားတာျဖစ္ပါတယ္။


Asus က ကစားတဲ့သူေတြကို ဖုန္းေထာင့္ေတြနဲ႕ အဆင္ေျပေစဖို႕အတြက္ AirTriggers ေလးႏွစ္ခုကို ထည့္သြင္းေပးထားပါတယ္။ ဒါေလးကေတာ့ သံုးစြဲသူေတြစိတ္ၾကိဳက္ခ်ိန္ညွိနုိင္မယ့္ ခလုတ္ေလးေတြျဖစ္ပါတယ္။
Accessories ေတြဆိုတာက ROG Phone ရဲ႕ အၾကီးမားဆံုး အားသာခ်က္တစ္ခုပါပဲ။ Asus က အေတာ္မ်ားမ်ားကို ထည့္သြင္းေပးထားပါတယ္။ classic gamepad setup ေလး၊ ဖုန္းရဲ႕တစ္ဖက္တစ္ခ်က္ဆီမွာ ဂိမ္းကီးေလးေတြကို ထည့္သြင္းေပးထားျခင္း ျဖစ္ပါတယ္။ Gamevice controller ေလးကေတာ့ WiGig Dock ေလးနဲ႕ ၾကိဳးမဲ့ stream လုပ္ႏုိင္ပါတယ္။ 60GHz 802.11ad Wi-Fi ကို အသံုးျပဳထားပါတယ္။ ဒီေတာ့ ဂိမ္းကိုအနီးနားမွာရွိတဲ့ TV နဲ႕ ခ်ိတ္ဆက္ျပီးေတာ့ အသံုးျပဳထားႏုိင္ပါတယ္။ racing ဂိမ္းေတြကို ေဆာ့ကစားၾကည့္လိုက္ေတာ့ controller နဲ႕ screen ၾကားမွာ တံု႕ဆုိင္းေနတာမ်ိဳးေတြ မခံစားရပါဘူး။ gamepad က မဆိုးပါဘူး။ အခုအခ်ိန္မွာလည္း အဲလိုေတြတပ္ေဆာ့တာ ေခတ္စားေနတယ္မလား။


ROG Phone ကို dual-screen အျဖစ္နဲ႕ ေျပာင္းလဲေပးႏုိင္တဲ့ clamshell accessory ေလးတစ္ခုလည္း ရွိပါေသးတယ္။ ဒါေလးကိုေတာ့ TwinView Dock လို႕ေခၚပါတယ္။ သူဟာၾကီးမားျပီးေတာ့ အတြင္းထဲမွာ 6,000mAh ပါ၀င္ပါတယ္။ သူဟာ ၆လက္မ၊ 1080p screen ေတြနဲ႕ အဆင္ေျပျပီးေတာ့ သူ႕မွာ ေဘးခလုတ္ေတြ၊ အေရွ႕ဘက္မ်က္ႏွာမူေနတဲ့ စပီကာေလးလံုး၊ အေအးခံစနစ္ေတြလည္း ပါ၀င္ပါတယ္။ ဒါေလးကေတာ့ မရပ္မနားဘဲ အၾကာၾကီးဂိမ္းေဆာ့မယ့္အခ်ိန္အတြက္ အဆင္ေျပေအာင္ လုပ္ေဆာင္ေပးထားတာပါ။ second screen display ကေတာ့ chat နဲ႕သက္ဆုိင္တာေတြကို ျပသေပးႏုိင္ပါတယ္။ ဒါေလးကိုသံုးၾကည့္ေတာ့ ကိုးရို႕ကားရားေလး ျဖစ္သြားပါတယ္။ software ပိုင္းအရ အဆင္မေျပေသးပါဘူး။ ဒါေပမယ့္လည္း ဒီလိုေျပာဖို႕ ေစာေနေသးတယ္မလား။ Asus ရဲ႕အေနာက္ဘက္မွာ port ေတြမ်ားမ်ားပါတဲ့ dock ေလးတစ္ခုရွိပါတယ္။ ဒါေၾကာင့္ ROG Phone ကို ေမာ္နီတာ၊ ေမာက္စ္၊ ကီးဘုတ္ေတြအျပင္ PC အတြက္ auxiliary display အေနနဲ႕လည္း ခ်ိတ္ဆက္ႏုိင္ပါေသးတယ္။ အျခား accessories ေတြလုိပဲ ROG Phone ရဲ႕ အထူးစပါယ္ရွယ္အေပါက္ေလးနဲ႕ ခ်ိတ္ဆက္ရတာ ျဖစ္ပါတယ္။ ဒါေလးကေတာ့ landscape အေနနဲ႕ထားတဲ့အခ်ိန္မွာ ေအာက္ဘက္မွာေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ အဲဒါေလးကေတာ့ ပံုမွန္ USB-C connector ေလးနဲ႕ အဲဒီေဘးမွာ ေနာက္တစ္ခုကို ေတြ႕ရပါတယ္။ ကၽြန္ေတာ္ကေတာ့ အျခားအရာေတြထက္ ဒီအေပါက္ေလးကို ေအာက္မွာထားလိုက္ေတာ့ ဂိမ္းေဆာ့တာျဖစ္ျဖစ္၊ ဗြီဒီယိုၾကည့္တာျဖစ္ျဖစ္ ၾကိဳးနဲ႕မရွဳပ္ေတာ့ဘူးေပါ့။
