Huawei ရဲ႕ကိုယ္ပိုင္ KIRIN OS 1.0 ထည့္သြင္းလာမယ့္ HONOR PLAY စမတ္ဖုန္း

0
1757

ဒီေန႔ထြက္ေနသမွ် စမတ္ဖုန္းအမ်ားစုဟာ Android ေပၚမွာအေျချပဳထားတဲ့ ကိုယ္ပိုင္ UI ေလးေတြထည့္သြင္းၿပီး ထုတ္လုပ္လာၾကပါတယ္။ အခုလည္း စမတ္ဖုန္းထုတ္လုပ္သူ Huawei ဟာအသစ္မိတ္ဆက္မယ့္ စမတ္ဖုန္းမွာ ကုမၸဏီရဲ႕ကိုယ္ပိုင္ OS ကိုထည့္သြင္းဖုိ႔ ျပင္ဆင္လ်က္ရွိေနပါတယ္။ Honor Play စမတ္ဖုန္းကို မိခင္တရုတ္ႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ေဘဂ်င္းမွာဇြန္လ၆ရက္ေန႔မွာ  မိတ္ဆက္သြားမွာျဖစ္ၿပီး သူ႕မွာ 4D game AI အေတြ႕အႀကဳံသစ္နဲ႔အတူ 16MP AI လုပ္ေဆာင္ခ်က္နဲ႔ ကင္မရာ ထည့္သြင္းထား မွာျဖစ္ပါတယ္။ Huawei ရဲ႕ Chairman ျဖစ္တဲ့ Yu Chengdong ကဖုန္းအသစ္မွာ ကုမၸဏီရဲ႕ေအာင္ျမင္ႏိုင္တဲ့ နည္းပညာကိုထည့္သြင္းသြားမွာျဖစ္တယ္လို႔ ေျပာၾကားထားေပမယ့္ ဘယ္လိုနည္းပညာမ်ိဳးထည့္ထားတယ္ ဆိုတာကိုေတာ့ တိက်စြာမထုတ္ျပန္ေသးပါဘူး။

Kirin OS

ဒီေန႔ထြက္လာတဲ့ ဓာတ္ပုံအရ HONOR PLAY မွာ KIRIN OS 1.0 ပါဝင္လာမယ္ဆိုတာကို သိခဲ့ရတာျဖစ္ပါတယ္။ Huawei အပါအဝင္အျခားေသာ စမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီေတြဟာ android ေပၚမီွခိုမႈမရွိတဲ့ ကိုယ္ပိုင္ OS တစ္ခုထုတ္လုပ္ႏုိင္ဖို႔အတြက္ ျပင္ဆင္ေနခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ပါၿပီ။ စီမံကိန္းအမ်ားစုကေတာ့ မေအာင္ျမင္ပဲ ပ်က္ျပယ္သြားတဲ့ၾကတာမ်ားပါတယ္။ အခု Huawei ရဲ႕ KIRIN OS ကေတာ့ Linux ေပၚမွာအေျခခံၿပီး ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

သူ႕မွာမ်က္ႏွာျပင္ပိုင္းအတြက္ 5.84” screen မွာ1,080 x 2,280 px ေဖာ္ျပႏုိင္စြမ္းနဲ႔ျဖစ္ၿပီး၊ ဘက္ထရီပိုင္းမွာေတာ့ဂိမ္းပိုင္းဆိုင္ဖုန္းတစ္လုံးအတြက္ဆိုရင္ အရမ္းနည္းလြန္းတဲ့ 2,900 mAh နဲ႔ျဖစ္ပါတယ္။ Honor 10 ထက္ေစ်းသက္သာႏုိင္ပါတယ္။ ကင္မရာပိုင္းမွာေတာ့ ေနာက္ဘက္မွာ 13 MP + 2 MP dual cameraနဲ႔ျဖစ္ၿပီး selfie ကင္မရာကိုေတာ့ 16 MP sensor တပ္ဆင္ေပးထားပါတယ္။အခ်က္အလက္ေတြအရ  Kirin 970  ပရိုဆက္ဆာနဲ႔အတူ RAM6GB နဲ႔ ဂိမ္းပိုင္းကို ဦးစားေပးတဲ့ဖုန္းျဖစ္တာေၾကာင့္ အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းအတြက္ 256GB သိုေလွာင္ႏုိင္စြမ္းနဲ႔ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

