သြဂုတ်လ ကိုးရက်နေ့မှာ ဆမ်ဆောင်းထံမှ Galaxy Note ကို တွေ့မြင်ရမည်

0
1696

Zawgyi Version



Unicode Version

သူတို့ဘာတွေလုပ်ထားသလဲဆိုတာ ကျွန်တော်တို့ တွေ့မြင်ရမှာပါ။

Samsung က သူ့ရဲ့ Galaxy Note စမတ်ဖုန်းလေးကို သြဂုတ်လ ၉ရက်နေ့မှာ ထုတ်ပြဖို့အတွက် စီစဉ်ထားပါတယ်။ ကင်မရာပိုင်းတွေ ပြင်ဆင်ထားတယ်လို့ သတင်းရထားပါတယ်။ သွင်ပြင်ကတော့ အရင်ထွက်ရှိထားတဲ့မော်ဒယ်လ်တွေနဲ့ ဆင်တူမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်ထဲမှာ ရှိနေတဲ့ ပရိုဆက်ဆာတွေထက်တော့ အဆင့်မြှင့်တင်ထားတယ်လို့ ဆိုပါတယ်။
ဆမ်ဆောင်းဖန်တွေကတော့ Bixby 2.0 ကို စောင့်ကြည့်နေကြပါတယ်။ Note 9 မှာ ပထမဆုံးထွက်ရှိလာမှာဖြစ်ပြီးတော့ စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။ အဲဒီဖုန်းလေးကို နယူးယောက်မြို့မှာ ပြသပေးသွားမှာ ဖြစ်ပါတယ်။ သြဂုတ်လအကုန်လောက်မှာ ထွက်ရှိပေးဖို့ ဆမ်ဆောင်းကတော့ ကြိုးစားပေးနေပါတယ်။

Leave a Reply