Posted on Leave a comment

စမတ္ဖုန္းေတြမွာ ထည့္သြင္းထားတဲ့ AI Assistant မ်ားအေၾကာင္း

အခုဆိုရင္စမတ္ဖုန္းအမ်ားစုမွာ AI Assistant လုပ္ေဆာင္ခ်က္ေတြ ပံ့ပိုးလာၾကပါၿပီ။ AI ေတြဟာ လူသားတစ္ေယာက္နီးပါး လုိအပ္သမွ်ကို ရွာေဖြေပးႏုိင္တဲ့အျပင္ ေျဖၾကားတာမ်ိဳးေတြပါ ျပဳလုပ္လာႏုိင္ၾကပါၿပီ။

Image result for AI Assistant

ThinQ ဟာ LG ရဲ႕ ဥာဏ္ရည္တု ပလက္ေဖာင္း တစ္ခု ျဖစ္ပါတယ္။ သူဟာ Samsung Bixby နဲ႔ ဆင္တူၿပီး စမတ္ေနအိမ္ ကိရိယာမ်ားနဲ႔ ခ်ိတ္ဆက္ အလုပ္လုပ္ႏုိင္ပါတယ္။ ThinQ ဟာ AI Cam လည္းျဖစ္ပါတယ္။ ကင္မရာျမင္ကြင္းမွ အရာ၀တၳဳမ်ားကို သိနားလည္ၿပီး လိုက္ဖက္တဲ့ ကင္မရာ Settings ကို ခ်ိန္ညွိေပးႏုိင္ဖို႔ ဒီဇိုင္းထုတ္ထားတဲ့ ဥာဏ္ရည္တု နည္းပညာ ျဖစ္ပါတယ္။

Huawei ရဲ႕ virtual assistant ကေတာ့  မ်က္ႏွာအမူအရာေတြဖတ္ႏိုင္စြမ္းရိွျပီး လူတစ္ေယာက္ရဲ႕ အသံနဲ႔အျပဳအ မူေတြကိုခြဲျခားသိရိွႏုိင္ေအာင္ ဖန္တီးထားပါတယ္။ သူတို႔လက္ခံရရိွတဲ့ user ရဲ႕အသံခိုင္းေစမႈကိုနားေထာင္ စိတ္ခံစား ခ်က္ကိုသိရိွျပီး အဲဒီ စိတ္အေျခအေနကိုပါထည့္စဥ္းစားျပီး အေျဖျပန္ထုတ္ေပးမွာျဖစ္ပါတယ္။ ၂၀၂၂ ေလာက္ကို ေရာက္ရင္ေတာ့ သူ႔ရဲ႕ AI assistant က မိသားစုထက္ေတာင္ ကိုယ့္စိတ္ကိုပိုနားလည္လိမ့္မယ္လို႔ ဆိုထားပါတယ္။

Samsung ရဲ႕Bixby ဆိုတာ အစိတ္အပိုင္းသံုးခု ေပါင္းစပ္ထားတဲ့ Features တစ္ခုပါ။ အစိတ္အပိုင္း (3) ခုလံုးကို တစ္ခုစီ Samsung က နာမည္ေပးထားပါတယ္ ။ Bixby ဆိုတာ Google assistant တို႔ Siri(Not a true AI) တို႔လို AI ပါ အရင္ 1.0 ထက္ ဘာေတြပါလာလဲဆိုရင္ ကၽြန္ေတာ္တို႔ နားမလည္တဲ့ ဘာသာစကားနဲ႔ ေရးထားတဲ့စာေတြကို တိုက္ရိုက္ translate လုပ္ႏိုင္ပါတယ္။ အစားအစာကို Bixby Vision ကင္မရာနဲ႔ ခ်ိန္လိုက္ပါက ၄င္းအစားအစာနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္မ်ားကို ျပသေပးမွာျဖစ္သလို အစားအစာရဲ႕ ကယ္လိုရီ ပမာဏကိုလဲ သိရွိႏိုင္မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ text translation အသစ္က ေတာ္ေတာ္မိုက္လာတယ္လို႔ ေျပာရပါလိမ့္မယ္။ Galaxy Note 9 မွာ Bixby Version 2.0 ပါမယ္လို႔ သိရပါတယ္။ ဗားရွင္း အသစ္ဟာ လူေတြေမးတဲ့ေမးခြန္းမ်ားကို ပိုမိုနားလည္လာၿပီး လွ်င္ျမန္စြာ အေျဖမ်ား ေျပာျပႏုိင္လာမွာ ျဖစ္ပါတယ္။ ဆူညံတဲ့ ပတ္၀န္းက်င္မွာေတာင္ သခင္ရဲ႕ အသံကို နားလည္ပါတယ္။ သူဟာ Version 1.0 ထက္ လုပ္ေဆာင္ခ်က္မ်ား ပိုမို ပါ၀င္ လာမွာပါ။

