3.5mm Earphone ေပါက္ပါဝင္လာမည္ျဖစ္တဲ့ Lenovo Z5

0
1560

ဒီေန႔မွာေတာ့  Lenovo ရဲ႕  vice CEO ျဖစ္တဲ့ ခ်န္ခ်န္းဟာ Z5 စမတ္ဖုန္းနဲ႔ပတ္သတ္လို႔ အေရးႀကီးတဲ့ စြမ္းေဆာင္ခ်က္တစ္ခုကို သူ႕ရဲ႕Weibo ကေန ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အဲ့ဒါကေတာ့ စမတ္ဖုန္းသစ္မွာ 3.5mm earphone jack ကိုထည့္သြင္းေပးသြားမယ္ဆိုတာကိုပါ။ Lenovo Z5 နဲ႔ပတ္သတ္တဲ့ အျခားထုတ္ျပန္ခ်က္ေတြမွာေတာ့ စမတ္ဖုန္းမွာSnapdragon 845 Octa core ပရိုဆက္ဆာကိုအသုံးျပဳသြားမွာျဖစ္ၿပီး 95% ျမင္ကြင္းနဲ႔ full view display ကိုသံုးသြားမွာပဲ ျဖစ္ပါတယ္။ ကင္မရာလုပ္ေဆာင္ခ်က္လည္း ေကာင္းမြန္ၿပီး ေနာက္ေက်ာဘက္AI dual ကင္မရာနဲ႔အတူ portrait mode လုပ္ေဆာင္ခ်က္လည္း ပါဝင္လာမွာျဖစ္ပါတယ္။

Lenovo Z5 ဟာ 4TB အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းနဲ႔ ပထမဆုံးစမတ္ဖုန္းလည္း ျဖစ္လာႏုိင္ပါတယ္။ လက္ရွိအခ်ိန္မွာ ထြက္ထားတဲ့ စမတ္ဖုန္းေတြမွာ အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းအေနနဲ႔ 128GB (သို႔) 256GB ကိုသာထည့္သြင္းေပးထားတာကိုေတြ႕ရမွာပါ။ တကယ္လို႔သာ 4TB storage သာရရွိမယ္ဆိုရင္ ဖုန္းထဲမွာ အခ်က္အလက္ေပါင္းမ်ားစြာကို ထည့္သြင္းထားႏိုင္မွာျဖစ္ပါတယ္။ လက္တေလာတြက္ခ်က္မႈေတြအရ အဲ့ဒီပမာဏဟာ ဓာတ္ပံုႀကီး၁သန္း၊ HD ရုပ္ရွင္ကားေပါင္း ၂ေထာင္၊သီခ်င္း MP3 ဖုိင္ေပါင္း 150,000 ဝင္ဆံ့မယ့္ ပမာဏပဲျဖစ္ပါတယ္။

Lenovo ဟာ ဒီဖုန္းမွာ နည္းပညာအသစ္ ၄ မ်ိဳး နဲ  ့မူပိုင္ခြင့္ရ နည္းပညာ ၁၈ မ်ိဳးထည့္သြင္းထားတယ္လို ့ေၾကျငာထားပါတယ္။ ဒီနည္းပညာသစ္ေတြထဲမွာ in-glass fingerprint scanner လိုမ်ိဳး Pop-up selfie ကင္မရာလိုမ်ိဳးကိုလည္း ျမင္ရဖို ့ရိွေနပါတယ္။ စြမ္းအားႀကီးမားတဲ့ ဘက္ထရီကိုသံုးသြားမွာျဖစ္ၿပီး ဘက္ထရီဟာအသင့္အေနအထားအတြက္ ၄၅ရက္သက္တမ္းတာရွည္ခံပါလိမ့္မယ္။ ပါဝါ 0% အေျခအေနမွာေတာင္ နာရီဝက္နီးပါးဖုန္းေခၚဆိုမႈေတြ ျပဳလုပ္ႏုိင္မွာ ျဖစ္ပါတယ္။ဇြန္၅ရက္ ေန႔မွာမိတ္ဆက္သြားမွာျဖစ္ၿပီး  ေစ်းႏႈန္းဘယ္ေလာက္နဲ႔ထြက္လာမယ္ဆုိေတာ့ မသိရေသးပါဘူး။

