AI voice assistant ပါဝင္လာတဲ့ MIUI 10

0
2467

တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Xiaomi အေနနဲ႔ Mi 8 စမတ္ဖုန္းသစ္မိတ္ဆက္မႈနဲ႔အတူ MIUI 10 Android skin ကိုပါတစ္ပါတည္း ထုတ္ေဖာ္ေၾကျငာခဲ့ပါတယ္။ Update ျပဳလုပ္ေပးလိုက္တဲ့ ဗားရွင္းမွာ full-screen ေထာက္ပံ့မႈနဲ႔အတူ driving mode ကိုထည့္သြင္းေပးလိုက္ပါတယ္။ အေကာင္းဆုံးပါဝင္လာတဲ့ လုပ္ေဆာင္ခ်က္လို႔ သတ္မွတ္ႏုိင္မွာကေတာ့ dual (သို႔) single ကင္မရာပါဝင္တဲ့ စမတ္ဖုန္းမခြဲျခားေတာ့ပဲ Portrait Mode ကိုသုံးႏိုင္မွာျဖစ္ပါတယ္။

Image result for MIUI 10

recents menu ကလည္းအသစ္ျဖစ္ေပၚသြားၿပီ ျဖစ္ပါတယ္။ သူ႔ရဲ႕စြမ္းေဆာင္ခ်က္ေတြ အေနနဲ႔ app ေတြကို လိုအပ္သလို ဖြင့္လွစ္ႏိုင္ဖုိ႔ full-screen gestures နဲ႔အတူ က်ယ္ျပန္႔ရွည္လ်ားတဲ့ မ်က္ႏွာျပင္နဲ႔လုိက္ေလ်ာညီေထြျဖစ္ႏုိင္မယ့္ space ရရွိေအာင္လည္း ျပဳလုပ္ေပးထားပါတယ္။ Recents menu ထဲကိုဝင္ၿပီး သင့္ပိတ္ခ်င္တဲ့ app ကိုအၾကာၾကီးဖိထားလိုက္တာနဲ႔ app ကုိပိတ္ေပးမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ MIUI 10 မွာ အသံနဲ႔ခိုင္းေစတဲ့စနစ္ပါဝင္လာၿပီး Xiao AI voice assistant လို႔နာမည္ေပးထားပါတယ္။ ဒီလုပ္ေဆာင္ခ်က္အတြက္ေတာ့ တရုတ္ဘာသာစကားတစ္ခုနဲ႔သာ စမ္းသပ္ျပသသြားတာကို ေတြ႕ရတာေၾကာင့္ တရုတ္ႏုိင္ငံတြင္းမွာပဲ အသုံးျပဳႏုိင္အုံးမယ္လို႔ ထင္ရပါတယ္။ MIUI 10 ကိုရရွိႏိုင္မယ့္ ဖုန္းေတြကေတာ့ ဇြန္လအတြင္းမွာ Mi Mix 2S, Mi Mix 2, Mi Mix, Mi 6X, Mi 6, Mi 5, Mi Note 2, Redmi S2 နဲဲ႔ Redmi Note 5 တို႔မွာရရွိမွာျဖစ္ၿပီး၊ ဇူလိုင္လေရာက္တဲ့အခ်ိန္မွာေတာ့  Mi Note 3, Mi 5X/5c/5s/5s Plus, Mi 4/4c/4S, Mi Max 2, Mi Max, Redmi 5, Redmi 5 Plus, Redmi 4, Redmi 4A, Redmi 4X, Redmi 3S/3X, Redmi Pro, Redmi Note 5A, Redmi Note 4, Redmi Note 4X နဲ႔ Redmi Note 3 တို႔မွာ ရရွိႏုိင္မယ္လို႔ ဆိုပါတယ္။

Unicode

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Xiaomi အနေနဲ့ Mi 8 စမတ်ဖုန်းသစ်မိတ်ဆက်မှုနဲ့အတူ MIUI 10 Android skin ကိုပါတစ်ပါတည်း ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ Update ပြုလုပ်ပေးလိုက်တဲ့ ဗားရှင်းမှာ full-screen ထောက်ပံ့မှုနဲ့အတူ driving mode ကိုထည့်သွင်းပေးလိုက်ပါတယ်။ အကောင်းဆုံးပါဝင်လာတဲ့ လုပ်ဆောင်ချက်လို့ သတ်မှတ်နိုင်မှာကတော့ dual (သို့) single ကင်မရာပါဝင်တဲ့ စမတ်ဖုန်းမခွဲခြားတော့ပဲ Portrait Mode ကိုသုံးနိုင်မှာဖြစ်ပါတယ်။

recents menu ကလည်းအသစ်ဖြစ်ပေါ်သွားပြီ ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ချက်တွေ အနေနဲ့ app တွေကို လိုအပ်သလို ဖွင့်လှစ်နိုင်ဖို့ full-screen gestures နဲ့အတူ ကျယ်ပြန့်ရှည်လျားတဲ့ မျက်နှာပြင်နဲ့လိုက်လျောညီထွေဖြစ်နိုင်မယ့် space ရရှိအောင်လည်း ပြုလုပ်ပေးထားပါတယ်။ Recents menu ထဲကိုဝင်ပြီး သင့်ပိတ်ချင်တဲ့ app ကိုအကြာကြီးဖိထားလိုက်တာနဲ့ app ကိုပိတ်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် MIUI 10 မှာ အသံနဲ့ခိုင်းစေတဲ့စနစ်ပါဝင်လာပြီး Xiao AI voice assistant လို့နာမည်ပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်အတွက်တော့ တရုတ်ဘာသာစကားတစ်ခုနဲ့သာ စမ်းသပ်ပြသသွားတာကို တွေ့ရတာကြောင့် တရုတ်နိုင်ငံတွင်းမှာပဲ အသုံးပြုနိုင်အုံးမယ်လို့ ထင်ရပါတယ်။ MIUI 10 ကိုရရှိနိုင်မယ့် ဖုန်းတွေကတော့ ဇွန်လအတွင်းမှာ Mi Mix 2S, Mi Mix 2, Mi Mix, Mi 6X, Mi 6, Mi 5, Mi Note 2, Redmi S2 နဲ့ Redmi Note 5 တို့မှာရရှိမှာဖြစ်ပြီး၊ ဇူလိုင်လရောက်တဲ့အချိန်မှာတော့  Mi Note 3, Mi 5X/5c/5s/5s Plus, Mi 4/4c/4S, Mi Max 2, Mi Max, Redmi 5, Redmi 5 Plus, Redmi 4, Redmi 4A, Redmi 4X, Redmi 3S/3X, Redmi Pro, Redmi Note 5A, Redmi Note 4, Redmi Note 4X နဲ့ Redmi Note 3 တို့မှာ ရရှိနိုင်မယ်လို့ ဆိုပါတယ်။

Leave a Reply