အသစ္ထြက္ရွိလာတဲ့ Google Assistant အတြက္ စုစုေပါင္း အသံ အသစ္ ေျခာက္မ်ိဳး ပံ့ပိုးေပးထားပါတယ္။ မူလ အသံ အျပင္ သဘာ၀က်တဲ့အသံ အသစ္မ်ားကို ေရြးခ်ယ္ႏုိင္ပါၿပီ။ ယခုႏွစ္ေႏွာင္းပိုင္းမွာ John Legend ရဲ႕ အသံကို ထည့္သြင္းေပးမယ္လို႔ သိရပါတယ္။ Google Assistant မွာ သံုးထားတဲ့ အသံကလည္း သတၳဳသံမေပါက္ေတာ့ဘဲ လူတစ္ေယာက္ရဲ့ အျပင္က အသံလိုမ်ိဳး သဘာဝက်လာျပီ ျဖစ္ပါတယ္။       အရင္ကလို Google Assistant ကို အမိန္ ့ေပးခါနီးတိုင္း Hey Google တို ့OK Google တို ့လုပ္စရာမလိုေတာ့ဘဲ ပထမဆံုး ဖြင့္တဲ့ တစ္ခါမွာပဲ ေျပာလိုက္တာနဲ ့Google Assistant ကို စကားေျပာႏိုင္ျပီ ျဖစ္ပါတယ္။ ေမးခြန္းတစ္ခုခုေမးခ်ိန္မွာလည္း Google Assistant ဟာ အျပင္က လူတစ္ေယာက္လိုပဲ စံုစံုလင္လင္ ေျဖေပးသြားမွာပါ။ 2018ႏွစ္ကုန္ပိုင္းမွေတာ့ Google Assistant ဟာမတူကြဲျပားတဲ့ ဘာသာစကားအမ်ိဳး 30ကို ေထာက္ပ့ံေပးသြားမယ္လို႔ဆိုပါတယ္။

Unicode

အခုဆိုရင်စမတ်ဖုန်းအများစုမှာ AI Assistant လုပ်ဆောင်ချက်တွေ ပံ့ပိုးလာကြပါပြီ။ AI တွေဟာ လူသားတစ်ယောက်နီးပါး လိုအပ်သမျှကို ရှာဖွေပေးနိုင်တဲ့အပြင် ဖြေကြားတာမျိုးတွေပါ ပြုလုပ်လာနိုင်ကြပါပြီ။

ThinQ ဟာ LG ရဲ့ ဉာဏ်ရည်တု ပလက်ဖောင်း တစ်ခု ဖြစ်ပါတယ်။ သူဟာ Samsung Bixby နဲ့ ဆင်တူပြီး စမတ်နေအိမ် ကိရိယာများနဲ့ ချိတ်ဆက် အလုပ်လုပ်နိုင်ပါတယ်။ ThinQ ဟာ AI Cam လည်းဖြစ်ပါတယ်။ ကင်မရာမြင်ကွင်းမှ အရာဝတ္ထုများကို သိနားလည်ပြီး လိုက်ဖက်တဲ့ ကင်မရာ Settings ကို ချိန်ညှိပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဉာဏ်ရည်တု နည်းပညာ ဖြစ်ပါတယ်။

