How-To Mobile Phone Tutorial

Android မွာ အင္တာနက္ကို ပိုျမန္ေအာင္ ဘယ္လို သံုးမလဲ ?

ဒီေန႔ေခတ္မွာ ျမန္ဆန္တဲ့ 4G LTE ဆက္သြယ္မႈမ်ားကို ႏိုင္ငံတိုင္းနီးပါးမွာ အသံုးျပဳႏုိင္ၾကၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ သင္ေနထိုင္တဲ့ အရပ္ေဒသမွာ မိုဘိုင္း အင္တာနက္ေႏွးေကြးေနလို႔ပဲ ျဖစ္ျဖစ္၊ မိုဘိုင္းေအာ္ပေရတာက ပံ့ပိုးေပးထားတဲ့ အျမန္ႏႈန္းထက္ ပိုမို လွ်င္ျမန္စြာ အသံုးျပဳခ်င္လို႔ပဲ ျဖစ္ျဖစ္၊ သင့္ဖုန္းဟာ ေႏွးေကြးလို႔ပဲျဖစ္ျဖစ္ ေအာက္ပါ နည္းလမ္းမ်ားက သင့္ကို ကူညီေပးႏုိင္ပါတယ္။

Opera Max

Opera Max က ေဒတာေတြကို ခ်ံဳ႕ေပးႏိုင္တဲ့အတြက္ အင္တာနက္ကို လွ်င္ျမန္စြာ ၾကည့္ရႈေစႏုိင္ပါတယ္။ အင္တာနက္မွ ရုပ္ရွင္နဲ႔ ဗီဒီယုိမ်ားၾကည့္ရင္လည္း သူက မထစ္ေအာင္ စြမ္းေဆာင္ႏုိင္ပါတယ္။ Opera က သူတို႔ရဲ႕ App ဟာ အင္တာနက္ အျမန္ႏႈန္းကို ၂၃ ရာခိုင္ႏႈန္း တိုးတက္ေစတယ္လို႔ မၾကာခင္က ေၾကညာခဲ့ပါတယ္။ သူက အင္တာနက္ကို လွ်င္ျမန္ေစတဲ့ အျပင္ ေဒတာ သက္သာေစပါတယ္။

Download Opera Max

Facebook Lite

Facebook ရဲ႕ ပင္မ App ဟာ စြမ္းေဆာင္ခ်က္မ်ားစြာပါတဲ့အတြက္ မိုဘိုင္းေဒတာ သာမက ဖုန္းရဲ႕ စြမ္းအင္ကိုပါ အလြန္ အကြ်ံ စားသံုးပါတယ္။ အဲဒီအတြက္ Facebook က မိုဘိုင္းေဒတာ သက္သာေစၿပီး လွ်င္ျမန္စြာ အသံုးျပဳႏုိင္တဲ့ Lite Version ကို ဖန္တီးေပးထားပါတယ္။ အင္တာနက္ အလြန္ ေႏွးတဲ့ ေဒသမ်ားမွာေတာင္ သူ႔ကို အသံုးျပဳႏုိင္ပါတယ္။

Download Facebook Lite

Browser မွာ ဓါတ္ပံုမ်ားကို ပိတ္ပါ။

၀က္ဆိုက္မ်ားမွ ဓါတ္ပံုမ်ား၊ ေၾကာ္ညာမ်ားက သင့္ အင္တာနက္ကို ေႏွးေကြးေစပါတယ္။ အဲဒီအတြက္ ဘေရာက္စာ ဆက္တင္ထဲမွာ ဓါတ္ပံုမ်ားကို ပိတ္ထားရင္ အင္တာနက္ကို ပိုျမန္ေစပါတယ္။ ဘေရာက္စာတိုင္းမွာေတာ့ ဒီစြမ္းေဆာင္ခ်က္ မပါပါဘူး။ ဒါေပမယ့္ အမ်ားစုမွာေတာ့ ပါၿပီး ဒီနည္းလမ္းကို သံုးရင္ မိုဘိုင္းေဒတာပါ သက္သာပါတယ္။

