Super mBack’ လုပ်ဆောင်ချက်နဲ့ Meizu M6T စမတ်ဖုန်းကို တရုတ်မှာမိတ်ဆက်

0
1637





Unicode

Meizu အနေနဲ့ ကုမ္ပဏီရဲ့ စမတ်ဖုန်းသစ်တစ်လုံးကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ Meizu M6T စမတ်ဖုန်းဖြစ်ပြီး သူ့မှာမြန်ဆန်တဲ့ လက်ဗွေဖတ်စနစ်ကို ထည့်သွင်းထားပါတယ်။mid-range စမတ်ဖုန်းဖြစ်တဲ့ M6T နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ပြီး တပတ်ကြာတဲ့အချိန်မှာ တရားဝင်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ သိပ်မကြာခင်အချိန်ကGeekbench နဲ့ TENAA ကနေလဲ ဖုန်းမှာပါဝင်မယ့် အချက်အလက်အချို့ကို သိရှိခဲ့ရပါတယ်။

Meizu M6T မှာ 5.7 လက်မ LCD HD+ display နဲ့အတူ 1440 x 720 pixels ကိုထောက်ပံ့ပေးထားပါတယ်။ 18:9 အချိုးနဲ့ဖြစ်ပြီး 1000:1 contrast ratio နဲ့ပုံရိပ်တွေကို မြင်ရမှာဖြစ်ပါတယ်။ သတ္တူကိုယ်ထည်ဒီဇိုင်းနဲ့အတူ ဖုန်းရဲ့နောက်ကျောဘက်မှာ လက်ဗွေဖတ်စနစ်ကို ထည့်သွင်းထားပြီး သူ့ကို ‘Super mBack’ လို့နာမည်ပေးထားပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ဗွေဖတ်စနစ်ဟာ0.2 စက္ကန့်သာကြာမြင့်မှာ ဖြစ်ပါတယ်။

ပရိုဆက်ဆာရဲ့ စွမ်းအားပိုင်းအနေနဲ့ MediaTek MT6750 နဲ့ဖြစ်ပြီး Mali-T860 GPU ပူးတွဲထောက်ပံ့ပေးထားပါတယ်။ သိုလှောင်မှု ၃မျိုးနဲ့ထွက်ရှိလာမှာဖြစ်ပြီး 3RAM /32GB , 4RAM /32GB နဲ့ 4RAM /64GB နဲ့ဖြစ်ပါတယ်။ microSD card နဲ့အချက်အလက်သိမ်းဆည်းမှု ထပ်တိုးနိုင်ပြီး 128GB အထိလက်ခံနိုင်ပါလိမ့်မယ်။ OS ပိုင်းမှာတော့  Android 7.0 Nougat  နဲ့အတူ 3,300mAh ဘက်ထရီစွမ်းအားပါဝင်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုပိုင်းအတွက် Bluetooth 4.1, micro USB 2.0 နဲ့ Wi-Fi 802.11 a/b/g/n တို့မှာ သုံးနိုင်ပါလိမ့်မယ်။

ကင်မရာပိုင်းမှာတော့ နောက်ဘက်မှာ 13 MP + 2 MP sensors ဖြစ်ပြီး f2.2 နဲ့ f2.4 aperture အသီးသီးပါဝင်ပါတယ်။ ကင်မရာရဲ့လုပ်ဆောင်ချက်တွေအနေနဲ့ PDAF, panorama mode, autofocus, LED flash, HDR တို့ပါဝင်ပြီး 1080p video ဖမ်းယူမှုပြုလုပ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင့် portrait ရိုက်ကူးတွေကိုလည်း ပြုလုပ်နိုင်ပါလိမ့်မယ်။အရှေ့ဘက် Selfie ကင်မရာကိုတော့ 8 MP sensorမှာ f2.0 aperture နဲ့ဖြစ်ပြီး face unlock ထောက်ပံ့ပေးထားပါတယ်။ အရောင်အနေနဲ့ကတော့ အနက်၊ရွေ၊အနီဆိုပြီး ထုတ်လုပ်ထားပါတယ်။

Leave a Reply