Infinity Display ပါတဲ့ Samsung Galaxy A9 Star Series မ်ားကို ေရာင္းၿပီ

0
1695

Samsung Galaxy A9 Star နဲ႔ A9 Star Lite တို႔ရဲ႕ သတင္းမ်ား ထြက္ေနတာ ရက္သတၱပတ္ အနည္းငယ္ရွိေနပါၿပီ။ အခုေတာ့ အဲဒီ ဖုန္း ႏွစ္လံုးကို တရုတ္မွာ ေရာင္းခ်ေပးလိုက္ပါၿပီ။ ၅၇၅ ေဒၚလာနဲ႔ ၄၂၀ ေဒၚလာ အသီးသီး သတ္မွတ္ထားၿပီး ႀကိဳတင္မွာယူခြင့္ျပဳထားပါၿပီ။

ဖုန္းႏွစ္လံုးထဲမွ တန္ဖိုးႀကီး ေမာ္ဒယ္ျဖစ္တဲ့ Galaxy A9 Star မွာ ၆.၂၈ လက္မ FHD+ Infinity Display တပ္ဆင္ထားၿပီး AMOLED အမ်ိဳးအစား ျဖစ္ပါတယ္။ မ်က္နွာျပင္ အခ်ိဳးမွာ 18.5:9 ျဖစ္ၿပီး မ်က္ႏွာျပင္ေဘးေဘာင္မဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ Qualcomm Snapdragon 660 Chipset, 4GB RAM , 64GB Storage မ်ား ထည့္သြင္းထားပါတယ္။ 256GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။

Selfie Camera ကေတာ့ 24MP ျဖစ္ပါတယ္။ 24+16MP Dual Rear Camera မ်ား ထည့္သြင္းေပးထားပါတယ္။ ဘက္ထရီမွာ 3700mAh ျဖစ္ၿပီး လက္ေဗြရာ အာရံုခံ ကိရိယာကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။ Android 8.0 အေျချပဳ Samsung Experience 9.0 ကို သံုးထားပါတယ္။

တန္ဖိုးနည္း ေမာ္ဒယ္ျဖစ္တ့ဲ Galaxy A9 Star Lite မွာ ၆ လက္မ FHD+ Infinity Display ကို သံုးထားပါတယ္။ Qualcomm Snapdragon 450 Chipset, 4GB RAM, 64GB Storage , 3500mAh Battery မ်ားထည့္သြင္းထားပါတယ္။ သူ႔ရဲ႕ ကင္မရာ သတင္းအခ်က္အလက္မ်ားကို မသိရေသးပါဘူး။ အဲဒီ စမတ္ဖုန္းမ်ားကို အျခားႏုိင္ငံမ်ားမွာေတာ့ အျခား အမည္မ်ားနဲ႔ ေရာင္းခ်ႏိုင္ပါတယ္။

unicode

Infinity Display ပါတဲ့ Samsung Galaxy A9 Star Series များကို ရောင်းပြီ

Samsung Galaxy A9 Star နဲ့ A9 Star Lite တို့ရဲ့ သတင်းများ ထွက်နေတာ ရက်သတ္တပတ် အနည်းငယ်ရှိနေပါပြီ။ အခုတော့ အဲဒီ ဖုန်း နှစ်လုံးကို တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ ၅၇၅ ဒေါ်လာနဲ့ ၄၂၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပြီး ကြိုတင်မှာယူခွင့်ပြုထားပါပြီ။

ဖုန်းနှစ်လုံးထဲမှ တန်ဖိုးကြီး မော်ဒယ်ဖြစ်တဲ့ Galaxy A9 Star မှာ ၆.၂၈ လက်မ FHD+ Infinity Display တပ်ဆင်ထားပြီး AMOLED အမျိုးအစား ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 18.5:9 ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Qualcomm Snapdragon 660 Chipset, 4GB RAM , 64GB Storage များ ထည့်သွင်းထားပါတယ်။ 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

Selfie Camera ကတော့ 24MP ဖြစ်ပါတယ်။ 24+16MP Dual Rear Camera များ ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီမှာ 3700mAh ဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ Android 8.0 အခြေပြု Samsung Experience 9.0 ကို သုံးထားပါတယ်။

တန်ဖိုးနည်း မော်ဒယ်ဖြစ်တဲ့ Galaxy A9 Star Lite မှာ ၆ လက်မ FHD+ Infinity Display ကို သုံးထားပါတယ်။ Qualcomm Snapdragon 450 Chipset, 4GB RAM, 64GB Storage , 3500mAh Battery များထည့်သွင်းထားပါတယ်။ သူ့ရဲ့ ကင်မရာ သတင်းအချက်အလက်များကို မသိရသေးပါဘူး။ အဲဒီ စမတ်ဖုန်းများကို အခြားနိုင်ငံများမှာတော့ အခြား အမည်များနဲ့ ရောင်းချနိုင်ပါတယ်။

Leave a Reply