မၾကာေသးခင္ႏွစ္ေတြတုန္းက PC hardware ပိုင္းမွာ RGB lighting ေလးေတြကို ထည့္သြင္းထားပါတယ္။ ASUS နဲ႕ Corsair တို႕ဟာ ကီးဘုတ္၊ ေမာက္စ္၊ case ၊ PSU ေတြမွာေတာင္ ထည့္သြင္းၾကပါတယ္။ ROG Phone ကေတာ့ RGB lighting ထည့့္သြင္းထားတဲ့ ပထမဆံုးေသာ စမတ္ဖုန္းျဖစ္ပါတယ္။

အေနာက္ဘက္မွာရွိတဲ့ ROG logo ေလးက game mode ကို၀င္ေနတဲ့အခ်ိန္မွာ လင္းေနမွာပါ။ ဒါမွမဟုတ္ ဖုန္းရဲ႕ေဘးကိုညွစ္လိုက္တဲ့အခ်ိန္မွာ လင္းလာမွာပါ။ squeeze feature ေလးေတြကေတာ့ Pixel 2 နဲ႕ ဆင္တူပါတယ္။ ဒါေပမယ့္ Assistant ပြင့္မလာဘဲ RGB lighting ေလးကို ေတြ႕ျမင္ရမွာပါ။
RGB lighting ေလးကေတာ့ Aura Sync platform နဲ႕ တြဲဖက္ထားလို႕ lighting effect ၊ အေရာင္အျပင္း အေပ်ာ့လည္း ေရြးႏုိင္ပါေသးတယ္။ စိတ္ၾကိဳက္ခ်ိန္လိုက္ပါ။
ROG Phone ရဲ႕ဘတ္ထရီကေတာ့ 4000mAh ျဖစ္ျပီး ဂိမ္းကစားမယ္ဆိုရင္ ၇နာရီ၊ Wi-Fi နဲ႕ဗြီဒီယိုၾကည့္မယ္ဆိုရင္ ၁၁.၅နာရီ ခံမယ္လို႕ သိရပါတယ္။ အားသြင္းခ်င္တယ္ဆိုရင္လည္း HyperCharge နည္းပညာကိုအသံုးျပဳထားလို႕ ၃၃မိနစ္အတြင္းမွာ ၆၀%ကို ေရာက္ရွိႏုိင္ပါတယ္။
HyperCharge ဆိုတာကေတာ့ ကၽြန္ေတာ္တို႕သိတဲ့ Dash Charge နဲ႕ အတူတူပါပဲ။ အားသြင္းေနခ်ိန္မွာ ပူမေနပါဘူး။ HyperCharge အျပင္ ROG Phone ဟာ Quick Charge 4.0 ၊ Quick Charge 3.0 နဲ႕ USB-C PD (MMAS မွာ ၀ယ္လို႕ရတယ္ေနာ္) တုိ႕နဲ႕လည္း အဆင္ေျပေျပအသံုးျပဳႏုိင္ပါေသးတယ္။
Software ပိုင္းမွာေတာ့ Android 8.1 Oreo ကို အသံုးျပဳထားပါတယ္။ အနက္ေရာင္ဒီဇုိင္းေလးကို အနီေရာင္ေလးနဲ႕ ကြပ္ထားတာပါ။ အုိင္ကြန္ေလးေတြမွာလည္း အနီေရာင္အနားသတ္လိုင္းေလးေတြနဲ႕ဆိုေတာ့ ၾကည့္ရတာမိုက္ပါတယ္။
ROG Phone နဲ႕ ပတ္သတ္ျပီးေတာ့ အင္ဂ်င္နီယာေတြ ဘယ္ေလာက္ေတာင္ၾကိဳးစားထားသလဲဆိုတာ အထင္မၾကီးဘဲကို မေနႏုိင္ပါဘူး။ ဖုန္းနဲ႕ သူ႕ရဲ႕ accessories ေလးေတြက ေကာင္းမြန္စြာအလုပ္လုပ္ႏုိင္ပါတယ္။ Android ဂိမ္းဖုန္းအတြက္ေတာ့ တရား၀င္အမ်ိဳးအစားတစ္ခုအျဖစ္ ထည့္သြင္းနုိ္င္ပါတယ္။ Asus ဟာ အမ်ားထက္ ေျခတစ္လွမ္းသာေနတယ္လို႕ ေျပာလိုက္ခ်င္ပါတယ္။
