Mi 8 နဲ႔ ရိုက္ကူးထားတဲ့ ဓါတ္ပံုမ်ားကို ျပသလိုက္တဲ့ Xiaomi

0
1441

Xiaomi က Mi 8 ကုိ ဒီေန႔မွာ မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ မိတ္ဆက္ပြဲ မတိုင္ခင္ နာရီပိုင္း အလိုမွာ ေရွာင္မီရဲ႕ စီအီးအို ျဖစ္သူ လီဂြ်န္က Mi 8 နဲ႔ ရိုက္ကူးထားတဲ့ ဓါတ္ပံု ၃ ပံုကို ျပသလိုက္ပါတယ္။ ဓါတ္ပံုမ်ားကို Compression ျပဳလုပ္ထားေပမယ့္ အေသးစိတ္က်ၿပီး အရည္အေသြး ေကာင္းပါတယ္။ ဓါတ္ပံုမ်ားဟာ ေန႔ဘက္ ေနေရာင္ျခည္ ေကာင္းစြာ ရရွိတဲ့ အခ်ိန္နဲ႔ အလင္းေရာင္ နည္းပါးတဲ့ ညေန အခ်ိန္မ်ားမွာ ရိုက္ကူးထားျခင္း ျဖစ္ပါတယ္။

တရုတ္ႏိုင္ငံ ရွန္ဇန္မွာ ရွိတဲ့ Ping An Financial Center ကို ရိုက္ကူးထားတဲ့ ဓါတ္ပံုမ်ား ျဖစ္ပါတယ္။ Mi 8 မွာ 20MP+16MP Dual Rear Camera မ်ား ပါလာမွာ ျဖစ္ၿပီး ကင္မရာမ်ားကို ဥာဏ္ရည္တု နည္းပညာက ေထာက္ကူႏုိင္မယ္လို႔ သတင္းထြက္ေနပါတယ္။

Xiaomi က Mi 8 နဲ႔အတူ MIUI 10 နဲ႔ Mi Band 3 မ်ားကိုပါ ေၾကညာမွာပါ။ ဒါ့အျပင္ အထူးထုတ္ Mi 8 Model တစ္ခုလည္း ပါလာမယ္လု႔ိ သတင္းထြက္လာပါတယ္။ သူ႔ရဲ႕ အမည္မွာ Xiaomi Mi 8 SE ျဖစ္ႏုိင္ပါတယ္။ သူဟာ Standard Mi 8 ရဲ႕ တန္ဖိုးနည္း ေမာ္ဒယ္ပါ။ သူ႔မွာ 3D Sensing နဲ႔ Snapdragon 845 တို႔ မပါပါဘူး။ Snapdragon 710 , 4 or 6GB RAM , 20MP Selfie Camera, Notch မ်ား ပါလာမွာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက Standard Mi 8 မွာ Animoji လို စြမ္းရည္ပါမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ Mi 8 ရဲ႕ ဘူးခြံ ဓါတ္ပံုေလး ၿပီးခဲ့တဲ့ ရက္က ထြက္ေပၚခဲ့ဖူးပါတယ္။ ဘူးခြံမွာ Qualcomm Snapdragon 845 SoC, 6GB RAM , 64GB Storage မ်ားကိုေရးသားထားပါတယ္။ အေနာက္ကင္မရာ ႏွစ္လံုးထဲမွ တစ္လံုးဟာ 20MP လို႔ ေဖာ္ျပထားပါတယ္။ USB Type-C Cable နဲ႔ USB-C to Audio Dongle လည္းပါလာမွာျဖစ္ၿပီး 3.5mm နားၾကပ္ေပါက္ပါမယ္ဆုိတာ ေသခ်ာသြားပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းမွာလည္း Qualcomm က သူ႔မွာ Quick Charge 4.0+ ထည့္သြင္းထားမယ္လို႔ အတည္ျပဳထားပါတယ္။ ဒါဟာ Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ လွ်င္ျမန္စြာ အားသြင္းႏိုင္တဲ့ နည္းပညာ ျဖစ္ပါတယ္။ သူ႔မွာ ၆.၀၁ လက္မ မ်က္နွာျပင္ တပ္ဆင္ထားၿပီး Width က်ယ္တဲ့ Notch ပါလာႏုိင္ပါတယ္။ အျခား ကုမၸဏီမ်ားလိုပဲ ေရွာင္မီက အဲဒီ ဖုန္းရဲ႕ ကင္မရာမွာ ဥာဏ္ရည္တု နည္းပညာမ်ား ပါလာမွာပါ။