Huawei ရဲ့ virtual assistant ကတော့  မျက်နှာအမူအရာတွေဖတ်နိုင်စွမ်းရှိပြီး လူတစ်ယောက်ရဲ့ အသံနဲ့အပြုအ မူတွေကိုခွဲခြားသိရှိနိုင်အောင် ဖန်တီးထားပါတယ်။ သူတို့လက်ခံရရှိတဲ့ user ရဲ့အသံခိုင်းစေမှုကိုနားထောင် စိတ်ခံစား ချက်ကိုသိရှိပြီး အဲဒီ စိတ်အခြေအနေကိုပါထည့်စဉ်းစားပြီး အဖြေပြန်ထုတ်ပေးမှာဖြစ်ပါတယ်။ ၂၀၂၂ လောက်ကို ရောက်ရင်တော့ သူ့ရဲ့ AI assistant က မိသားစုထက်တောင် ကိုယ့်စိတ်ကိုပိုနားလည်လိမ့်မယ်လို့ ဆိုထားပါတယ်။

Samsung ရဲ့Bixby ဆိုတာ အစိတ်အပိုင်းသုံးခု ပေါင်းစပ်ထားတဲ့ Features တစ်ခုပါ။ အစိတ်အပိုင်း (3) ခုလုံးကို တစ်ခုစီ Samsung က နာမည်ပေးထားပါတယ် ။ Bixby ဆိုတာ Google assistant တို့ Siri(Not a true AI) တို့လို AI ပါ အရင် 1.0 ထက် ဘာတွေပါလာလဲဆိုရင် ကျွန်တော်တို့ နားမလည်တဲ့ ဘာသာစကားနဲ့ ရေးထားတဲ့စာတွေကို တိုက်ရိုက် translate လုပ်နိုင်ပါတယ်။ အစားအစာကို Bixby Vision ကင်မရာနဲ့ ချိန်လိုက်ပါက ၎င်းအစားအစာနဲ့ ပတ်သတ်တဲ့ အချက်အလက်များကို ပြသပေးမှာဖြစ်သလို အစားအစာရဲ့ ကယ်လိုရီ ပမာဏကိုလဲ သိရှိနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ text translation အသစ်က တော်တော်မိုက်လာတယ်လို့ ပြောရပါလိမ့်မယ်။ Galaxy Note 9 မှာ Bixby Version 2.0 ပါမယ်လို့ သိရပါတယ်။ ဗားရှင်း အသစ်ဟာ လူတွေမေးတဲ့မေးခွန်းများကို ပိုမိုနားလည်လာပြီး လျှင်မြန်စွာ အဖြေများ ပြောပြနိုင်လာမှာ ဖြစ်ပါတယ်။ ဆူညံတဲ့ ပတ်ဝန်းကျင်မှာတောင် သခင်ရဲ့ အသံကို နားလည်ပါတယ်။ သူဟာ Version 1.0 ထက် လုပ်ဆောင်ချက်များ ပိုမို ပါဝင် လာမှာပါ။

အသစ်ထွက်ရှိလာတဲ့ Google Assistant အတွက် စုစုပေါင်း အသံ အသစ် ခြောက်မျိုး ပံ့ပိုးပေးထားပါတယ်။ မူလ အသံ အပြင် သဘာဝကျတဲ့အသံ အသစ်များကို ရွေးချယ်နိုင်ပါပြီ။ ယခုနှစ်နှောင်းပိုင်းမှာ John Legend ရဲ့ အသံကို ထည့်သွင်းပေးမယ်လို့ သိရပါတယ်။ Google Assistant မှာ သုံးထားတဲ့ အသံကလည်း သတ္ထုသံမပေါက်တော့ဘဲ လူတစ်ယောက်ရဲ့ အပြင်က အသံလိုမျိုး သဘာဝကျလာပြီ ဖြစ်ပါတယ်။       အရင်ကလို Google Assistant ကို အမိန့်ပေးခါနီးတိုင်း Hey Google တို့OK Google တို့လုပ်စရာမလိုတော့ဘဲ ပထမဆုံး ဖွင့်တဲ့ တစ်ခါမှာပဲ ပြောလိုက်တာနဲ့Google Assistant ကို စကားပြောနိုင်ပြီ ဖြစ်ပါတယ်။ မေးခွန်းတစ်ခုခုမေးချိန်မှာလည်း Google Assistant ဟာ အပြင်က လူတစ်ယောက်လိုပဲ စုံစုံလင်လင် ဖြေပေးသွားမှာပါ။ 2018နှစ်ကုန်ပိုင်းမှတော့ Google Assistant ဟာမတူကွဲပြားတဲ့ ဘာသာစကားအမျိုး 30ကို ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.