Snapdragon 710 အသုံးျပဳလာမယ့္ Google Pixel ဖုန္းအသစ္

0
1616

Google အေနနဲ႔ ဒုတိယမ်ိဳးဆက္ Pixel စီးရီးစမတ္ဖုန္းေတြျဖစ္တဲ့ pixel 2 နဲ႔ Pixel 2XL ဖုန္းေတြအတြက္ သင့္တင့္တဲ့ေစ်းကြက္ ေဝစုရရွိခဲ့ပါတယ္။ ဒါေၾကာင့္ Google အေနနဲ႔ယခုႏွစ္အတြင္းမွာ Pixel 3 series စမတ္ဖုန္းေတြျဖစ္တဲ့ Pixel 3 နဲ႔ Pixel 3 XL ဖုန္းေတြကို ထုတ္လုပ္လာလိမ့္မယ္လို႔ အားလုံးကေမွ်ာ္လင့္လ်က္ရွိေနပါတယ္။ ဒီေန႔မွာေတာ့ နည္းပညာဂုရုႀကီး Google အေနနဲ႔ mid-range အမ်ိဳးအစား Pixel စီးရီးစမတ္ဖုန္းကို ထုတ္ဖုိ႔ျပင္ဆင္လ်က္ရွိေနၿပီး အဲ့ဒီဖုန္းမွာ  Snapdragon 710 ပရိုဆက္ဆာကို အသုံးျပဳလာမယ္လို႔ သိရပါတယ္။

ဖုန္းေတြနဲ႔ပတ္သတ္ရင္ အၿမဲတမ္းထုတ္ေဖာ္ေလ့ရွိတဲ့ leakster တစ္ဦး Roland Quandt ကသူရဲ႕တြစ္တာမွာ တင္လုိက္မွာတင္လိုက္တာ ျဖစ္ပါတယ္။ စမတ္ဖုန္းသစ္ကိုေတာ့ ၂၀၁၉ပထမေလးလပတ္ေလာက္မွ ရႏိုင္မွာျဖစ္ပါတယ္။ ဖုန္းအသစ္နဲ႔ ပတ္သတ္တဲ့ အျခားအပိုင္းေတြကို မသိရေသးေပမယ့္ သူ႕မွာကင္မရာပိုင္းတုိးျမင့္မႈနဲ႔အတူ Notch ဒီဇုိင္းပါဝင္လာဖြယ္ ရွိပါတယ္။ ၿပီးေတာ့ မ်က္ႏွာျပင္ကလည္းယေန႔ဖုန္းေတြမွာ ေခတ္စားေနတဲ့ Full-View Display သုံးလာဖုိ႔ေသခ်ာေနပါတယ္။ လက္ရွိထြက္ထားတဲ့ ပုံေတြအရ ေနာက္ေက်ာဘက္မွာ Dual ကင္မရာကို ေဒါင္လိုက္တပ္ဆင္ထားမ်ာ ျဖစ္ၿပီး အေရွ႕ဘက္ Selfie ကင္မရာကိုေတာ့ Notch မွာတပ္ဆင္ထားႏုိင္ပါတယ္။

Qualcomm ရဲ႕Snapdragon 710 ဟာ mid-range chip အမ်ိဳးအစားျဖစ္ၿပီး 2.2GHz အျမန္ႏႈန္းရွိမွာ ျဖစ္ကာKryo 360 architecture ကိုသုံးထားတာျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းကိုေတာ့  Adreno 616 GPU နဲ႔တြဲဖက္လာမွာပါ။ ဒီ Chip ဟာQC 4.0+ ကိုလည္းေထာက္ပ့ံေပးႏုိင္ၿပီး လက္ရွိသူ႕ကို ပထမဆုံးသုံးေနတဲ့ စမတ္ဖုန္းကေတာ့ Xiaomi ရဲ႕တန္ဘိုးနည္းစမတ္ဖုန္း Mi 8 SE မွာပဲျဖစ္ပါတယ္။ Snapdragon 710 ဟာစြမ္းေဆာင္ရည္ပိုင္းမွာ ေကာင္းမြန္ၿပီး ပါဝါစားသက္သာေစတဲ့ အလယ္အလတ္အဆင့္ ပရိုဆက္ဆာပဲျဖစ္ပါတယ္။ AI နဲ႔ AR လုပ္ေဆာင္ခ်က္ေတြကိုေတာင္ ေထာက္ပံ့ေပးထားပါတယ္။

