Xiaomi Mi 8 ကို ေလ့လာၾကည့္ရေအာင္

0
3059

Zawgyi Version

Qualcomm ရဲ႕ free promotion လို႕ေျပာရမယ္။

Xiaomi ရဲ႕ဖုန္းေလးေတြအေတာ္မ်ားမ်ားကို ေစ်းကြက္မွာျမင္ေနရပါျပီ။ Mi 8 Explorer Edition ကလည္း သူ႕ရဲ႕ transparent ဒီဇုိင္းကုိျမင္သာေအာင္ ထုတ္ျပလိုက္ပါျပီ။ keynote ျပီးတဲ့ေနာက္မွာေတာ့ လူအုပ္ေတြၾကားထဲတိိုးေ၀ွ႕ျပီးေတာ့ အစမ္းဖုန္းေလးေတြ ကိုင္ခြင့္ရဖုိ႕အေရးၾကိဳးပမ္းရပါေတာ့တယ္။ တန္ပါတယ္ဗ်ာ။ Xiaomi ရဲ႕ ၀က္ဘ္ဆုိက္မွာ display ေပၚမွာရွိတဲ့အရာတုိင္းက component တုိင္းကို ျမင္ရမွာမဟုတ္ဘူး။ ပရိုဆက္တာကိုပဲအဓိကျပထားတာလုိ႕ ေျပာေပမယ့္လည္း ထြက္လာတဲ့အခ်ိန္မွာေတာ့ ဘတ္ထရီေတာင္ ျမင္ေနရပါတယ္။

ဒီလို စိတ္ကိုဖမ္းစားႏုိင္တဲ့ဖုန္းေလးကို ေငးၾကည့္ေနမိပါတယ္။ ထြင္းေဖာက္ျမင္ေနရတဲ့ဒီဇုိင္းက စမတ္ဖုန္းေလာကမွာ အသစ္ေတာ့မဟုတ္ပါဘူး။ မၾကာေသးခင္တုန္းကလည္း HTC က U12+ နဲ႕ U11+ မွာတုန္းကလည္း အဲဒီလိုမ်ိဳး ထုတ္ခဲ့ဖူးပါတယ္။ အဲဒီထပ္ေရွးက်တာက ဂ်ပန္ KDDI ကထုတ္တဲ့ transparent Firefox OS ဖုန္းရွိပါေသးတယ္။ ဒါေပမယ့္လည္း သူတို႕ေတြကအဲဒီေလာက္အထိ မျပထားပါဘူး။ ဘတ္ထရီ၊ NFC coil ၊ ၀က္အူေလးေတြနဲ႕ ၾကိဳးေလးေတြေလာက္ပါပဲ။ Xiaomi ကေတာ့ Mi 8 Explorer Edition နဲ႕ ရွိရွိသမွ်ကို ထုတ္ျပလိုက္တာပါ။

အေသးစိတ္ဆန္သြားတယ္လို႕ ဆိုရမယ္။ စာသားေတြထည့္ထားတာကို ၾကိဳက္တဲ့သူတစ္ေယာက္ေတာ့ မဟုတ္ပါဘူး။ ဒါေတြဖတ္ေနရတာ ဘယ္လိုၾကီးမွန္းကိုမသိပါဘူး။ “ထူးျခားတဲ့တစ္စံုတစ္ရာျဖစ္လာေတာ့မယ္လုိ႕ အျမဲတမ္းယံုၾကည္ထားပါ” ဒါေလးက အေတာ္ထိပါတယ္။ တကယ္လို႕ Xiaomi ကသာ တစ္ေၾကာင္းပဲထည့္ခြင့္ရွိေတာ့မယ္ဆုိုရင္ေတာ့ NFC module မွာေရးထားတဲ့ “innovation for everyone” ေလးကိုပဲ ေရြးဖို႕ေတာင္းဆိုခ်င္ပါတယ္။

Mi 8 Explorer Edition ဟာ တရုတ္ယြမ္္ ၃၆၉၉ (ေဒၚလာ၅၈၀) ျဖစ္ပါတယ္။ ဒီေတာ့ Snapdragon 845 ၊ 8GB RAM ၊ 128GB storage ၊ ကင္မရာႏွစ္လံုး၊ 3D face scanner တို႕နဲ႕ဆိုေတာ့ မ်ားတယ္မဆိုႏုိင္ေတာ့ပါဘူး။ အေနာက္ႏုိင္ငံေတြမွာရမလားဆိုတာကေတာ့ မသိရေသးပါဘူး။ တရုတ္အတြက္ေတာင္ ထြက္မယ့္ရက္ မေျပာထားေသးပါဘူး။ ဒီေတာ့ စိတ္ရွည္ရွည္နဲ႕ ေစာင့္ၾကဦးစို႕။

