
0
1064














unicode

Windows အတွက် အသုံးဝင်တဲ့ Function Keys များ

ကွန်ပြူတာကီးဘုတ်များရဲ့ ထိပ်ဆုံး တစ်တန်းမှာ F1 ကနေ F12 အထိ ဖန်ရှင်ကီး ၁၂ ခုကို ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် လူအများစုဟာ ဖန်ရှင်ကီးများရဲ့ စွမ်းရည်ကို မသိကြတဲ့ အတွက် အသုံးပြုလေ့ မရှိကြပါဘူး။ စာရေးသူ အပါအဝင် ကွန်ပြူတာ အသုံးပြုသူများဟာ ဖန်ရှင်ကီး တစ်ခု၊ နှစ်ခုလောက်ရဲ့ စွမ်းရည်ကိုသာ သိရှိ အသုံးပြုနေကြတယ်လို့ ယုံကြည်မိပါတယ်။ အဲဒီအတွက် ဖန်ရှင်ကီး အားလုံးကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ သူတို့ရဲ့ စွမ်းရည်များကို ဖော်ပြပေးလိုက်ပါတယ်။

F1 – Program အားလုံးနီးပါးရဲ့ Help Screen ကို ဖွင့်ပေးနိုင်ပါတယ်။

F2 – Select လုပ်ထားတဲ့ ဖိုင် သို့မဟုတ် ဖိုဒါ တစ်ခုကို Rename လုပ်ဖို့ အသုံးပြုနိုင်ပါတယ်။

F3 – ဖွင့်ထားတဲ့ ပရိုဂရမ်မှာ ရှာဖွေမှုများ ပြုလုပ်တဲ့ အခါမှာ အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် ဝက်စာမျက်နှာတစ်ခုမှ စာသားများကို ရှာနိုင်ပါတယ်။

F4 – ဖွင့်ထားတဲ့ ဝင်းဒိုးကို ပိတ်ပေးနိုင်ပါတယ်။

F5 – ဖွင့်ထားတဲ့ ဝင်းဒိုး သို့မဟုတ် ဝက်စာမျက်နှာကို Refresh or Reload လုပ်ပေးနိုင်ပါတယ်။

F6 – အင်တာနက် ဘရောက်စာ အများစုမှာ လိပ်စာဘားတွင် ကာဆာကို ချပေးနိုင်ပါတယ်။

F7 – Microsoft Word လို Microsoft Programs များမှ စာရွက်စာတမ်းများထဲမှာ စာလုံးပေါင်းနဲ့ သဒ္ဒါကို စစ်ဆေးပေးနိုင်ပါတယ်။

F8 – ကွန်ပြူတာကို ဖွင့်နေစဉ်မှာ ဝင်းဒိုးရဲ့ Boot Menu ကို ဝင်ဖို့ သုံးနိုင်ပါတယ်။

F9 – Microsoft Word မှာ စာရွက်စာတမ်းတစ်ခုကို Refresh လုပ်ခြင်းနဲ့ Microsoft Outlook မှာ အီးမေးများ ပေးပို့ခြင်းများအတွက် သုံးနိုင်ပါတယ်။

F10 – ဖွင့်ထားတဲ့ Program ရဲ့ Menu Bar ကို Activate လုပ်ပေးပါတယ်။ Shift + F10 ကို နှိပ်ရင် Right-Click လုပ်ပေးမှာပါ။

F11 – အင်တာနက် ဘရောက်စာများမှာ Fullscreen Mode ကို ဖွင့်ခြင်း၊ ပိတ်ခြားများ ပြုလုပ်ပေးပါတယ်။

F12 – Microsoft Word မှာ Save as dialog box ကို ဖွင့်ပေးပါတယ်။

Leave a Reply