ROG Phone ရဲ႕ ေစ်းႏႈန္းနဲ႕ ပါ၀င္မယ့္ accessories ကေတာ့ Computex မွာ မေျပာခဲ့ပါဘူး။ ဒါေပမယ့္ Asus ကေတာ့ ဒီဖုန္းကို ဒီႏွစ္ ဇူလိုင္၊ ၾသဂုတ္၊ စက္တင္ဘာလေတြမွာ ေရာင္းခ်ႏုိင္ေလာက္မယ္လို႕ခန္႕မွန္းထားေၾကာင္း ေျပာပါတယ္။ အျမင့္စားအခ်က္အလက္ေတြနဲ႕ဆိုေတာ့ အျမင့္စားေစ်းႏႈန္းေတြနဲ႕အတူ စင္ေပၚကိုတက္လာမွာပါ။

Unicode Version

ဒီနေ့ခေတ်ရဲ့ ရေစီးကြောင်းကတော့ ဂိမ်းဖုန်းတွေ ဖြစ်လာပါပြီ
Screen 6.0-inch 18:9 AMOLED
SoC 2.96GHz Snapdragon 845
RAM 8GB
Storage 512GB
Camera 1 12MP rear, ƒ/1.8, EIS
Camera 2 8MP rear, ƒ/2.0
Battery 4000mAh
Connectivity Gigabit LTE
Security Fingerprint
Cooling 3D vapor-chamber cooling system

Asus ဟာ Computex 2018 ကို သူ့ရဲ့ အချက်အလက်မြင့်မြင့်တွေအသုံးပြုထားတဲ့ ROG Phone နဲ့ စဖွင့်လိုက်ပါတယ်။ ဂိမ်းသမားတွေရဲ့ brand ၊ ဂိမ်းသမားတွေကို ဦးတည်ထားပြီး အမှားအယွင်းမရှိတဲ့ဒီဖိုင်းတွေနဲ့ ROG Phone ကတော့ Razer ကို အပြိုင်တိုက်တော့မှာပါ။ Razer က 90Hz display ကို လုပ်ဆောင်ခဲ့ပြီးနောက်မှာ Asus ကတော့ 2.96GHz Qualcomm Snapdragon 845 chip ကို အသုံးပြုဖို့ ရွေးချယ်ခဲ့ပါတယ်။ ဟုတ်ကဲ့ အမြန်ဆုံးသော Snapdragon တွေကို အသုံးပြုထားတာပါ။
Computex မှာ စမ်းသပ်ဖို့အတွက် ကျွန်တော်ရောက်ရှိခဲ့ပါတယ်။ ကိုင်တွယ်ကြည့်တဲ့အခါမှာ ကျွန်တော်မှန်းထားတာထက်တောင် အထင်ကြီးသွားမိပါတယ်။ Android စမတ်ဖုန်းတွေက ဂိမ်းသမားတွေအတွက်ဆိုရင် ခံစားမှုမကောင်းကြတာများတယ်မလား။ Android မှာ Snapdragon 845 ကို အာရုံစားစေမယ့်ဂိမ်းတွေ များများစားစားမရှိပါဘူး။ vapor cooling နဲ့ fan accessory လေးတောင် လိုချင်မှလိုမှာပါ။ ဒါပေမယ့်လည်း ROG Phone ကတော့ ထည့်သွင်းပေးထားပါတယ်။ ပထမဦးဆုံး ဘာကိုခံစားမိလဲဆိုတော့ သမားရိုးကျ PC Game သွင်ပြင်ကနေ စမတ်ဖုန်းနယ်ပယ်ထဲကို ကူးပြောင်းလာတာပါပဲ။ ကျွန်တော်မေးခွန်းထုတ်လိုက်မိတယ်။ ဘယ်သူတွေအတွက်လဲပေါ့။ သူ့ရဲ့ဒီဇိုင်း၊ customization နဲ့ ဂိမ်းကိုအဓိကထားတဲ့ ဆက်စပ်ပစ္စည်းလေးတွေကြောင့် ကျွန်တော်ကြွေဆင်းသွားရပါတယ်။
