Posted on Leave a comment

iPhone 9 တြင္စြမ္းေဆာင္ခ်က္ပိုေကာင္းၿပီး သက္တမ္းတာရွည္ခံတဲ့ဘက္ထရီပါဝင္လာမည္

ယခုႏွစ္ပိုင္း(သို႔)စက္တာဘာလေလာက္မွာေတာ့ Apple ရဲ႕စမတ္ဖုန္းသစ္ကို မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ အသစ္ထြက္လာမယ့္ စမတ္ဖုန္းဟာ iPhone 9 ျဖစ္ႏိုင္ၿပီးသူ႕မွာ သက္တမ္းတာရွည္ခံတဲ့ ဘက္ထရီစြမ္းအားနဲ႔ သြက္လက္ျမန္ဆန္တဲ့ ပရိုဆက္ဆာကို ထည့္သြင္းလာပါလိမ့္မယ္။ လတ္တေလာမွာေတာ့ အြန္လိုင္းသတင္းမီဒီယာေတြကေန iPhone အသစ္နဲ႔ပတ္သတ္လို႔ ျဖစ္ႏိုင္ေျခရွိတဲ့အခ်က္အလက္ေတြကို ေဖာ္ျပေနၾကပါတယ္။

အသစ္ထြက္လာမယ့္ ဖုန္းဟာယခင္ဖုန္းေတြထက္ ပိုမိုစြမ္းအားျပည့္သြက္လက္တဲ့ ပရိုဆက္ဆာပါဝင္လာမွာကေတာ့ မလြဲပါဘဲ။ ဘာေၾကာင့္လဲဆိုရင္ iPhone မွာေဆာ့ကစားရတဲ့ ဂိမ္းေတြဟာ android ဖုန္းေတြနဲ႔ကြာျခားၿပီး ဂရပ္ဖစ္ပိုင္းကိုပိုမိုေတာင္းဆိုမႈမ်ားတာေၾကာင့္လည္း ျဖစ္ပါတယ္။ iPhone 9 အသစ္မွာေတာ့ full-screen operation gestures ကိုသုံးထားႏိုင္ၿပီး 6.1 လက္မရွိလာႏိုင္ပါတယ္။ စြမ္းရည္ပိုင္းအေနနဲ႔7nm နည္းပညာအေျချပဳ A12 ပရိုဆက္ဆာကို အသုံးျပဳလာဖုိ႔ လုံးဝေသခ်ာလ်က္ရွိေနၿပီး ပါဝါစားသုံးမႈအပိုင္းကို ယခင္ဖုန္းေတြထက္ 40% ရာခုိင္ႏႈန္းေလာက္ေလ်ာ့ခ်ေပးပါလိမ့္မယ္။

4GB RAM နဲ႔အတူ 64GB storage  ကိုသုံးထားႏုိင္ၿပီး ေနာက္ေက်ာဘက္မွာ dual 12MP ကင္မရာကို သုံးထားလိမ့္မယ္လို႔ လတ္တေလာထြက္ေနတဲ့ သတင္းေတြအရ သိရပါတယ္။ ဒါ့အျပင္ကံေကာင္းမယ္ဆိုရင္ေတာ့screen fingerprint နည္းပညာကိုေတာင္ ထည့္သြင္းေပးလာႏုိင္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကထြက္ရွိခဲ့တဲ့ “iPhone 8” နဲ႔  “iPhone X” မွာ  Apple A11 Bionic chip ကိုအသုံးျပဳထားၿပီး သူ႕မွာလည္း ယခင္ထြက္ခဲ့တဲ့ေမာ္ဒယ္ေတြထက္ ပရိုဆက္ဆာပိုင္းမွာ 70% ေလာက္ပိုမိုျမန္ဆန္သြက္လက္ပါတယ္။ Apple အေနနဲ႔  “iPhone 9” ကိုစက္တင္ဘာလမွာ မိတ္ဆက္လာႏိုင္ၿပီး မတူညီတဲ့ ေမာ္ဒယ္၃မ်ိဳးနဲ႔ ထုတ္လုပ္လာႏုိင္ပါတယ္။

Unicode

ယခုနှစ်ပိုင်း(သို့)စက်တာဘာလလောက်မှာတော့ Apple ရဲ့စမတ်ဖုန်းသစ်ကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ အသစ်ထွက်လာမယ့် စမတ်ဖုန်းဟာ iPhone 9 ဖြစ်နိုင်ပြီးသူ့မှာ သက်တမ်းတာရှည်ခံတဲ့ ဘက်ထရီစွမ်းအားနဲ့ သွက်လက်မြန်ဆန်တဲ့ ပရိုဆက်ဆာကို ထည့်သွင်းလာပါလိမ့်မယ်။ လတ်တလောမှာတော့ အွန်လိုင်းသတင်းမီဒီယာတွေကနေ iPhone အသစ်နဲ့ပတ်သတ်လို့ ဖြစ်နိုင်ခြေရှိတဲ့အချက်အလက်တွေကို ဖော်ပြနေကြပါတယ်။

အသစ်ထွက်လာမယ့် ဖုန်းဟာယခင်ဖုန်းတွေထက် ပိုမိုစွမ်းအားပြည့်သွက်လက်တဲ့ ပရိုဆက်ဆာပါဝင်လာမှာကတော့ မလွဲပါဘဲ။ ဘာကြောင့်လဲဆိုရင် iPhone မှာဆော့ကစားရတဲ့ ဂိမ်းတွေဟာ android ဖုန်းတွေနဲ့ကွာခြားပြီး ဂရပ်ဖစ်ပိုင်းကိုပိုမိုတောင်းဆိုမှုများတာကြောင့်လည်း ဖြစ်ပါတယ်။ iPhone 9 အသစ်မှာတော့ full-screen operation gestures ကိုသုံးထားနိုင်ပြီး 6.1 လက်မရှိလာနိုင်ပါတယ်။ စွမ်းရည်ပိုင်းအနေနဲ့7nm နည်းပညာအခြေပြု A12 ပရိုဆက်ဆာကို အသုံးပြုလာဖို့ လုံးဝသေချာလျက်ရှိနေပြီး ပါဝါစားသုံးမှုအပိုင်းကို ယခင်ဖုန်းတွေထက် 40% ရာခိုင်နှုန်းလောက်လျော့ချပေးပါလိမ့်မယ်။

4GB RAM နဲ့အတူ 64GB storage  ကိုသုံးထားနိုင်ပြီး နောက်ကျောဘက်မှာ dual 12MP ကင်မရာကို သုံးထားလိမ့်မယ်လို့ လတ်တလောထွက်နေတဲ့ သတင်းတွေအရ သိရပါတယ်။ ဒါ့အပြင်ကံကောင်းမယ်ဆိုရင်တော့screen fingerprint နည်းပညာကိုတောင် ထည့်သွင်းပေးလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကထွက်ရှိခဲ့တဲ့ “iPhone 8” နဲ့  “iPhone X” မှာ  Apple A11 Bionic chip ကိုအသုံးပြုထားပြီး သူ့မှာလည်း ယခင်ထွက်ခဲ့တဲ့မော်ဒယ်တွေထက် ပရိုဆက်ဆာပိုင်းမှာ 70% လောက်ပိုမိုမြန်ဆန်သွက်လက်ပါတယ်။ Apple အနေနဲ့  “iPhone 9” ကိုစက်တင်ဘာလမှာ မိတ်ဆက်လာနိုင်ပြီး မတူညီတဲ့ မော်ဒယ်၃မျိုးနဲ့ ထုတ်လုပ်လာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.