iOS 11.4 Update မွာပါဝင္လာတဲ့ Feature သစ္မ်ား

0
2411



AirPlay 2


Messages in iCloud
https://ipsw.me/otas/11.4

Unicode

Apple အနေနဲ့ဒီနေ့မှာတော့ iOS 11.4 ကိုတရားဝင်ထုတ်ပေးလိုက်ပါပြီ။ iPhone ၊iPad တွေကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေပါဝင်လာပြီး iPhone တွေကနေ OTA update ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လကထုတ်ပေးခဲ့တဲ iOS 11.3 မှာ ဘက်ထရီအခြေအနေနဲ့အတူ setting ပိုင်းနဲ့ပတ်သတ်လို့ ပိုကောင်းလာစေဖို့အတွက် လုပ်ဆောင်ချက်တွေထည့်သွင်းပေးခဲ့ပြီး Animojis အသစ်၊ Business Chat, Health Records နဲ့ARKit တို့ကို upgrade ပြုလုပ်ပေးခဲ့ပါတယ်။ iOS 11.4 မှာအဓိကလုပ်ဆောင်ချက် ၂ခုကိုထပ်ပေါင်းထည့်ပေးလိုက်ပြီး သူတို့ကတော့ AirPlay 2 နဲ့ iCloud တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အခြားသိပ်အဓိကမကျလှတဲ့ လုပ်ဆောင်ချက်တွေလည်း တိုးမြင့်ပေးထားပါသေးတယ်။
AirPlay 2
AirPlay 2 မှာတော့ သင့်ရဲ့ iOS devices ကနေ “multi-room audio” လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ HomePod ရှိသူတွေက HomePod speaker အများကြီးကိုယ် iPhone ၁ လုံးထဲနဲ့ထိန်းချုပ်လို့ရပြီဖြစ်ပါတယ်။ HomePod ၂ လုံးကို wireless ချိတ်လိုက်ရင်အသံပိုကျယ်စေကာ Left အသံ Right အသံ အကောင်းဆုံးနဲ့ အိမ်တွင်းစပီကာအရသာ စစ်စစ် ရစေပါတယ်။ ၁၀၀ ရာခိုင်နှုန်းထိအသံတင်ပြီးနားထောင်လဲ နားထောင်လို့ကောင်းအောင်လုပ်ထားပြီး အခြား Google Home Max လိုအသံကျယ်လာရင် Quality ပြောင်းသွားတာမျိုး မဖြစ်စေပါဘူး။AirPlay 2 အတွက် iOS 11.4 မှာ HomePod ၂ လုံးကို ကြိုက်တဲ့အခန်းထဲမှာထားပြီး သီချင်းသံအတူတူထွက်စေမှာဖြစ်တာကြောင့်ဖုန်းတစ်လုံးထဲနဲ့ HomePod ၂ လုံးကို သီချင်းအမျိုးအစားမ တူတာတစ်ပြိုင်ထဲဖွင့်လို့တောင်ရနိုင်ပါတယ်။HomePod Speaker ရဲ့ setting ချိန်ညှိဖို့အတွက် iPhone မှာပါတဲ့ Home App သုံးပြီးညှိနိုင်ပါတယ်။အနိမ့်ဆုံး iPhone 5s iOS 11 သုံးထားတဲ့ဟာဘဲ HomePod ကိုယ်သုံးလို့ရနိုင်မှာပါ။
Messages in iCloud
သင့်ရဲ့ မက်ဆေ့တွေကို iCloud မှာသိမ်းဆည်းနိုင်ပြီဖြစ်ပါတယ်။ iCloud ကိုသုံးစွဲလိုက်တာကြောင့် သင့်ဖုန်းမှာရှိနေတဲ့ ဓာတ်ပုံ၊မက်ဆေ့နဲ့ အခြားအရာတွေကိုသိမ်းဆည်းလိုက်ပြီး သင့်ဖုန်းရဲ့ အချက်အလက်သိုလှောင်မှုကို တိုးမြင့်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။ messages တွေကို ဖျက်ပစ်လိုက်မယ်ဆိုရင်လည်း သင်အသုံးပြုနေတဲ့ အခြား idevice အားလုံးမှာပါ အလိုအလျောက် ဖျက်ပေးမှာ ဖြစ်ပါတယ်။iCloud မှာ Messages ကို enable ပြုလုပ်ချင်တယ်ဆိုရင်တော့ iCloud settings(Settings > [your name] > iCloud) ကနေသွားရောက်ပြုလုပ်နိုင်ပါလိမ့်မယ်။
iOS 11.4 Update ကိုတော့အောက်ပါလင့်တွေမှာ သွားရောက်ရယူနိုင်ပါတယ်။
https://ipsw.me/otas/11.4
https://wccftech.com/download-ios-114-ipsw-ota/

 

Leave a Reply