Snapdragon 845 နဲ႔ Snapdragon 835 ကြာျခားခ်က္မ်ား

0
1516

Snapdragon 845 ဆိုတာကေတာ့ Snapdragon 835 ရဲ႕ေနာက္ထြက္လာတဲ့ ပရိုဆက္ဆာအသစ္တစ္ခုျဖစ္ျပီး စြမ္းရည္ပိုေကာင္းလာ၊ စြမ္းအားပိုျမင့္လာျပီး image processing ပိုင္းမွာလည္း ေတာ္ေတာ္ေလး တိုးတက္လာတဲ့ chip တစ္ခုပါ။  Qualcomm အေနနဲ႔ Snapdragon 845 မွာ AI (Artificial intelligence) လုပ္ေဆာင္ခ်က္ပါဝင္ လာၿပီး အသိၪာဏ္ ျမင့္မားေစခဲ့ပါတယ္။ အခုဆိုရင္ Snapdragon 845 သုံးထားတဲ့ စမတ္ဖုန္းေတြေစ်းကြက္အတြင္းမွာ ေရာက္ရွိေနၾကပါၿပီ။ ဒါေၾကာင့္ Snapdragon 845 နဲ႔ Snapdragon 835 မွာဘယ္လိုကြာျခားခ်က္ေတြရွိေနလဲဆိုတာ ေလ့လာၾကည့္ရေအာင္

Image result for Snapdragon 835 VS Snapdragon 845

ယခင္ကထြက္ခဲ့တဲ့  snapdragon 835 ထက္ေတာင္ Snapdragon 845 ရဲ႕ စြမ္းရည္က ၃၀%ေလာက္ပိုသာလာပါတယ္။ Graphics Processing Unit (GPU) အသစ္ျဖစ္တဲ့ Adreno 630 ကုိ သံုးထားတာေၾကာင့္ အရင္ chip ေတြထက္ ဂရပ္ဖစ္ပိုင္း၊ ဗီဒီယိုပိုင္းနဲ႔ အားကုန္တာေတြကို ေလွ်ာ့ခ်တဲ့ေနရာမွာ ၃၀%ေလာက္ ပိုတိုးတက္လာပါတယ္။ Qualcomm  Snapdragon 845 SoC (System-on-chip) မွာသံုးထားတာေတြက Kryo 385 CPU, Hexagon 685 DSP (Digital Signal Processor) , Spectra 280 ISP (Image Signal Processor), AQustic Audio နဲ႔ ကုမၸဏီရဲ႕အျမန္ဆံုး modem ျဖစ္တဲ့ X20 Gigabit LTE radio ကို သံုးထားတာျဖစ္ပါတယ္။ ဒီ modem ကေတာ့ အျမန္ႏႈန္းက 1.2Gbps ထိရိွျပီး dual SIM-dual VoLTE (voice over LTE)  ျဖစ္လို႔ ဆင္းမ္ကဒ္ ၂ကဒ္လံုးမွာ တျပိဳင္နက္ ဖုန္းဝင္ေခၚဆိုမႈလုပ္ႏုိင္မွာျဖစ္ပါတယ္။

Image result for Snapdragon 835 VS Snapdragon 845

Image feature ေတြအတြက္ကေတာ့ Qualcomm Spectra 280 ISP ကိုသံုးထားလို႔ “Ultra HD” ေတြရိုက္ကူးႏုိင္မွာပါ။ ဆိုခ်င္တာကေတာ့ 4K HDR ဗီဒီယုိေတြကို 60fps (frames per second) နဲ႔ေတာင္ ရိုက္ကူးေပးႏုိင္မွာျဖစ္ပါတယ္။ ဒီ ISP ေၾကာင့္မို႔ပဲ 480fps နဲ႔ 720p ရိွတဲ့ HD (slow motion ) အေႏွး ဗီဒီယိုေတြကို ရိုက္ကူးႏုိင္ဦးမွာပါ။ လံုျခံဳေရးပိုင္းဆိုရင္လည္း Snapdragon 845 က ဘယ္လို အတည္ျပဳစနစ္မ်ိဳး မဆို ေထာက္ပံ့ေပးႏုိင္ပါတယ္။ Kryo 385 processor က performance core ေလးခန္းက 2.8GHz ျဖစ္လို႔ အရင္ထက္ ၂၅% ပိုျမန္ေစပါတယ္။ efficiency core ေလးခန္းကေတာ့ 1.8GHz ျမန္ႏႈန္းျဖစ္သြားပါတယ္။ CPU ကိုေတာ့ 10nm FinFET နည္းပညာကိုသံုးထားပါတယ္။ အသံပိုင္းမွာလည္း wake-word , playback ေတြနဲ႔ အသံသြင္းတဲ့ record feature ေတြမွာ ပိုျပီးေကာင္းလာပါတယ္။