Unicode

Google အနေနဲ့ ဒုတိယမျိုးဆက် Pixel စီးရီးစမတ်ဖုန်းတွေဖြစ်တဲ့ pixel 2 နဲ့ Pixel 2XL ဖုန်းတွေအတွက် သင့်တင့်တဲ့ဈေးကွက် ဝေစုရရှိခဲ့ပါတယ်။ ဒါကြောင့် Google အနေနဲ့ယခုနှစ်အတွင်းမှာ Pixel 3 series စမတ်ဖုန်းတွေဖြစ်တဲ့ Pixel 3 နဲ့ Pixel 3 XL ဖုန်းတွေကို ထုတ်လုပ်လာလိမ့်မယ်လို့ အားလုံးကမျှော်လင့်လျက်ရှိနေပါတယ်။ ဒီနေ့မှာတော့ နည်းပညာဂုရုကြီး Google အနေနဲ့ mid-range အမျိုးအစား Pixel စီးရီးစမတ်ဖုန်းကို ထုတ်ဖို့ပြင်ဆင်လျက်ရှိနေပြီး အဲ့ဒီဖုန်းမှာ  Snapdragon 710 ပရိုဆက်ဆာကို အသုံးပြုလာမယ်လို့ သိရပါတယ်။

ဖုန်းတွေနဲ့ပတ်သတ်ရင် အမြဲတမ်းထုတ်ဖော်လေ့ရှိတဲ့ leakster တစ်ဦး Roland Quandt ကသူရဲ့တွစ်တာမှာ တင်လိုက်မှာတင်လိုက်တာ ဖြစ်ပါတယ်။ စမတ်ဖုန်းသစ်ကိုတော့ ၂၀၁၉ပထမလေးလပတ်လောက်မှ ရနိုင်မှာဖြစ်ပါတယ်။ ဖုန်းအသစ်နဲ့ ပတ်သတ်တဲ့ အခြားအပိုင်းတွေကို မသိရသေးပေမယ့် သူ့မှာကင်မရာပိုင်းတိုးမြင့်မှုနဲ့အတူ Notch ဒီဇိုင်းပါဝင်လာဖွယ် ရှိပါတယ်။ ပြီးတော့ မျက်နှာပြင်ကလည်းယနေ့ဖုန်းတွေမှာ ခေတ်စားနေတဲ့ Full-View Display သုံးလာဖို့သေချာနေပါတယ်။ လက်ရှိထွက်ထားတဲ့ ပုံတွေအရ နောက်ကျောဘက်မှာ Dual ကင်မရာကို ဒေါင်လိုက်တပ်ဆင်ထားမျာ ဖြစ်ပြီး အရှေ့ဘက် Selfie ကင်မရာကိုတော့ Notch မှာတပ်ဆင်ထားနိုင်ပါတယ်။

Qualcomm ရဲ့Snapdragon 710 ဟာ mid-range chip အမျိုးအစားဖြစ်ပြီး 2.2GHz အမြန်နှုန်းရှိမှာ ဖြစ်ကာKryo 360 architecture ကိုသုံးထားတာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းကိုတော့  Adreno 616 GPU နဲ့တွဲဖက်လာမှာပါ။ ဒီ Chip ဟာQC 4.0+ ကိုလည်းထောက်ပံ့ပေးနိုင်ပြီး လက်ရှိသူ့ကို ပထမဆုံးသုံးနေတဲ့ စမတ်ဖုန်းကတော့ Xiaomi ရဲ့တန်ဘိုးနည်းစမတ်ဖုန်း Mi 8 SE မှာပဲဖြစ်ပါတယ်။ Snapdragon 710 ဟာစွမ်းဆောင်ရည်ပိုင်းမှာ ကောင်းမွန်ပြီး ပါဝါစားသက်သာစေတဲ့ အလယ်အလတ်အဆင့် ပရိုဆက်ဆာပဲဖြစ်ပါတယ်။ AI နဲ့ AR လုပ်ဆောင်ချက်တွေကိုတောင် ထောက်ပံ့ပေးထားပါတယ်။

Leave a Reply