Unicode

ဒီနေ့ထွက်နေသမျှ စမတ်ဖုန်းအများစုဟာ Android ပေါ်မှာအခြေပြုထားတဲ့ ကိုယ်ပိုင် UI လေးတွေထည့်သွင်းပြီး ထုတ်လုပ်လာကြပါတယ်။ အခုလည်း စမတ်ဖုန်းထုတ်လုပ်သူ Huawei ဟာအသစ်မိတ်ဆက်မယ့် စမတ်ဖုန်းမှာ ကုမ္ပဏီရဲ့ကိုယ်ပိုင် OS ကိုထည့်သွင်းဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ Honor Play စမတ်ဖုန်းကို မိခင်တရုတ်နိုင်ငံရဲ့ မြို့တော်ဘေဂျင်းမှာဇွန်လ၆ရက်နေ့မှာ  မိတ်ဆက်သွားမှာဖြစ်ပြီး သူ့မှာ 4D game AI အတွေ့အကြုံသစ်နဲ့အတူ 16MP AI လုပ်ဆောင်ချက်နဲ့ ကင်မရာ ထည့်သွင်းထား မှာဖြစ်ပါတယ်။ Huawei ရဲ့ Chairman ဖြစ်တဲ့ Yu Chengdong ကဖုန်းအသစ်မှာ ကုမ္ပဏီရဲ့အောင်မြင်နိုင်တဲ့ နည်းပညာကိုထည့်သွင်းသွားမှာဖြစ်တယ်လို့ ပြောကြားထားပေမယ့် ဘယ်လိုနည်းပညာမျိုးထည့်ထားတယ် ဆိုတာကိုတော့ တိကျစွာမထုတ်ပြန်သေးပါဘူး။

ဒီနေ့ထွက်လာတဲ့ ဓာတ်ပုံအရ HONOR PLAY မှာ KIRIN OS 1.0 ပါဝင်လာမယ်ဆိုတာကို သိခဲ့ရတာဖြစ်ပါတယ်။ Huawei အပါအဝင်အခြားသော စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ android ပေါ်မှီခိုမှုမရှိတဲ့ ကိုယ်ပိုင် OS တစ်ခုထုတ်လုပ်နိုင်ဖို့အတွက် ပြင်ဆင်နေခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ စီမံကိန်းအများစုကတော့ မအောင်မြင်ပဲ ပျက်ပြယ်သွားတဲ့ကြတာများပါတယ်။ အခု Huawei ရဲ့ KIRIN OS ကတော့ Linux ပေါ်မှာအခြေခံပြီး ပြုလုပ်ထားတယ်လို့ သိရပါတယ်။

သူ့မှာမျက်နှာပြင်ပိုင်းအတွက် 5.84” screen မှာ1,080 x 2,280 px ဖော်ပြနိုင်စွမ်းနဲ့ဖြစ်ပြီး၊ ဘက်ထရီပိုင်းမှာတော့ဂိမ်းပိုင်းဆိုင်ဖုန်းတစ်လုံးအတွက်ဆိုရင် အရမ်းနည်းလွန်းတဲ့ 2,900 mAh နဲ့ဖြစ်ပါတယ်။ Honor 10 ထက်ဈေးသက်သာနိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ဘက်မှာ 13 MP + 2 MP dual cameraနဲ့ဖြစ်ပြီး selfie ကင်မရာကိုတော့ 16 MP sensor တပ်ဆင်ပေးထားပါတယ်။အချက်အလက်တွေအရ  Kirin 970  ပရိုဆက်ဆာနဲ့အတူ RAM6GB နဲ့ ဂိမ်းပိုင်းကို ဦးစားပေးတဲ့ဖုန်းဖြစ်တာကြောင့် အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 256GB သိုလှောင်နိုင်စွမ်းနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Leave a Reply