Unicode

ဒီနေ့မှာတော့  Lenovo ရဲ့  vice CEO ဖြစ်တဲ့ ချန်ချန်းဟာ Z5 စမတ်ဖုန်းနဲ့ပတ်သတ်လို့ အရေးကြီးတဲ့ စွမ်းဆောင်ချက်တစ်ခုကို သူ့ရဲ့Weibo ကနေ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲ့ဒါကတော့  စမတ်ဖုန်းသစ်မှာ 3.5mm earphone jack ကိုထည့်သွင်းပေးသွားမယ်ဆိုတာကိုပါ။ Lenovo Z5 နဲ့ပတ်သတ်တဲ့ အခြားထုတ်ပြန်ချက်တွေမှာတော့ စမတ်ဖုန်းမှာSnapdragon 845 Octa core ပရိုဆက်ဆာကိုအသုံးပြုသွားမှာဖြစ်ပြီး 95% မြင်ကွင်းနဲ့ full view display ကိုသုံးသွားမှာပဲ ဖြစ်ပါတယ်။ ကင်မရာလုပ်ဆောင်ချက်လည်း ကောင်းမွန်ပြီး နောက်ကျောဘက်AI dual ကင်မရာနဲ့အတူ portrait mode လုပ်ဆောင်ချက်လည်း ပါဝင်လာမှာဖြစ်ပါတယ်။

Lenovo Z5 ဟာ 4TB အချက်အလက်သိုလှောင်နိုင်စွမ်းနဲ့ ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ ထွက်ထားတဲ့ စမတ်ဖုန်းတွေမှာ အချက်အလက်သိုလှောင်နိုင်စွမ်းအနေနဲ့ 128GB (သို့) 256GB ကိုသာထည့်သွင်းပေးထားတာကိုတွေ့ရမှာပါ။ တကယ်လို့သာ 4TB storage သာရရှိမယ်ဆိုရင် ဖုန်းထဲမှာ အချက်အလက်ပေါင်းများစွာကို ထည့်သွင်းထားနိုင်မှာဖြစ်ပါတယ်။ လက်တလောတွက်ချက်မှုတွေအရ အဲ့ဒီပမာဏဟာ ဓာတ်ပုံကြီး၁သန်း၊ HD ရုပ်ရှင်ကားပေါင်း ၂ထောင်၊သီချင်း MP3 ဖိုင်ပေါင်း 150,000 ဝင်ဆံ့မယ့် ပမာဏပဲဖြစ်ပါတယ်။

Lenovo ဟာ ဒီဖုန်းမှာ နည်းပညာအသစ် ၄ မျိုး နဲ ့မူပိုင်ခွင့်ရ နည်းပညာ ၁၈ မျိုးထည့်သွင်းထားတယ်လို့ကြေငြာထားပါတယ်။ ဒီနည်းပညာသစ်တွေထဲမှာ in-glass fingerprint scanner လိုမျိုး Pop-up selfie ကင်မရာလိုမျိုးကိုလည်း မြင်ရဖို့ရှိနေပါတယ်။ စွမ်းအားကြီးမားတဲ့ ဘက်ထရီကိုသုံးသွားမှာဖြစ်ပြီး ဘက်ထရီဟာအသင့်အနေအထားအတွက် ၄၅ရက်သက်တမ်းတာရှည်ခံပါလိမ့်မယ်။ ပါဝါ 0% အခြေအနေမှာတောင် နာရီဝက်နီးပါးဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဇွန်၅ရက် နေ့မှာမိတ်ဆက်သွားမှာဖြစ်ပြီး  ဈေးနှုန်းဘယ်လောက်နဲ့ထွက်လာမယ်ဆိုတော့ မသိရသေးပါဘူး။

Leave a Reply