AI dual ကင္မရာနဲ႔ Vivo X21 စမတ္ဖုန္းကိုအိႏၵိယမွာမိတ္ဆက္

0
1597

Vivo အေနနဲ႔ အလယ္အလတ္စမတ္ဖုန္း X21 ကိုအိႏိၵယေစ်းကြက္အတြက္ မိတ္ဆက္ေပးလုိက္ၿပီ။  Vivo X21 စမတ္ဖုန္းဟာ  FIFA World Cup 2018 အတြက္ရည္ရြယ္ ထုတ္လုပ္လုိက္တဲ့ စမတ္ဖုန္းျဖစ္ပါတယ္။ Vivo X21 ရဲ႕လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ 6.28 လက္မ(19:9 )မွာ FHD+ Super AMOLED display ကိုသုံးထားၿပီး 2280 x 1080 pixels ေထာက္ပံ့ထားပါတယ္။ notch ပါဝင္ၿပီး မ်က္ႏွာျပင္ဟာ အေရွ႕ဘက္ျခမ္းကိုယ္ထည္ တစ္ခုလုံးရဲ႕  90.3% ေလာက္က်ယ္ျပန္႔ပါတယ္။ ဖုန္းရဲ႕ေဘးေဘာင္ေလးေတြဟာ 1.66 mm သာရွိၿပီး၊ထိပ္ဘက္ကေတာ့ 1.79 mmရွိကာ၊ေအာက္ဘက္ျခမ္းလိုင္းေလးကေတာ့ 5 mm သာရွိတာေၾကာင့္ မ်က္ႏွာျပင္ၾကီးမားက်ယ္ျပန္႔တဲ့ ဖုန္းလို႔သတ္မွတ္ႏုိင္ပါတယ္။

ဖုန္းမွာ ပရိုဆက္ဆာစြမ္းအားပိုင္းအေနနဲ႔ 14 nm နဲ႔ Snapdragon 660 octa-core ကိုသုံးထားၿပီး AI လုပ္ေဆာင္ခ်က္ပါဝင္လာပါတယ္။ Qualcomm ရဲ႕AIE Chip နဲ႔အတူ Adreno 512 GPU စြမ္းအားေပါင္းစပ္ထားတာေၾကာင့္ ဂိမ္းေတြကိုေကာင္းမြန္စြာ ေဆာ့ကစားႏုိင္ပါလိမ့္မယ္။ 6 GB RAM မွာ128 GB အခ်က္အလက္သုိေလွာင္ႏုိင္စြမ္းနဲ႔ ျဖစ္ၿပီး 256 GB အထိထပ္မံတိုးျမင့္ႏိုင္ပါတယ္။ OS ပိုင္းမွာေတာ့ Android 8.1 Oreo နဲ႔အတူ FunTouch OS 4.0 ကိုသုံးႏုိင္မွာျဖစ္ပါတယ္။ Hybrid Dual SIM သုံးႏုိင္မွာ ျဖစ္တဲ့အျပင္ ဒီဖုန္းမွာ ထင္ရွားတဲ့လုပ္ေဆာင္ခ်က္အေနနဲ႕ကေတာ့ in-display fingerprint reader ပဲျဖစ္ပါတယ္။

ကင္မရာပိုင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ dual AI ကင္မရာတပ္ဆင္ေပးထားၿပီး  12 MP Samsung 2L9 sensor နဲ႔ 5 MP f2.4 aperture တို႔ျဖစ္ပါတယ္။ ေနာက္ခံမႈဝါးတဲ့ ဓာတ္ပုံေတြကို ရိုက္ကူးႏိုင္ပါလိမ့္မယ္။AI ရဲ႕လုပ္ေဆာင္ခ်က္ေၾကာင့္ ျမင္ကြင္း၁၇ခုကို အလိုအေလ်ာက္မွတ္မိသိရွိႏိုင္မွာ ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာငယ္ကလည္း 12 MP ဆင္ဆာနဲ႔အတူ selfie အတြက္  AI beauty recognition လုပ္ေဆာင္ခ်က္ကို ထည့္သြင္းေပးထားပါတယ္။  အေရွ႕အေနာက္ကင္မရာ၂ခုလံုးမွာ Dual Pixel နည္းပညာကို ေထာက္ပံ့ေပးထားပါတယ္။ ဒီနည္းပညာဟာ fast focus နဲ႔ low-light ကိုပိုေကာင္းေစဖို႔အတြက္ ကူညီေပးမွာျဖစ္ပါတယ္။ 3200mAh ဘက္ထရီကိုသုံးထားၿပီး ကြန္ရက္ခ်ိတ္ဆက္မႈ အပိုင္းမွာ 4G VoLTE, Bluetooth 5.0, Wi-Fi 802.11ac နဲ႔ GPS တို႔ကိုထည့္သြင္းေပးထားၿပီး Flipkart မွာစတင္ေရာင္းခ်ေနၿပီျဖစ္ပါတယ္။