unicode

Mi 8 နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို ပြသလိုက်တဲ့ Xiaomi

Xiaomi က Mi 8 ကို ဒီနေ့မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် နာရီပိုင်း အလိုမှာ ရှောင်မီရဲ့ စီအီးအို ဖြစ်သူ လီဂျွန်က Mi 8 နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၃ ပုံကို ပြသလိုက်ပါတယ်။ ဓါတ်ပုံများကို Compression ပြုလုပ်ထားပေမယ့် အသေးစိတ်ကျပြီး အရည်အသွေး ကောင်းပါတယ်။ ဓါတ်ပုံများဟာ နေ့ဘက် နေရောင်ခြည် ကောင်းစွာ ရရှိတဲ့ အချိန်နဲ့ အလင်းရောင် နည်းပါးတဲ့ ညနေ အချိန်များမှာ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရှန်ဇန်မှာ ရှိတဲ့ Ping An Financial Center ကို ရိုက်ကူးထားတဲ့ ဓါတ်ပုံများ ဖြစ်ပါတယ်။ Mi 8 မှာ 20MP+16MP Dual Rear Camera များ ပါလာမှာ ဖြစ်ပြီး ကင်မရာများကို ဉာဏ်ရည်တု နည်းပညာက ထောက်ကူနိုင်မယ်လို့ သတင်းထွက်နေပါတယ်။

Xiaomi က Mi 8 နဲ့အတူ MIUI 10 နဲ့ Mi Band 3 များကိုပါ ကြေညာမှာပါ။ ဒါ့အပြင် အထူးထုတ် Mi 8 Model တစ်ခုလည်း ပါလာမယ်လု့ိ သတင်းထွက်လာပါတယ်။ သူ့ရဲ့ အမည်မှာ Xiaomi Mi 8 SE ဖြစ်နိုင်ပါတယ်။ သူဟာ Standard Mi 8 ရဲ့ တန်ဖိုးနည်း မော်ဒယ်ပါ။ သူ့မှာ 3D Sensing နဲ့ Snapdragon 845 တို့ မပါပါဘူး။ Snapdragon 710 , 4 or 6GB RAM , 20MP Selfie Camera, Notch များ ပါလာမှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Standard Mi 8 မှာ Animoji လို စွမ်းရည်ပါမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ Mi 8 ရဲ့ ဘူးခွံ ဓါတ်ပုံလေး ပြီးခဲ့တဲ့ ရက်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဘူးခွံမှာ Qualcomm Snapdragon 845 SoC, 6GB RAM , 64GB Storage များကိုရေးသားထားပါတယ်။ အနောက်ကင်မရာ နှစ်လုံးထဲမှ တစ်လုံးဟာ 20MP လို့ ဖော်ပြထားပါတယ်။ USB Type-C Cable နဲ့ USB-C to Audio Dongle လည်းပါလာမှာဖြစ်ပြီး 3.5mm နားကြပ်ပေါက်ပါမယ်ဆိုတာ သေချာသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း Qualcomm က သူ့မှာ Quick Charge 4.0+ ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ ဒါဟာ Qualcomm ရဲ့ နောက်ဆုံးထုတ် လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ သူ့မှာ ၆.၀၁ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး Width ကျယ်တဲ့ Notch ပါလာနိုင်ပါတယ်။ အခြား ကုမ္ပဏီများလိုပဲ ရှောင်မီက အဲဒီ ဖုန်းရဲ့ ကင်မရာမှာ ဉာဏ်ရည်တု နည်းပညာများ ပါလာမှာပါ။

Leave a Reply