iPhone X ကို မယွဥ္ႏုိင္တဲ့ OnePlus 6 ရဲ႕ Facial Recognition နည္းပညာ

0
2089

OnePlus 6 ရဲ႕ Face Unlock နည္းပညာကေတာ့ အႀကီးႀကီး ဂြမ္းသြားပါၿပီ။ Twitter User တစ္ဦးက OnePlus 6 ရဲ႕ Face Unlock ကို ဓါတ္ပံုတစ္ပံုနဲ႔ လွည့္စားျပလိုက္ပါတယ္။ အဲဒီအတြက္ OnePlus 6 ပိုင္ရွင္မ်ားဟာ ဖုန္းရဲ႕ လံုျခံဳေရးအတြက္ Face Unlock အစား လက္ေဗြရာ အာရံုခံ ကိရိယာကိုသာ အားကိုးသင့္ပါတယ္။ အဲဒီ ဗီဒီယိုကို ေအာက္မွာ ေလ့လာႏိုင္ပါတယ္။

Android Phone ထုတ္လုပ္သူမ်ားဟာ iPhone X ရဲ႕ Face ID ကို ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားေနၾကေပမယ့္ စြမ္းရည္ျမင့္တဲ့ ကင္မရာ အစိတ္အပိုင္းမ်ားကို မဖန္တီးႏိုင္ၾကဘဲ Selfie Camera နဲ႔ ေဆာ့ဖ္၀ဲကိုသာ အားကိုးေနၾကပါတယ္။ iPhone X ရဲ႕ Face ID ဟာ ေနကာမ်က္မွန္၊ ဦးထုပ္၊ ပါ၀ါ မ်က္မွန္နဲ႔ အျခား တန္ဆာမ်ား ၀တ္ဆင္ထားရင္ေတာင္ ပိုင္ရွင္ကို ခြဲျခားႏုိင္ပါတယ္။ ဒါ့အျပင္ မုတ္ဆိတ္ေမႊး၊ ပါးသိုင္းေမႊးမ်ား ေပါက္ေနရင္လည္း ပိုင္ရွင္ကို မွတ္မိပါတယ္။

Apple က Face ID ဟာ အမႊာမ်ားကိုေတာ့ ခြဲျခားႏုိင္ျခင္း မရွိတဲ့အတြက္ အေရးႀကီးတဲ့ေဒတာမ်ားကိုေတာ့ Face ID အစား Passcode ျဖင့္ကာကြယ္ထားဖို႔ အၾကံျပဳထားပါတယ္။ အျခားလူတစ္ေယာက္က သင့္ရဲ႕ iPhone X ကို မ်က္နွာျဖင့္ Unlock လုပ္ရင္ေတာ့ အႀကိမ္ တစ္သန္းမွာ တစ္ႀကိမ္သာေအာင္ျမင္ႏုိင္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Touch ID ကေတာ့ အႀကိမ္ ၅၀ ၀၀၀ မွာ ၁ ႀကိမ္ ေအာင္ျမင္ႏိုင္တဲ့အတြက္ Face ID ဟာ Touch ID ထက္ အလြန္ စိတ္ခ်ရတယ္လို႔ ကုမၸဏီကေျပာပါတယ္။

unicode

iPhone X ကို မယှဉ်နိုင်တဲ့ OnePlus 6 ရဲ့ Facial Recognition နည်းပညာ

OnePlus 6 ရဲ့ Face Unlock နည်းပညာကတော့ အကြီးကြီး ဂွမ်းသွားပါပြီ။ Twitter User တစ်ဦးက OnePlus 6 ရဲ့ Face Unlock ကို ဓါတ်ပုံတစ်ပုံနဲ့ လှည့်စားပြလိုက်ပါတယ်။ အဲဒီအတွက် OnePlus 6 ပိုင်ရှင်များဟာ ဖုန်းရဲ့ လုံခြုံရေးအတွက် Face Unlock အစား လက်ဗွေရာ အာရုံခံ ကိရိယာကိုသာ အားကိုးသင့်ပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

Android Phone ထုတ်လုပ်သူများဟာ iPhone X ရဲ့ Face ID ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေကြပေမယ့် စွမ်းရည်မြင့်တဲ့ ကင်မရာ အစိတ်အပိုင်းများကို မဖန်တီးနိုင်ကြဘဲ Selfie Camera နဲ့ ဆော့ဖ်ဝဲကိုသာ အားကိုးနေကြပါတယ်။ iPhone X ရဲ့ Face ID ဟာ နေကာမျက်မှန်၊ ဦးထုပ်၊ ပါဝါ မျက်မှန်နဲ့ အခြား တန်ဆာများ ဝတ်ဆင်ထားရင်တောင် ပိုင်ရှင်ကို ခွဲခြားနိုင်ပါတယ်။ ဒါ့အပြင် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများ ပေါက်နေရင်လည်း ပိုင်ရှင်ကို မှတ်မိပါတယ်။

Apple က Face ID ဟာ အမွှာများကိုတော့ ခွဲခြားနိုင်ခြင်း မရှိတဲ့အတွက် အရေးကြီးတဲ့ဒေတာများကိုတော့ Face ID အစား Passcode ဖြင့်ကာကွယ်ထားဖို့ အကြံပြုထားပါတယ်။ အခြားလူတစ်ယောက်က သင့်ရဲ့ iPhone X ကို မျက်နှာဖြင့် Unlock လုပ်ရင်တော့ အကြိမ် တစ်သန်းမှာ တစ်ကြိမ်သာအောင်မြင်နိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Touch ID ကတော့ အကြိမ် ၅၀ ၀၀၀ မှာ ၁ ကြိမ် အောင်မြင်နိုင်တဲ့အတွက် Face ID ဟာ Touch ID ထက် အလွန် စိတ်ချရတယ်လို့ ကုမ္ပဏီကပြောပါတယ်။

Leave a Reply