Unicode

Snapdragon 845 ဆိုတာကတော့ Snapdragon 835 ရဲ့နောက်ထွက်လာတဲ့ ပရိုဆက်ဆာအသစ်တစ်ခုဖြစ်ပြီး စွမ်းရည်ပိုကောင်းလာ၊ စွမ်းအားပိုမြင့်လာပြီး image processing ပိုင်းမှာလည်း တော်တော်လေး တိုးတက်လာတဲ့ chip တစ်ခုပါ။  Qualcomm အနေနဲ့ Snapdragon 845 မှာ AI (Artificial intelligence) လုပ်ဆောင်ချက်ပါဝင် လာပြီး အသိဉာဏ် မြင့်မားစေခဲ့ပါတယ်။ အခုဆိုရင် Snapdragon 845 သုံးထားတဲ့ စမတ်ဖုန်းတွေဈေးကွက်အတွင်းမှာ ရောက်ရှိနေကြပါပြီ။ ဒါကြောင့် Snapdragon 845 နဲ့ Snapdragon 835 မှာဘယ်လိုကွာခြားချက်တွေရှိနေလဲဆိုတာ လေ့လာကြည့်ရအောင်

ယခင်ကထွက်ခဲ့တဲ့  snapdragon 835 ထက်တောင် Snapdragon 845 ရဲ့ စွမ်းရည်က ၃၀%လောက်ပိုသာလာပါတယ်။ Graphics Processing Unit (GPU) အသစ်ဖြစ်တဲ့ Adreno 630 ကို သုံးထားတာကြောင့် အရင် chip တွေထက် ဂရပ်ဖစ်ပိုင်း၊ ဗီဒီယိုပိုင်းနဲ့ အားကုန်တာတွေကို လျှော့ချတဲ့နေရာမှာ ၃၀%လောက် ပိုတိုးတက်လာပါတယ်။ Qualcomm  Snapdragon 845 SoC (System-on-chip) မှာသုံးထားတာတွေက Kryo 385 CPU, Hexagon 685 DSP (Digital Signal Processor) , Spectra 280 ISP (Image Signal Processor), AQustic Audio နဲ့ ကုမ္ပဏီရဲ့အမြန်ဆုံး modem ဖြစ်တဲ့ X20 Gigabit LTE radio ကို သုံးထားတာဖြစ်ပါတယ်။ ဒီ modem ကတော့ အမြန်နှုန်းက 1.2Gbps ထိရှိပြီး dual SIM-dual VoLTE (voice over LTE)  ဖြစ်လို့ ဆင်းမ်ကဒ် ၂ကဒ်လုံးမှာ တပြိုင်နက် ဖုန်းဝင်ခေါ်ဆိုမှုလုပ်နိုင်မှာဖြစ်ပါတယ်။

Image feature တွေအတွက်ကတော့ Qualcomm Spectra 280 ISP ကိုသုံးထားလို့ “Ultra HD” တွေရိုက်ကူးနိုင်မှာပါ။ ဆိုချင်တာကတော့ 4K HDR ဗီဒီယိုတွေကို 60fps (frames per second) နဲ့တောင် ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ ဒီ ISP ကြောင့်မို့ပဲ 480fps နဲ့ 720p ရှိတဲ့ HD (slow motion ) အနှေး ဗီဒီယိုတွေကို ရိုက်ကူးနိုင်ဦးမှာပါ။ လုံခြုံရေးပိုင်းဆိုရင်လည်း Snapdragon 845 က ဘယ်လို အတည်ပြုစနစ်မျိုး မဆို ထောက်ပံ့ပေးနိုင်ပါတယ်။ Kryo 385 processor က performance core လေးခန်းက 2.8GHz ဖြစ်လို့ အရင်ထက် ၂၅% ပိုမြန်စေပါတယ်။ efficiency core လေးခန်းကတော့ 1.8GHz မြန်နှုန်းဖြစ်သွားပါတယ်။ CPU ကိုတော့ 10nm FinFET နည်းပညာကိုသုံးထားပါတယ်။ အသံပိုင်းမှာလည်း wake-word , playback တွေနဲ့ အသံသွင်းတဲ့ record feature တွေမှာ ပိုပြီးကောင်းလာပါတယ်။

Leave a Reply