0
1534
unicode
LG က Dual Camera , FullVision Display များပါတဲ့ V35 ThinQ ကို ကြေညာ
LG က V30S ThinQ ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ V35 ThinQ လို့ အမည်ပေးထားပြီး သူ့ရဲ့ Specs အများစုဟာ V30S နဲ့ တူညီပါတယ်။ သူရဲ့ အစိတ်အပိုင်းအချို့ဟာ V30S ထက် ကောင်းမွန်လာပါတယ်။ ကင်မရာ အပိုင်းမှာ တိုးတက်လာပြီး LG G7 ThinQ ရဲ့ 16MP Dual Camera ကို သုံးထားပါတယ်။ V30 မှာ 16+13MP သာပါတယ်လို့ သိရပါတယ်။ အရှေ့ဘက်မှာ 5MP အစား 8MP Camera ကို သုံးထားပါတယ်။
LG V35 ThinQ မှာ HDR 10 ကို ထောက်ပံ့တဲ့ ၆ လက်မ FullVision Display ထည့်သွင်းထားပါတယ်။ Snapdragon 84 , 6GB RAM များ ထည့်သွင်းထားပါတယ်။ 64GB or 128GB Storage ရွေးချယ်နိုင်ပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ 3300mAh Battery ထည့်သွင်းထားပြီး G7 ရဲ့ ဘက်ထရီထက် ၁၀ ရာခိုင်နှုန်း ပိုမိုကြီးမားပါတယ်။ ကြိုးမဲ့ အားသွင်း စနစ် ပါသလို Quick Charge 3.0 လည်း ထည့်သွင်းထားပါတယ်။
Android 8.0 Oreo နဲ့အတူ ThinQ ဉာဏ်ရည်တု နည်းပညာကို ထည့်ပေးထားပါတယ်။ LG ရဲ့ Signature ဖြစ်တဲ့ Quad DAC အသံစွမ်းရည်ပါလာပါတယ်။ Band & Olufsen Headphones ကိုလည်း ထည့်ပေးထားပါတယ်။ IP68 စံနှုန်း ရှိပါတယ်။ သူ့မှာ Notch မပါပါဘူး။ ဒေါ်လာ ၉၀၀ သတ်မှတ်ထားပါတယ်။ ဇွန်လ ၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဇွန်လ ၈ ရက်နေ့မှာ ရောင်းချမှာပါ။
Leave a Reply