Unicode

Vivo အနေနဲ့ အလယ်အလတ်စမတ်ဖုန်း X21 ကိုအိန္ဒိယဈေးကွက်အတွက် မိတ်ဆက်ပေးလိုက်ပြီ။  Vivo X21 စမတ်ဖုန်းဟာ  FIFA World Cup 2018 အတွက်ရည်ရွယ် ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ Vivo X21 ရဲ့လုပ်ဆောင်ချက်တွေအနေနဲ့ 6.28 လက်မ(19:9 )မှာ FHD+ Super AMOLED display ကိုသုံးထားပြီး 2280 x 1080 pixels ထောက်ပံ့ထားပါတယ်။ notch ပါဝင်ပြီး မျက်နှာပြင်ဟာ အရှေ့ဘက်ခြမ်းကိုယ်ထည် တစ်ခုလုံးရဲ့  90.3% လောက်ကျယ်ပြန့်ပါတယ်။ ဖုန်းရဲ့ဘေးဘောင်လေးတွေဟာ 1.66 mm သာရှိပြီး၊ထိပ်ဘက်ကတော့ 1.79 mmရှိကာ၊အောက်ဘက်ခြမ်းလိုင်းလေးကတော့ 5 mm သာရှိတာကြောင့် မျက်နှာပြင်ကြီးမားကျယ်ပြန့်တဲ့ ဖုန်းလို့သတ်မှတ်နိုင်ပါတယ်။

ဖုန်းမှာ ပရိုဆက်ဆာစွမ်းအားပိုင်းအနေနဲ့ 14 nm နဲ့ Snapdragon 660 octa-core ကိုသုံးထားပြီး AI လုပ်ဆောင်ချက်ပါဝင်လာပါတယ်။ Qualcomm ရဲ့AIE Chip နဲ့အတူ Adreno 512 GPU စွမ်းအားပေါင်းစပ်ထားတာကြောင့် ဂိမ်းတွေကိုကောင်းမွန်စွာ ဆော့ကစားနိုင်ပါလိမ့်မယ်။ 6 GB RAM မှာ128 GB အချက်အလက်သိုလှောင်နိုင်စွမ်းနဲ့ ဖြစ်ပြီး 256 GB အထိထပ်မံတိုးမြင့်နိုင်ပါတယ်။ OS ပိုင်းမှာတော့ Android 8.1 Oreo နဲ့အတူ FunTouch OS 4.0 ကိုသုံးနိုင်မှာဖြစ်ပါတယ်။ Hybrid Dual SIM သုံးနိုင်မှာ ဖြစ်တဲ့အပြင် ဒီဖုန်းမှာ ထင်ရှားတဲ့လုပ်ဆောင်ချက်အနေနဲ့ကတော့ in-display fingerprint reader ပဲဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ dual AI ကင်မရာတပ်ဆင်ပေးထားပြီး  12 MP Samsung 2L9 sensor နဲ့ 5 MP f2.4 aperture တို့ဖြစ်ပါတယ်။ နောက်ခံမှုဝါးတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။AI ရဲ့လုပ်ဆောင်ချက်ကြောင့် မြင်ကွင်း၁၇ခုကို အလိုအလျောက်မှတ်မိသိရှိနိုင်မှာ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာငယ်ကလည်း 12 MP ဆင်ဆာနဲ့အတူ selfie အတွက်  AI beauty recognition လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။  အရှေ့အနောက်ကင်မရာ၂ခုလုံးမှာ Dual Pixel နည်းပညာကို ထောက်ပံ့ပေးထားပါတယ်။ ဒီနည်းပညာဟာ fast focus နဲ့ low-light ကိုပိုကောင်းစေဖို့အတွက် ကူညီပေးမှာဖြစ်ပါတယ်။ 3200mAh ဘက်ထရီကိုသုံးထားပြီး ကွန်ရက်ချိတ်ဆက်မှု အပိုင်းမှာ 4G VoLTE, Bluetooth 5.0, Wi-Fi 802.11ac နဲ့ GPS တို့ကိုထည့်သွင်းပေးထားပြီး Flipkart မှာစတင်ရောင်းချနေပြီဖြစ်ပါတယ်။

Leave a Reply