ဇြန္ ၈ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မယ့္ BlackBerry KEY2 စမတ္ဖုန္း

0
1489

BlackBerry အေနနဲ႔ KEY2 မ်ိဳးဆက္သစ္ စမတ္ဖုန္းကို မိတ္ဆက္မယ့္ ရက္နဲ႔အခ်ိန္ကို တရားဝင္ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီျဖစ္ပါတယ္။ မိတ္ဆက္မယ့္ရက္ကေတာ့ယခုလ ၈ရက္ေန႔ျဖစ္ၿပီး တရုတ္ႏုိင္ငံေဘဂ်င္းမွာရွိတဲ့ ဒရမ္မာစင္တာမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ စမတ္ဖုန္းသစ္ကို သိပ္ေစာင္ေမွ်ာ္ရေတာ့ မွာမဟုတ္ေတာ့ပါဘူး။ ၿပီးခဲ့တဲ့ လကုန္ပိုင္းကထြက္ရွိခဲ့တဲ့ BlackBerry ဖုန္းအသစ္ရဲ႕ ပရိုးမိုးရွင္းဗီဒီယိုေၾကာင့္လည္း သုံးစြဲသူေတြအေနနဲ႔ အံ့အားသင့္စရာေတြ ေတြ႕ခဲ့ရပါတယ္။ တရားဝင္ထြက္လာတဲ့ video မွာျပသထားတာကေတာ့ KEY2 ဖုန္းမွာ iconic physical ကီးဘုတ္ကုိအျပည့္သုံးထားမွာျဖစ္ၿပီး ေနာက္ေက်ာဘက္မွာ ကင္မရာ၂ခုတပ္ဆင္ေပးထားပါတယ္။

စမတ္ဖုန္းမွာ ပရိုဆက္ဆာပိုင္းအေနနဲ႔ လက္ရွိ mid-range စမတ္ဖုန္းေတြျဖစ္တဲ့  Vivo X20 နဲ႔ Oppo R11S တု႔ိမွာသုံးထားတဲ့ Snapdragon 660 ကိုသုံးလာမွာ ျဖစ္ၿပီး ဖုန္းဟာ all-glass ဒီဇုိင္းနဲ႔ျဖစ္ပါတယ္။ 4.5လက္မ်က္ႏွာျပင္မွာ  1620×1080 display မွာOcta-core Qualcomm Snapdragon 660 ပရိုဆက္ဆာကို သုံးထားမွာျဖစ္ပါတယ္။ RAM ပိုင္းမွာေတာ့ 4GB နဲ႔ 6GB ဆိုၿပီး၊အမ်ိဳးအစားကြဲႏုိင္ပါတယ္။ 6GBRAM နဲ႔အတူ 64GB storage ပါဝင္မွာျဖစ္ပါတယ္။ 4GB RAM နဲ႔စမတ္ဖုန္းဟာ အနိမ့္ဗားရွင္းလို႔သတ္မွတ္ ႏုိင္ၿပီး သူ႕မွာ Snapdragon 450 8-core ကိုအသုံးျပဳထားမွာျဖစ္ပါတယ္။

Android 8.1 Oreo တစ္ပါတည္း ထည့္သြင္းေပးထားမွာျဖစ္ၿပီး Wi-Fi ကြန္ရက္ဟာ 2.4GHz နဲ႔ 5GHz ၂မ်ိဳးလုံးမွာအလုပ္လုပ္ပါလိမ့္မယ္။ ဒီဇုိင္းနဲ႔မ်က္ႏွာျပင္ပိုင္းမွာ ယခင္မ်ိဳးဆက္နဲ႔ တူညီႏိုင္ၿပီး QWERTY ရဲ႕ပုံစံကိုေတာ့ အနုညး္ငယ္အေျပာင္းအလဲ လုပ္ႏုိင္ပါတယ္။ ေက်ာဘက္ကင္မရာ၂လုံးတပ္ဆင္ထားမွာျဖစ္ၿပီး အားသြင္းဖို႔နဲ႔ အခ်က္အလက္ေတြလႊဲေျပာင္းဖို႔အတြက္ USB- C ပါဝင္လာမွာပါ။ ကင္မရာပိုင္းမွာေတာ့ Dual ျဖစ္ၿပီး 12 MP (f/1.8, 1/2.3″, 1.55µm) + 8 MP ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ 8 MP (f/2.0, 1.12µm) တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။ ဘက္ထရီစြမ္းအားကေတာ့ Li-Ion 3360 mAh နဲ႔ျဖစ္ၿပီး လက္ေဗြဖတ္စနစ္ပါဝင္မွာ ျဖစ္ပါတယ္။