လွ်င္ျမန္တဲ့ ဘေရာက္စာကို သံုးပါ။

Chrome ဟာ အလြန္ စြမ္းရည္ျမင့္တဲ့ ဘေရာက္စာ ျဖစ္ေပမယ့္ မန္မိုရီကို အလြန္ စားသံုးတဲ့အတြက္ ေႏွးေကြးတတ္ပါတယ္။ မန္မိုရီကို အနည္းငယ္သာ စားသံုးၿပီး လွွ်င္ျမန္စြာ အင္တာနက္ၾကည့္ခ်င္ရင္ေတာ့ Opera Mini ကို ညႊန္းခ်င္ပါတယ္။ Opera Mini ဟာ ေပါ့ပါးသြက္လက္ၿပီး ေဒတာ သက္သာေစပါတယ္။

Download Opera Mini

Cache မ်ားကို ရွင္းပါ။

Cache ေခၚ အမိႈက္ဖိုင္မ်ားဟာ သင့္ ဖုန္းရဲ႕ စြမ္းအင္မ်ားကို စားသံုးေနတဲ့အတြက္ အင္တာနက္ သံုးရာမွာလည္း ေႏွးေကြးေစပါတယ္။ ဖုန္းထုတ္လုပ္သူမ်ားက သူတို႔ရဲ႕ ဖုန္းမ်ားမွာ Cleaner App မ်ားကို ထည့္သြင္းေပးထားၿပီး အဲဒီကေန Cache မ်ားအားလံုုးကို တစ္ၿပိဳင္နက္ ရွင္းလင္းႏုိင္ပါတယ္။ သင့္ဖုန္းမွာ အဲဒီ App မပါရင္ App Cache Cleaner ကို သံုးပါ။

Download App Cache Cleaner

Memory အလြန္ စားသံုးတဲ့ App မ်ားကို ရွင္းလင္းပါ။

အခ်ိဳ႕ App နဲ႔ Widgets မ်ားဟာ ဖုန္းရဲ႕ မန္မိုရီကို အလြန္ စားသံုးၾကပါတယ္။ အဲဒီအတြက္ ဖုန္းေလးလံရံု သာမက အင္တာနက္ သံုးရာမွာလည္း ၾကန္႔ၾကာေစပါတယ္။ သင့္ ဖုန္းမွာ မလိုအပ္တဲ့ Apps , Widgets မ်ားကို ရွင္းလင္းျခင္းျဖင္ ့အင္တာနက္ သံုးရာမွာ လွ်င္ျမန္ေစပါတယ္။

unicode

Android မှာ အင်တာနက်ကို ပိုမြန်အောင် ဘယ်လို သုံးမလဲ ?

ဒီနေ့ခေတ်မှာ မြန်ဆန်တဲ့ 4G LTE ဆက်သွယ်မှုများကို နိုင်ငံတိုင်းနီးပါးမှာ အသုံးပြုနိုင်ကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သင်နေထိုင်တဲ့ အရပ်ဒေသမှာ မိုဘိုင်း အင်တာနက်နှေးကွေးနေလို့ပဲ ဖြစ်ဖြစ်၊ မိုဘိုင်းအော်ပရေတာက ပံ့ပိုးပေးထားတဲ့ အမြန်နှုန်းထက် ပိုမို လျှင်မြန်စွာ အသုံးပြုချင်လို့ပဲ ဖြစ်ဖြစ်၊ သင့်ဖုန်းဟာ နှေးကွေးလို့ပဲဖြစ်ဖြစ် အောက်ပါ နည်းလမ်းများက သင့်ကို ကူညီပေးနိုင်ပါတယ်။

Opera Max

Opera Max က ဒေတာတွေကို ချုံ့ပေးနိုင်တဲ့အတွက် အင်တာနက်ကို လျှင်မြန်စွာ ကြည့်ရှုစေနိုင်ပါတယ်။ အင်တာနက်မှ ရုပ်ရှင်နဲ့ ဗီဒီယိုများကြည့်ရင်လည်း သူက မထစ်အောင် စွမ်းဆောင်နိုင်ပါတယ်။ Opera က သူတို့ရဲ့ App ဟာ အင်တာနက် အမြန်နှုန်းကို ၂၃ ရာခိုင်နှုန်း တိုးတက်စေတယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ သူက အင်တာနက်ကို လျှင်မြန်စေတဲ့ အပြင် ဒေတာ သက်သာစေပါတယ်။