ဒီနေ့ခေတ်မှာ မိုဘိုင်းလ်ဂိမ်းရဲ့ဝင်ငွေဟာ ကွန်ပျူတာဂိမ်းနဲ့ console ဂိမ်းတွေထက်တောင် များပြားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ ဂိမ်းဖုန်းတွေကို ဦးတည်ပြီးတော့ အာရုံစိုက်လာကြတာကို တွေ့မြင်ရတော့မှာပါ။
ROG Phone ရဲ့ အသေးစိတ်အချက်အလက်တွေကို ကြည့်လိုက်ပါဦး။ အမြင့်စားတွေချည်းပါပဲ။ 8GB RAM ထပ်ပိုပေးတာရှိလို့လား။ အမြန်စား Snapdragon ကို သုံးထားလား။ 512GB ထက်သာတဲ့ မမ်မိုရီရှိလား။ Asus ကတော့ ပထမဆုံးသော အမြင့်စားအချက်အလက်တွေနဲ့ Android စမတ်ဖုန်းကို ထုတ်လုပ်လိုက်တဲ့သူပါပဲ။
အမြင့်မားဆုံးသော performance ကို ခံစားနိုင်ဖို့အတွက် သင့်အနေနဲ့ “X Mode” ကို ဝင်ရမှာပါ။ ဖုန်းရဲ့ဘေးတွေကို ညှစ်လိုက်ရုံပါပဲ။ ညှစ်လိုက်တယ်ဆိုရင်တော့ HTC ရဲ့ Edge Sense လေးလိုပဲ အလုပ်လုပ်မှာပါ။ ဖိလိုက်တဲ့နေရာလေးမှာ အနီရောင်အလင်းလေးတွေ တောက်ပလာမှာပါ။ အားပြင်းပြင်းလေးညှစ်လိုက်မယ်ဆိုရင်တော့ ဖုန်းတစ်ခုလုံးရဲ့ UI skin က အပြာရောင်လေးအဖြစ်ကနေ အနီရောင်အဖြစ်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ X Mode ကတော့ လှပတာထက်ပိုတယ်ဆိုတာ ပြောချင်ပါသေးတယ်။ background processes တွေကို အလိုအလျောက်ပိတ်ပစ်ပေးပြီးတော့ RAM သုံးစွဲမှုနဲ့ data transfer တွေကို ဦးစားပေးပြီး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ X Mode ဟာ AeroActive Cooler လေးကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ ဒါလေးကတော့ ဖုန်းအတွက် fan accessory လေးထည့်ပေးထားတာဖြစ်ပါတယ်။
Asus က ကစားတဲ့သူတွေကို ဖုန်းထောင့်တွေနဲ့ အဆင်ပြေစေဖို့အတွက် AirTriggers လေးနှစ်ခုကို ထည့်သွင်းပေးထားပါတယ်။ ဒါလေးကတော့ သုံးစွဲသူတွေစိတ်ကြိုက်ချိန်ညှိနိုင်မယ့် ခလုတ်လေးတွေဖြစ်ပါတယ်။
Accessories တွေဆိုတာက ROG Phone ရဲ့ အကြီးမားဆုံး အားသာချက်တစ်ခုပါပဲ။ Asus က အတော်များများကို ထည့်သွင်းပေးထားပါတယ်။ classic gamepad setup လေး၊ ဖုန်းရဲ့တစ်ဖက်တစ်ချက်ဆီမှာ ဂိမ်းကီးလေးတွေကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ Gamevice controller လေးကတော့ WiGig Dock လေးနဲ့ ကြိုးမဲ့ stream လုပ်နိုင်ပါတယ်။ 60GHz 802.11ad