Unicode

BlackBerry အနေနဲ့ KEY2 မျိုးဆက်သစ် စမတ်ဖုန်းကို မိတ်ဆက်မယ့် ရက်နဲ့အချိန်ကို တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ မိတ်ဆက်မယ့်ရက်ကတော့ယခုလ ၈ရက်နေ့ဖြစ်ပြီး တရုတ်နိုင်ငံဘေဂျင်းမှာရှိတဲ့ ဒရမ်မာစင်တာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းသစ်ကို သိပ်စောင်မျှော်ရတော့ မှာမဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ လကုန်ပိုင်းကထွက်ရှိခဲ့တဲ့ BlackBerry ဖုန်းအသစ်ရဲ့ ပရိုးမိုးရှင်းဗီဒီယိုကြောင့်လည်း သုံးစွဲသူတွေအနေနဲ့ အံ့အားသင့်စရာတွေ တွေ့ခဲ့ရပါတယ်။ တရားဝင်ထွက်လာတဲ့ video မှာပြသထားတာကတော့ KEY2 ဖုန်းမှာ iconic physical ကီးဘုတ်ကိုအပြည့်သုံးထားမှာဖြစ်ပြီး နောက်ကျောဘက်မှာ ကင်မရာ၂ခုတပ်ဆင်ပေးထားပါတယ်။

စမတ်ဖုန်းမှာ ပရိုဆက်ဆာပိုင်းအနေနဲ့ လက်ရှိ mid-range စမတ်ဖုန်းတွေဖြစ်တဲ့  Vivo X20 နဲ့ Oppo R11S တု့ိမှာသုံးထားတဲ့ Snapdragon 660 ကိုသုံးလာမှာ ဖြစ်ပြီး ဖုန်းဟာ all-glass ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ 4.5လက်မျက်နှာပြင်မှာ  1620×1080 display မှာOcta-core Qualcomm Snapdragon 660 ပရိုဆက်ဆာကို သုံးထားမှာဖြစ်ပါတယ်။ RAM ပိုင်းမှာတော့ 4GB နဲ့ 6GB ဆိုပြီး၊အမျိုးအစားကွဲနိုင်ပါတယ်။ 6GBRAM နဲ့အတူ 64GB storage ပါဝင်မှာဖြစ်ပါတယ်။ 4GB RAM နဲ့စမတ်ဖုန်းဟာ အနိမ့်ဗားရှင်းလို့သတ်မှတ် နိုင်ပြီး သူ့မှာ Snapdragon 450 8-core ကိုအသုံးပြုထားမှာဖြစ်ပါတယ်။

Android 8.1 Oreo တစ်ပါတည်း ထည့်သွင်းပေးထားမှာဖြစ်ပြီး Wi-Fi ကွန်ရက်ဟာ 2.4GHz နဲ့ 5GHz ၂မျိုးလုံးမှာအလုပ်လုပ်ပါလိမ့်မယ်။ ဒီဇိုင်းနဲ့မျက်နှာပြင်ပိုင်းမှာ ယခင်မျိုးဆက်နဲ့ တူညီနိုင်ပြီး QWERTY ရဲ့ပုံစံကိုတော့ အနုည်းငယ်အပြောင်းအလဲ လုပ်နိုင်ပါတယ်။ ကျောဘက်ကင်မရာ၂လုံးတပ်ဆင်ထားမှာဖြစ်ပြီး အားသွင်းဖို့နဲ့ အချက်အလက်တွေလွှဲပြောင်းဖို့အတွက် USB- C ပါဝင်လာမှာပါ။ ကင်မရာပိုင်းမှာတော့ Dual ဖြစ်ပြီး 12 MP (f/1.8, 1/2.3″, 1.55µm) + 8 MP ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 8 MP (f/2.0, 1.12µm) တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားကတော့ Li-Ion 3360 mAh နဲ့ဖြစ်ပြီး လက်ဗွေဖတ်စနစ်ပါဝင်မှာ ဖြစ်ပါတယ်။

Leave a Reply