Download Opera Max

Facebook Lite

Facebook ရဲ့ ပင်မ App ဟာ စွမ်းဆောင်ချက်များစွာပါတဲ့အတွက် မိုဘိုင်းဒေတာ သာမက ဖုန်းရဲ့ စွမ်းအင်ကိုပါ အလွန် အကျွံ စားသုံးပါတယ်။ အဲဒီအတွက် Facebook က မိုဘိုင်းဒေတာ သက်သာစေပြီး လျှင်မြန်စွာ အသုံးပြုနိုင်တဲ့ Lite Version ကို ဖန်တီးပေးထားပါတယ်။ အင်တာနက် အလွန် နှေးတဲ့ ဒေသများမှာတောင် သူ့ကို အသုံးပြုနိုင်ပါတယ်။

Download Facebook Lite

Browser မှာ ဓါတ်ပုံများကို ပိတ်ပါ။

ဝက်ဆိုက်များမှ ဓါတ်ပုံများ၊ ကြော်ညာများက သင့် အင်တာနက်ကို နှေးကွေးစေပါတယ်။ အဲဒီအတွက် ဘရောက်စာ ဆက်တင်ထဲမှာ ဓါတ်ပုံများကို ပိတ်ထားရင် အင်တာနက်ကို ပိုမြန်စေပါတယ်။ ဘရောက်စာတိုင်းမှာတော့ ဒီစွမ်းဆောင်ချက် မပါပါဘူး။ ဒါပေမယ့် အများစုမှာတော့ ပါပြီး ဒီနည်းလမ်းကို သုံးရင် မိုဘိုင်းဒေတာပါ သက်သာပါတယ်။

လျှင်မြန်တဲ့ ဘရောက်စာကို သုံးပါ။

Chrome ဟာ အလွန် စွမ်းရည်မြင့်တဲ့ ဘရောက်စာ ဖြစ်ပေမယ့် မန်မိုရီကို အလွန် စားသုံးတဲ့အတွက် နှေးကွေးတတ်ပါတယ်။ မန်မိုရီကို အနည်းငယ်သာ စားသုံးပြီး လှျှင်မြန်စွာ အင်တာနက်ကြည့်ချင်ရင်တော့ Opera Mini ကို ညွှန်းချင်ပါတယ်။ Opera Mini ဟာ ပေါ့ပါးသွက်လက်ပြီး ဒေတာ သက်သာစေပါတယ်။

Download Opera Mini

Cache များကို ရှင်းပါ။

Cache ခေါ် အမှိုက်ဖိုင်များဟာ သင့် ဖုန်းရဲ့ စွမ်းအင်များကို စားသုံးနေတဲ့အတွက် အင်တာနက် သုံးရာမှာလည်း နှေးကွေးစေပါတယ်။ ဖုန်းထုတ်လုပ်သူများက သူတို့ရဲ့ ဖုန်းများမှာ Cleaner App များကို ထည့်သွင်းပေးထားပြီး အဲဒီကနေ Cache များအားလုံုးကို တစ်ပြိုင်နက် ရှင်းလင်းနိုင်ပါတယ်။ သင့်ဖုန်းမှာ အဲဒီ App မပါရင် App Cache Cleaner ကို သုံးပါ။

Download App Cache Cleaner

Memory အလွန် စားသုံးတဲ့ App များကို ရှင်းလင်းပါ။

အချို့ App နဲ့ Widgets များဟာ ဖုန်းရဲ့ မန်မိုရီကို အလွန် စားသုံးကြပါတယ်။ အဲဒီအတွက် ဖုန်းလေးလံရုံ သာမက အင်တာနက် သုံးရာမှာလည်း ကြန့်ကြာစေပါတယ်။ သင့် ဖုန်းမှာ မလိုအပ်တဲ့ Apps , Widgets များကို ရှင်းလင်းခြင်းဖြင့်အင်တာနက် သုံးရာမှာ လျှင်မြန်စေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.