Wi-Fi ကို အသုံးပြုထားပါတယ်။ ဒီတော့ ဂိမ်းကိုအနီးနားမှာရှိတဲ့ TV နဲ့ ချိတ်ဆက်ပြီးတော့ အသုံးပြုထားနိုင်ပါတယ်။ racing ဂိမ်းတွေကို ဆော့ကစားကြည့်လိုက်တော့ controller နဲ့ screen ကြားမှာ တုံ့ဆိုင်းနေတာမျိုးတွေ မခံစားရပါဘူး။ gamepad က မဆိုးပါဘူး။ အခုအချိန်မှာလည်း အဲလိုတွေတပ်ဆော့တာ ခေတ်စားနေတယ်မလား။
ROG Phone ကို dual-screen အဖြစ်နဲ့ ပြောင်းလဲပေးနိုင်တဲ့ clamshell accessory လေးတစ်ခုလည်း ရှိပါသေးတယ်။ ဒါလေးကိုတော့ TwinView Dock လို့ခေါ်ပါတယ်။ သူဟာကြီးမားပြီးတော့ အတွင်းထဲမှာ 6,000mAh ပါဝင်ပါတယ်။ သူဟာ ၆လက်မ၊ 1080p screen တွေနဲ့ အဆင်ပြေပြီးတော့ သူ့မှာ ဘေးခလုတ်တွေ၊ အရှေ့ဘက်မျက်နှာမူနေတဲ့ စပီကာလေးလုံး၊ အအေးခံစနစ်တွေလည်း ပါဝင်ပါတယ်။ ဒါလေးကတော့ မရပ်မနားဘဲ အကြာကြီးဂိမ်းဆော့မယ့်အချိန်အတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးထားတာပါ။ second screen display ကတော့ chat နဲ့သက်ဆိုင်တာတွေကို ပြသပေးနိုင်ပါတယ်။ ဒါလေးကိုသုံးကြည့်တော့ ကိုးရို့ကားရားလေး ဖြစ်သွားပါတယ်။ software ပိုင်းအရ အဆင်မပြေသေးပါဘူး။ ဒါပေမယ့်လည်း ဒီလိုပြောဖို့ စောနေသေးတယ်မလား။
Asus ရဲ့အနောက်ဘက်မှာ port တွေများများပါတဲ့ dock လေးတစ်ခုရှိပါတယ်။ ဒါကြောင့် ROG Phone ကို မော်နီတာ၊ မောက်စ်၊ ကီးဘုတ်တွေအပြင် PC အတွက် auxiliary display အနေနဲ့လည်း ချိတ်ဆက်နိုင်ပါသေးတယ်။ အခြား accessories တွေလိုပဲ ROG Phone ရဲ့ အထူးစပါယ်ရှယ်အပေါက်လေးနဲ့ ချိတ်ဆက်ရတာ ဖြစ်ပါတယ်။ ဒါလေးကတော့ landscape အနေနဲ့ထားတဲ့အချိန်မှာ အောက်ဘက်မှာတွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒါလေးကတော့ ပုံမှန် USB-C connector လေးနဲ့ အဲဒီဘေးမှာ နောက်တစ်ခုကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ အခြားအရာတွေထက် ဒီအပေါက်လေးကို အောက်မှာထားလိုက်တော့ ဂိမ်းဆော့တာဖြစ်ဖြစ်၊ ဗွီဒီယိုကြည့်တာဖြစ်ဖြစ် ကြိုးနဲ့မရှုပ်တော့ဘူးပေါ့။
မကြာသေးခင်နှစ်တွေတုန်းက PC hardware ပိုင်းမှာ RGB lighting လေးတွေကို ထည့်သွင်းထားပါတယ်။ ASUS နဲ့ Corsair တို့ဟာ ကီးဘုတ်၊ မောက်စ်၊ case ၊ PSU တွေမှာတောင် ထည့်သွင်းကြပါတယ်။ ROG Phone ကတော့ RGB lighting ထည့်သွင်းထားတဲ့ ပထမဆုံးသော စမတ်ဖုန်းဖြစ်ပါတယ်။
