Mi Band 3 မှာ eSIM ထောက်ပံ့မှုပါဝင်လာမှာလား

0
1653

စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Xiaomi အနေနဲ့ ၃၁ရက်နေ့မှာ စမတ်ဖုန်းသစ်နဲ့အတူ UI အသစ်ကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီလိုမိတ်ဆက်မှုတွေထဲမှာ Mi Band 3 လည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒီနေ့ထွက်လာတဲ့ သတင်းအရ smartband အသစ်မှာ SIM ကွန်ရက်ချိတ်ဆက်နိုင်စွမ်းပါ ထည့်သွင်းလာနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ထိပ်တန်းဆက်သွယ်ရေးအော်ပရေတာတစ်ဦးဖြစ်တဲ့China Unicom ကနေတင်လိုက်တဲ့ ပိုစတာလေးအရ Mi Band 3 အသစ်မှာ eSIM လုပ်ဆောင်ချက်ထည့်သွင်း လာနိုင်ခြေရှိတာကို တွေ့ခဲ့ရပါတယ်။ ပိုစတာလေးမှာရေးထားတာကတော့
” ကမ္ဘာ့ကြီးနဲ့ချိတ်ဆက်လိုက်ပါ ” ဆိုတဲ့စာသားလေးဖြစ်ပြီး ဒါဟာအသစ်မိတ်ဆက်မယ့် Mi Band 3 နဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။

Xiaomi ဟာမျိုးဆက်သစ် Band ကိုမိတ်ဆက်ပေးနိုင်ဖို့အတွက် ၂လကျော်၃လဝန်းကျင်လောက် စမ်းသပ်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် ဒုတိယမျိုဆက်Band2 ထက်ပိုကောင်းတဲ့ လုပ်ဆောင်ချက်ပေးအပ်ချင်တာကြောင့်လို့ ဆိုပါတယ်။ Xiaomi Mi Band 3 မှာ Touchscreen Display ပါဝင်လာမှာ ဖြစ်ပြီး မျက်နှာပြင်ကို ခပ်ကြာကြာဖိခြင်း၊ အပေါ်အောက်ဆွဲခြင်းစတာတွေနဲ့ ထိန်းချုပ် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ လတ်တလောမြင်တွေ့ချက်တွေအရ 2.5D curved glass ဖုံးအုပ်လာနိုင်ပါတယ်။

Xiaomi အနေနဲ့မေ၃၁ရက်နေ့မှာ Mi8 စမတ်ဖုန်းသစ်နဲ့ MIUI 10 တို့ကိုပါတပါတည်း မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Xiaomi Mi 8 မှာ Quick Charge 4.0+ ကိုထောက်ပံ့ပေးသွားမှာဖြစ်ပြီး အသစ်မိတ်ဆက်မယ့် MIUI 10 မှာပြောင်းလဲလိုက်တာတွေကတော့ menu bar, volume နဲ့ brightness short-cut key adjusting လုပ်ဆောင်ချက်တွေဖြစ်ပြီး၊ အရောင်ကိုတော့ အကုန်လုံးကို အပြာနဲ့အဖြူသာ သုံးထားပါတယ်။

Unicode

Leave a Reply