ယခုႏွစ္မွာ မိတ္ဆက္မယ့္ ၆.၁ လက္မ iPhone လား?

0
1810

ယခုႏွစ္ စက္တင္ဘာလမွာေတာ့ အိုင္ဖုန္းအသစ္မ်ားကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ စုစုေပါင္း အိုင္ဖုန္း ေမာ္ဒယ္သံုးမ်ိဳးကို မိတ္ဆက္မွာ ျဖစ္ၿပီး iPhone X အသစ္၊ အရြယ္ႀကီး iPhone X Plus နဲ႔ တန္ဖိုးသင့္ LCD Model ( Face ID ပါေသာ)တို႔ ျဖစ္ပါတယ္။ အခုေတာ့ အဲဒီအထဲက အိုင္ဖုန္းတစ္လံုးရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။

သူကေတာ့ ၆.၁ လက္မ အရြယ္ iPhone ျဖစ္ၿပီး တန္ဖိုးနည္း ေမာ္ဒယ္ျဖစ္ပါတယ္။ သူ႔မွာ OLED အစား ေစ်းသက္သာတဲ့ IPS LCD Display ကိုသာ တပ္ဆင္ထားပါတယ္။ ထြက္ေပၚလာတဲ့ ဓါတ္ပံုအရေတာ့ မ်က္ႏွာျပင္ အခ်ိဳးဟာ 19.5:9 ျဖစ္ႏုိင္ပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္မ်ားက အလြန္ပါးလႊာပါတယ္။ Notch လည္း ထည့္သြင္းထားပါတယ္။ အေရွ႕နဲ႔ အေနာက္ဟာ ဖန္ျဖင့္ ဖံုးအုပ္ထားတဲ့ ဒီဇိုင္း ျဖစ္ပါတယ္။

အျခား အိုင္ဖုန္း ေမာ္ဒယ္ႏွစ္ခုမွာေတာ့ ၅.၈ လက္မနဲ႔ ၆.၅ လက္မ မ်က္ႏွာျပင္မ်ား တပ္ဆင္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Apple iPhone အသစ္ေတြမွာ 18W USB-PD adapter ေတြနဲ႔ USB-C to Lightning cable ပါ တစ္ခါတည္းပါလာေတာ့မွာပါ။ ဒါက Apple အတြက္ တျခား Android ဟန္းဆက္ေတြထက္ကို အားသြင္းပိုျမန္ေစတဲ့ပမာဏၾကီးပါပဲ။ သူ႔ရဲ႕ 18W adapter ေတြနဲ႔သာဆို ၁နာရီခြဲေတာင္မျပည့္ခင္ဘဲ အားအျပည့္ျဖစ္ေနမွာပါ။ ေနာက္ဆံုးေတာ့လည္း ပိုက္ဆံအပိုထပ္မကုန္ေတာ့ဘဲ iPhone ေတြကိုအားအျမန္သြင္းႏုိင္ေတာ့မယ့္အခ်ိန္ေရာက္လာခဲ့ပါျပီ။

unicode

ယခုနှစ်မှာ မိတ်ဆက်မယ့် ၆.၁ လက်မ iPhone လား?

ယခုနှစ် စက်တင်ဘာလမှာတော့ အိုင်ဖုန်းအသစ်များကို ကြေညာတော့မှာ ဖြစ်ပါတယ်။ စုစုပေါင်း အိုင်ဖုန်း မော်ဒယ်သုံးမျိုးကို မိတ်ဆက်မှာ ဖြစ်ပြီး iPhone X အသစ်၊ အရွယ်ကြီး iPhone X Plus နဲ့ တန်ဖိုးသင့် LCD Model ( Face ID ပါသော)တို့ ဖြစ်ပါတယ်။ အခုတော့ အဲဒီအထဲက အိုင်ဖုန်းတစ်လုံးရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။

သူကတော့ ၆.၁ လက်မ အရွယ် iPhone ဖြစ်ပြီး တန်ဖိုးနည်း မော်ဒယ်ဖြစ်ပါတယ်။ သူ့မှာ OLED အစား ဈေးသက်သာတဲ့ IPS LCD Display ကိုသာ တပ်ဆင်ထားပါတယ်။ ထွက်ပေါ်လာတဲ့ ဓါတ်ပုံအရတော့ မျက်နှာပြင် အချိုးဟာ 19.5:9 ဖြစ်နိုင်ပါတယ်။ မျက်နှာပြင်ဘေးဘောင်များက အလွန်ပါးလွှာပါတယ်။ Notch လည်း ထည့်သွင်းထားပါတယ်။ အရှေ့နဲ့ အနောက်ဟာ ဖန်ဖြင့် ဖုံးအုပ်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

အခြား အိုင်ဖုန်း မော်ဒယ်နှစ်ခုမှာတော့ ၅.၈ လက်မနဲ့ ၆.၅ လက်မ မျက်နှာပြင်များ တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Apple iPhone အသစ်တွေမှာ 18W USB-PD adapter တွေနဲ့ USB-C to Lightning cable ပါ တစ်ခါတည်းပါလာတော့မှာပါ။ ဒါက Apple အတွက် တခြား Android ဟန်းဆက်တွေထက်ကို အားသွင်းပိုမြန်စေတဲ့ပမာဏကြီးပါပဲ။ သူ့ရဲ့ 18W adapter တွေနဲ့သာဆို ၁နာရီခွဲတောင်မပြည့်ခင်ဘဲ အားအပြည့်ဖြစ်နေမှာပါ။ နောက်ဆုံးတော့လည်း ပိုက်ဆံအပိုထပ်မကုန်တော့ဘဲ iPhone တွေကိုအားအမြန်သွင်းနိုင်တော့မယ့်အချိန်ရောက်လာခဲ့ပါပြီ။

Leave a Reply