အနောက်ဘက်မှာရှိတဲ့ ROG logo လေးက game mode ကိုဝင်နေတဲ့အချိန်မှာ လင်းနေမှာပါ။ ဒါမှမဟုတ် ဖုန်းရဲ့ဘေးကိုညှစ်လိုက်တဲ့အချိန်မှာ လင်းလာမှာပါ။ squeeze feature လေးတွေကတော့ Pixel 2 နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် Assistant ပွင့်မလာဘဲ RGB lighting လေးကို တွေ့မြင်ရမှာပါ။
RGB lighting လေးကတော့ Aura Sync platform နဲ့ တွဲဖက်ထားလို့ lighting effect ၊ အရောင်အပြင်း အပျော့လည်း ရွေးနိုင်ပါသေးတယ်။ စိတ်ကြိုက်ချိန်လိုက်ပါ။
ROG Phone ရဲ့ဘတ်ထရီကတော့ 4000mAh ဖြစ်ပြီး ဂိမ်းကစားမယ်ဆိုရင် ၇နာရီ၊ Wi-Fi နဲ့ဗွီဒီယိုကြည့်မယ်ဆိုရင် ၁၁.၅နာရီ ခံမယ်လို့ သိရပါတယ်။ အားသွင်းချင်တယ်ဆိုရင်လည်း HyperCharge နည်းပညာကိုအသုံးပြုထားလို့ ၃၃မိနစ်အတွင်းမှာ ၆၀%ကို ရောက်ရှိနိုင်ပါတယ်။
HyperCharge ဆိုတာကတော့ ကျွန်တော်တို့သိတဲ့ Dash Charge နဲ့ အတူတူပါပဲ။ အားသွင်းနေချိန်မှာ ပူမနေပါဘူး။ HyperCharge အပြင် ROG Phone ဟာ Quick Charge 4.0 ၊ Quick Charge 3.0 နဲ့ USB-C PD (MMAS မှာ ဝယ်လို့ရတယ်နော်) တို့နဲ့လည်း အဆင်ပြေပြေအသုံးပြုနိုင်ပါသေးတယ်။
Software ပိုင်းမှာတော့ Android 8.1 Oreo ကို အသုံးပြုထားပါတယ်။ အနက်ရောင်ဒီဇိုင်းလေးကို အနီရောင်လေးနဲ့ ကွပ်ထားတာပါ။ အိုင်ကွန်လေးတွေမှာလည်း အနီရောင်အနားသတ်လိုင်းလေးတွေနဲ့ဆိုတော့ ကြည့်ရတာမိုက်ပါတယ်။
ROG Phone နဲ့ ပတ်သတ်ပြီးတော့ အင်ဂျင်နီယာတွေ ဘယ်လောက်တောင်ကြိုးစားထားသလဲဆိုတာ အထင်မကြီးဘဲကို မနေနိုင်ပါဘူး။ ဖုန်းနဲ့ သူ့ရဲ့ accessories လေးတွေက ကောင်းမွန်စွာအလုပ်လုပ်နိုင်ပါတယ်။ Android ဂိမ်းဖုန်းအတွက်တော့ တရားဝင်အမျိုးအစားတစ်ခုအဖြစ် ထည့်သွင်းနိုင်ပါတယ်။ Asus ဟာ အများထက် ခြေတစ်လှမ်းသာနေတယ်လို့ ပြောလိုက်ချင်ပါတယ်။
ROG Phone ရဲ့ ဈေးနှုန်းနဲ့ ပါဝင်မယ့် accessories ကတော့ Computex မှာ မပြောခဲ့ပါဘူး။ ဒါပေမယ့် Asus ကတော့ ဒီဖုန်းကို ဒီနှစ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာ ရောင်းချနိုင်လောက်မယ်လို့ခန့်မှန်းထားကြောင်း ပြောပါတယ်။ အမြင့်စားအချက်အလက်တွေနဲ့ဆိုတော့ အမြင့်စားဈေးနှုန်းတွေနဲ့အတူ စင်ပေါ်ကိုတက်လာမှာပါ။

Leave a Reply