32G Model ထြက္ရွိလာတဲ့ Xiaomi Mi 6X

0
1893




unicode

32G Model ထွက်ရှိလာတဲ့ Xiaomi Mi 6X

Xiaomi က ဧပြီလမှာ Mi 6X ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့အတွက် 32GB Storage Model ကို ရောင်းချပေးလိုက်ပါတယ်။ ၂၂၀ ဒေါ်လာ ဝန်းကျင်ကျသင့်ပါတယ်။ တရုတ်မှာ စတင် ဝယ်ယူနိုင်ပါပြီ။ အခြား Specs များကတော့ မူလမော်ဒယ်နဲ့ တူညီပါတယ်။

Mi 6X မှာ 18:9 2160 x 1080 LCD ၊ Snapdragon 660 processor ၊ ကင်မရာနှစ်လုံးစနစ်မှာ 20-megapixel main sensor ၊ အရှေ့ဘက်မှာ 20-megapixel နဲ့ flash ၊ အနောက်ဘက်က fingerprint sensor ၊ USB-C တို့ပါဝင်ပြီးတော့ headphone jack ဖြုတ်ထားပါတယ်။ 7.3mm အထူရှိပြီးတော့ အလေးချိန်က ၁၆၆ဂရမ်ဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ အနက်၊ အနီ၊ အပြာ၊ ရွှေ၊ ပန်းရောင်တို့ကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ microSD Slot တော့ မပါပါဘူး။ 4GB RAM ထည့်ပေးထားပါတယ်။

6X က တရုတ်ကိုဦးတည်ထားပေမယ့်လည်း အိန္ဒိယကိုလည်း ရောက်လာလိမ့်မယ်လို့ hint ပေးထားပါတယ်။ မနှစ်က Mi 5X ကလည်း Mi A1 ဆိုပြီးတော့ အပြင်ကို ထွက်လာခဲ့ပါတယ်။ သူ့ကို တရုတ်မှာ Mi A2 အမည်နဲ့ ရောင်းချပေးထားတာ ဖြစ်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပေမယ့် သူ့ရဲ့ AI ပါတဲ့ အနောက်ကင်မရာများဟာ Apple iPhone X ထက်တောင် ကောင်းမွန်တယ်လို့ ရှောင်မီက ပြောပါတယ်။

Leave a Reply