ဇြန္လ 12 ရက္ေန႔မွာ မိတ္ဆက္သြားမယ့္ Vivo NEX စမတ္ဖုန္း

0
1633

စမတ္ဖုန္းထုတ္လုပ္သူ Vivo အေနနဲ႔ ေဖေဖာ္ဝါရီလက က်င္းပခဲ့တဲ့ MWC ပြဲႀကီးမွာ APEX Concept Phone ဖုန္းကိုျပသခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္ကေတာ့ ကုမၸဏီအေနနဲ႔ စမတ္ဖုန္းသစ္တစ္မ်ိဳးကိုဇြန္လဒုတိယအပတ္အတြင္းမွာ မိတ္ဆက္သြားေတာ့မယ္လို႔ အရိပ္အျမြက္ေျပာၾကားခဲ့ပါတယ္။ အခုေတာ့ အဲ့ဒီစမတ္ဖုန္းကို သိရၿပီျဖစ္ပါတယ္။ Vivo အေနနဲ႔ concept ျပသခဲ့တဲ့ဖုန္းကို vivo NEX လို႔နာမည္ေပးထားၿပီး ယခုလ၁၂ရက္ေန႔မွာ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။
တရုတ္လူမႈကြန္ရက္မွာ Weibo တင္ထားတဲ့ Vivo ရဲ႕ေျပာၾကားခ်က္အရ အနာဂတ္အေတြ႕အႀကံဳသစ္ေတြကို ျမင္ေတြ႕ႏုိင္ဖုိ႔အတြက္ အခ်ိန္မၾကာေတာ့ပါဘူးလို႔ ဆိုပါတယ္။

ဖုန္းဟာ ေဘးေဘာင္ေတြ လုံးဝမပါေတာ့ သေလာက္ျဖစ္သြားၿပီး screen ဟာကိုယ္ထည္တစ္ခုလုံးရဲ႕ 100% အျပည့္ျမင္ကြင္းေဖာ္ျပႏုိင္စြမ္းနဲ႔ လာမွာျဖစ္ပါတယ္။ ဒ့ါအျပင္ display ရဲ႕ေအာက္ဘက္မွာ fingerprint scanner ကိုျမဳပ္ႏွံထားေပးအုံးမွာ ျဖစ္ပါတယ္။ ၁၀၀ ရာခိုင္ႏႈန္းနီးပါး ႐ုပ္ထြက္ေပးႏုိင္ ေအာင္ ေရွ႕ကင္မရာကုိ ဖုန္းထိပ္ကေန Pop-up ဒီဇုိင္းႏွင့္ ဖန္တီးထားၿပီး ဖုန္းေခၚဆိုမႈ စပီကာမထည့္သြင္းဘဲ Mi Mix လုိပဲ လွ်ပ္စစ္အသံလိႈင္းႏွင့္ ဖန္တီးထားပါတယ္။ vivo NEX ရဲ႕မ်က္ႏွာျပင္ပိုင္းအတြက္ OLED display နဲ႔အတူ Full HD+ resolution ေဖာ္ျပႏုိင္စြမ္းေပးထားမွာပါ။

ပရိုဆက္ဆာပိုင္းအတြက္ Snapdragon 845 အသံုးျပဳလာပါမယ္။ Snapdragon 710 ပရိုဆက္ဆာသုံးလာမယ့္ ေစ်းသက္သာတဲ့ NEX ဖုန္းလည္းထြက္ရွိလာမယ္လို႔ သိရပါတယ္။ Snapdragon 710 သုံးထားတဲ့ဖုန္းမွာ ကင္မရာပိုင္းကိုလည္း ေလ်ာ့ခ်ထားမွာ ျဖစ္ပါတယ္။ Snapdragon 845 သုံးထားတဲ့အျမင့္ဗားရွင္း vivo NEX ကိုေတာ့ ေဒၚလာ
1000 နီးပါးနဲ႔ေရာင္းခ်ႏိုင္ၿပီး Snapdragon 710 သုံးထားမယ့္ဖုန္းကိုေတာ့ ေဒၚလာ 780 ဝန္းက်င္နဲ႔ ေရာင္းခ်လာမွာ ျဖစ္ပါတယ္။

Unicode

စမတ်ဖုန်းထုတ်လုပ်သူ Vivo အနေနဲ့ ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ MWC ပွဲကြီးမှာ APEX Concept Phone ဖုန်းကိုပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းသစ်တစ်မျိုးကိုဇွန်လဒုတိယအပတ်အတွင်းမှာ မိတ်ဆက်သွားတော့မယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ အခုတော့ အဲ့ဒီစမတ်ဖုန်းကို သိရပြီဖြစ်ပါတယ်။ Vivo အနေနဲ့ concept ပြသခဲ့တဲ့ဖုန်းကို vivo NEX လို့နာမည်ပေးထားပြီး ယခုလ၁၂ရက်နေ့မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။
တရုတ်လူမှုကွန်ရက်မှာ Weibo တင်ထားတဲ့ Vivo ရဲ့ပြောကြားချက်အရ အနာဂတ်အတွေ့အကြုံသစ်တွေကို မြင်တွေ့နိုင်ဖို့အတွက် အချိန်မကြာတော့ပါဘူးလို့ ဆိုပါတယ်။

ဖုန်းဟာ ဘေးဘောင်တွေ လုံးဝမပါတော့ သလောက်ဖြစ်သွားပြီး screen ဟာကိုယ်ထည်တစ်ခုလုံးရဲ့ 100% အပြည့်မြင်ကွင်းဖော်ပြနိုင်စွမ်းနဲ့ လာမှာဖြစ်ပါတယ်။ ဒ့ါအပြင် display ရဲ့အောက်ဘက်မှာ fingerprint scanner ကိုမြုပ်နှံထားပေးအုံးမှာ ဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်းနီးပါး ရုပ်ထွက်ပေးနိုင် အောင် ရှေ့ကင်မရာကို ဖုန်းထိပ်ကနေ Pop-up ဒီဇိုင်းနှင့် ဖန်တီးထားပြီး ဖုန်းခေါ်ဆိုမှု စပီကာမထည့်သွင်းဘဲ Mi Mix လိုပဲ လျှပ်စစ်အသံလှိုင်းနှင့် ဖန်တီးထားပါတယ်။ vivo NEX ရဲ့မျက်နှာပြင်ပိုင်းအတွက် OLED display နဲ့အတူ Full HD+ resolution ဖော်ပြနိုင်စွမ်းပေးထားမှာပါ။

ပရိုဆက်ဆာပိုင်းအတွက် Snapdragon 845 အသုံးပြုလာပါမယ်။ Snapdragon 710 ပရိုဆက်ဆာသုံးလာမယ့် ဈေးသက်သာတဲ့ NEX ဖုန်းလည်းထွက်ရှိလာမယ်လို့ သိရပါတယ်။ Snapdragon 710 သုံးထားတဲ့ဖုန်းမှာ ကင်မရာပိုင်းကိုလည်း လျော့ချထားမှာ ဖြစ်ပါတယ်။ Snapdragon 845 သုံးထားတဲ့အမြင့်ဗားရှင်း vivo NEX ကိုတော့ ဒေါ်လာ
1000 နီးပါးနဲ့ရောင်းချနိုင်ပြီး Snapdragon 710 သုံးထားမယ့်ဖုန်းကိုတော့ ဒေါ်လာ 780 ဝန်းကျင်နဲ့ ရောင်းချလာမှာ ဖြစ်ပါတယ်။

Leave a Reply