၆.၅ လက္မ iPhone X2 Plus ရဲ႕ ဗီဒီယို ထြက္ေပၚလာ

0
1915

Apple က ယခုႏွစ္ စက္တင္ဘာလထဲမွာ အိုင္ဖုန္း အသစ္သံုးလံုးကို ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ အဲဒီ အိုင္ဖုန္းမ်ားကေတာ့ iPhone X အသစ္၊ အရြယ္ႀကီး iPhone X2 Plus နဲ႔ တန္ဖိုးသင့္ LCD Model ( Face ID ပါေသာ)တို႔ ျဖစ္ပါတယ္။ iPhone X2 Plus ကို iPhone X Plus လို႔လည္း အမည္ေပးထားႏုိင္ပါတယ္။ iPhone X2 Plus ဗီဒီယုိအရ သူ႔မွာ ၆.၅ လက္မ OLED Display ကို တပ္ဆင္ထားမွာ ျဖစ္ပါတယ္။

မ်က္ႏွာျပင္ေဘးေဘာင္မဲ့ ဒီဇိုင္းျဖစ္ၿပီး Notch လည္း ပါပါတယ္။ Notch မွာ Face ID အတြက္ လိုအပ္တဲ့ ဆန္ဆာမ်ား၊ Earpiece နဲ႔ ကင္မရာမ်ားကို တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ႏွစ္လံုးကို ေဒါင္လိုက္ တပ္ဆင္ ထားပါတယ္။ Face ID ကိုသာ ထည့္ေပးထားၿပီး လက္ေဗြရာ အာရံုခံ ကိရိယာေတာ့ မပါလာပါဘူး။ သူ႔ရဲ႕ အရြယ္အစား အျပည့္အစံုမွာ 157.5×77.4×7.7mm ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

ၿပီးခဲ့တဲ့ ရက္ကေတာ့ ၆.၁ လက္မ အိုင္ဖုန္းရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚခဲ့ပါတယ္။ တန္ဖိုးနည္း ေမာ္ဒယ္ျဖစ္ပါတယ္။ သူ႔မွာ OLED အစား ေစ်းသက္သာတဲ့ IPS LCD Display ကိုသာ တပ္ဆင္ထားပါတယ္။ ထြက္ေပၚလာတဲ့ ဓါတ္ပံုအရေတာ့ မ်က္ႏွာျပင္ အခ်ိဳးဟာ 19.5:9 ျဖစ္ႏုိင္ပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္မ်ားက အလြန္ပါးလႊာပါတယ္။ Notch လည္း ထည့္သြင္းထားပါတယ္။ အေရွ႕နဲ႔ အေနာက္ဟာ ဖန္ျဖင့္ ဖံုးအုပ္ထားတဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ ၅.၈ လက္မ အိုင္ဖုန္းရဲ႕ ဓါတ္ပံုမ်ားေတာ့ မထြက္လာေသးပါဘူး။

unicode

၆.၅ လက်မ iPhone X2 Plus ရဲ့ ဗီဒီယို ထွက်ပေါ်လာ

Apple က ယခုနှစ် စက်တင်ဘာလထဲမှာ အိုင်ဖုန်း အသစ်သုံးလုံးကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ အိုင်ဖုန်းများကတော့ iPhone X အသစ်၊ အရွယ်ကြီး iPhone X2 Plus နဲ့ တန်ဖိုးသင့် LCD Model ( Face ID ပါသော)တို့ ဖြစ်ပါတယ်။ iPhone X2 Plus ကို iPhone X Plus လို့လည်း အမည်ပေးထားနိုင်ပါတယ်။ iPhone X2 Plus ဗီဒီယိုအရ သူ့မှာ ၆.၅ လက်မ OLED Display ကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

မျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်းဖြစ်ပြီး Notch လည်း ပါပါတယ်။ Notch မှာ Face ID အတွက် လိုအပ်တဲ့ ဆန်ဆာများ၊ Earpiece နဲ့ ကင်မရာများကို တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံးကို ဒေါင်လိုက် တပ်ဆင် ထားပါတယ်။ Face ID ကိုသာ ထည့်ပေးထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါလာပါဘူး။ သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 157.5×77.4×7.7mm ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ ၆.၁ လက်မ အိုင်ဖုန်းရဲ့ ဓါတ်ပုံများ ထွက်ပေါ်ခဲ့ပါတယ်။ တန်ဖိုးနည်း မော်ဒယ်ဖြစ်ပါတယ်။ သူ့မှာ OLED အစား ဈေးသက်သာတဲ့ IPS LCD Display ကိုသာ တပ်ဆင်ထားပါတယ်။ ထွက်ပေါ်လာတဲ့ ဓါတ်ပုံအရတော့ မျက်နှာပြင် အချိုးဟာ 19.5:9 ဖြစ်နိုင်ပါတယ်။ မျက်နှာပြင်ဘေးဘောင်များက အလွန်ပါးလွှာပါတယ်။ Notch လည်း ထည့်သွင်းထားပါတယ်။ အရှေ့နဲ့ အနောက်ဟာ ဖန်ဖြင့် ဖုံးအုပ်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ၅.၈ လက်မ အိုင်ဖုန်းရဲ့ ဓါတ်ပုံများတော့ မထွက်လာသေးပါဘူး။

Leave a Reply