Unicode Version

Qualcomm ရဲ့ free promotion လို့ပြောရမယ်။
Xiaomi ရဲ့ဖုန်းလေးတွေအတော်များများကို ဈေးကွက်မှာမြင်နေရပါပြီ။ Mi 8 Explorer Edition ကလည်း သူ့ရဲ့ transparent ဒီဇိုင်းကိုမြင်သာအောင် ထုတ်ပြလိုက်ပါပြီ။ keynote ပြီးတဲ့နောက်မှာတော့ လူအုပ်တွေကြားထဲတိုးဝှေ့ပြီးတော့ အစမ်းဖုန်းလေးတွေ ကိုင်ခွင့်ရဖို့အရေးကြိုးပမ်းရပါတော့တယ်။ တန်ပါတယ်ဗျာ။ Xiaomi ရဲ့ ဝက်ဘ်ဆိုက်မှာ display ပေါ်မှာရှိတဲ့အရာတိုင်းက component တိုင်းကို မြင်ရမှာမဟုတ်ဘူး။ ပရိုဆက်တာကိုပဲအဓိကပြထားတာလို့ ပြောပေမယ့်လည်း ထွက်လာတဲ့အချိန်မှာတော့ ဘတ်ထရီတောင် မြင်နေရပါတယ်။
ဒီလို စိတ်ကိုဖမ်းစားနိုင်တဲ့ဖုန်းလေးကို ငေးကြည့်နေမိပါတယ်။ ထွင်းဖောက်မြင်နေရတဲ့ဒီဇိုင်းက စမတ်ဖုန်းလောကမှာ အသစ်တော့မဟုတ်ပါဘူး။ မကြာသေးခင်တုန်းကလည်း HTC က U12+ နဲ့ U11+ မှာတုန်းကလည်း အဲဒီလိုမျိုး ထုတ်ခဲ့ဖူးပါတယ်။ အဲဒီထပ်ရှေးကျတာက ဂျပန် KDDI ကထုတ်တဲ့ transparent Firefox OS ဖုန်းရှိပါသေးတယ်။ ဒါပေမယ့်လည်း သူတို့တွေကအဲဒီလောက်အထိ မပြထားပါဘူး။ ဘတ်ထရီ၊ NFC coil ၊ ဝက်အူလေးတွေနဲ့ ကြိုးလေးတွေလောက်ပါပဲ။ Xiaomi ကတော့ Mi 8 Explorer Edition နဲ့ ရှိရှိသမျှကို ထုတ်ပြလိုက်တာပါ။
အသေးစိတ်ဆန်သွားတယ်လို့ ဆိုရမယ်။ စာသားတွေထည့်ထားတာကို ကြိုက်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါတွေဖတ်နေရတာ ဘယ်လိုကြီးမှန်းကိုမသိပါဘူး။ “ထူးခြားတဲ့တစ်စုံတစ်ရာဖြစ်လာတော့မယ်လို့ အမြဲတမ်းယုံကြည်ထားပါ” ဒါလေးက အတော်ထိပါတယ်။ တကယ်လို့ Xiaomi ကသာ တစ်ကြောင်းပဲထည့်ခွင့်ရှိတော့မယ်ဆိုရင်တော့ NFC module မှာရေးထားတဲ့ “innovation for everyone” လေးကိုပဲ ရွေးဖို့တောင်းဆိုချင်ပါတယ်။
Mi 8 Explorer Edition ဟာ တရုတ်ယွမ် ၃၆၉၉ (ဒေါ်လာ၅၈၀) ဖြစ်ပါတယ်။ ဒီတော့ Snapdragon 845 ၊ 8GB RAM ၊ 128GB storage ၊ ကင်မရာနှစ်လုံး၊ 3D face scanner တို့နဲ့ဆိုတော့ များတယ်မဆိုနိုင်တော့ပါဘူး။ အနောက်နိုင်ငံတွေမှာရမလားဆိုတာကတော့ မသိရသေးပါဘူး။ တရုတ်အတွက်တောင် ထွက်မယ့်ရက် မပြောထားသေးပါဘူး။ ဒီတော့ စိတ်ရှည်ရှည်နဲ့ စောင့်ကြဦးစို့။

Leave a Reply