ဇြန္၅ရက္ ေန႔မွာမိတ္ဆက္သြားေတာ့မယ့္ LENOVO Z5

0
1817

Lenovo အေနနဲ႔ ကုမၸဏီရဲ႕ စမတ္ဖုန္းသစ္ျဖစ္တဲ့ Z5 ကိုမိတ္ဆက္ဖို႔အတြက္ ရက္ပိုင္းဝန္းက်င္သာၾကာေတာ့မွာျဖစ္ပါတယ္။  ယေန႔မွာေတာ့ ကုမၸဏီအေနနဲ႔ စမတ္ဖုန္းသစ္ကို ဇြန္၅ရက္ေန႔မွာ မိတ္ဆက္ဖို႔အတြက္ တရားဝင္ေျပာၾကားလုိက္ၿပီျဖစ္ပါတယ္။ Lenovo Z5 အေနနဲ႔ သူ႕ရဲ႕ေနာက္ေက်ာဘက္ dual ကင္မရာမွာ AI လုပ္ေဆာင္ခ်က္ကို ထည့္သြင္းသြားမွာ ျဖစ္ၿပီး အလင္း၊အေမွာင္တိက်တဲ့ ပံုထြက္အရည္အေသြးရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္မွာျဖစ္ပါတယ္။

Lenovo Z5 ဟာ 4TB အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းနဲ႔ ပထမဆုံးစမတ္ဖုန္းလည္း ျဖစ္လာႏုိင္ပါတယ္။ လက္ရွိအခ်ိန္မွာ ထြက္ထားတဲ့ စမတ္ဖုန္းေတြမွာ အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းအေနနဲ႔ 128GB (သို႔) 256GB ကိုသာထည့္သြင္းေပးထားတာကိုေတြ႕ရမွာပါ။ တကယ္လို႔သာ 4TB storage သာရရွိမယ္ဆိုရင္ ဖုန္းထဲမွာ အခ်က္အလက္ေပါင္းမ်ားစြာကို ထည့္သြင္းထားႏိုင္မွာျဖစ္ပါတယ္။ လက္တေလာတြက္ခ်က္မႈေတြအရ အဲ့ဒီပမာဏဟာ ဓာတ္ပံုႀကီး၁သန္း၊ HD ရုပ္ရွင္ကားေပါင္း ၂ေထာင္၊သီခ်င္း MP3 ဖုိင္ေပါင္း 150,000 ဝင္ဆံ့မယ့္ ပမာဏပဲျဖစ္ပါတယ္။

Lenovo Z5 နဲ ့ပတ္သတ္ျပီး ကုမၸဏီ ဒုဥကၠဌကိုယ္တိုင္ အတည္ျပဳထားတဲ့ အခ်က္တစ္ခ်က္ကေတာ့ ဒီဖုန္းဟာ standby ထားရင္ ၄၅ အားခံမယ္ဆိုလို ့ဆိုတာပါပဲ။ Lenovo ဟာ ဒီဖုန္းမွာ နည္းပညာအသစ္ ၄ မ်ိဳး နဲ  ့မူပိုင္ခြင့္ရ နည္းပညာ ၁၈ မ်ိဳးထည့္သြင္းထားတယ္လို ့ေၾကျငာထားပါတယ္။ ဒီနည္းပညာသစ္ေတြထဲမွာ in-glass fingerprint scanner လိုမ်ိဳး Pop-up selfie ကင္မရာလိုမ်ိဳးကိုလည္း ျမင္ရဖို ့ရိွေနပါတယ္။ Z5 မွာ Snapdragon 845 ပရိုဆက္ဆာနဲ႔အတူ 6 GB (သို႔) 8 GB RAM ကိုသုံးလာမွာျဖစ္ပါတယ္။ Z5 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြဟာ မ်က္ႏွာျပည့္ ျဖစ္လာႏုိင္မႈနဲ႔ ဘက္ထရီစြမ္းအားေကာင္းမြန္မႈ အခ်က္အလက္ပိုမို သိမ္းဆည္းႏိုင္စြမ္းေတြက လြဲရင္ အျခားအခ်က္အလက္ေတြ ျပည့္စုံစြာ မထြက္လာေသးပါဘူး။

Unicode

Lenovo အနေနဲ့ ကုမ္ပဏီရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ Z5 ကိုမိတ်ဆက်ဖို့အတွက် ရက်ပိုင်းဝန်းကျင်သာကြာတော့မှာဖြစ်ပါတယ်။  ယနေ့မှာတော့ ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းသစ်ကို ဇွန်၅ရက်နေ့မှာ မိတ်ဆက်ဖို့အတွက် တရားဝင်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ Lenovo Z5 အနေနဲ့ သူ့ရဲ့နောက်ကျောဘက် dual ကင်မရာမှာ AI လုပ်ဆောင်ချက်ကို ထည့်သွင်းသွားမှာ ဖြစ်ပြီး အလင်း၊အမှောင်တိကျတဲ့ ပုံထွက်အရည်အသွေးရရှိအောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

Lenovo Z5 ဟာ 4TB အချက်အလက်သိုလှောင်နိုင်စွမ်းနဲ့ ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ ထွက်ထားတဲ့ စမတ်ဖုန်းတွေမှာ အချက်အလက်သိုလှောင်နိုင်စွမ်းအနေနဲ့ 128GB (သို့) 256GB ကိုသာထည့်သွင်းပေးထားတာကိုတွေ့ရမှာပါ။ တကယ်လို့သာ 4TB storage သာရရှိမယ်ဆိုရင် ဖုန်းထဲမှာ အချက်အလက်ပေါင်းများစွာကို ထည့်သွင်းထားနိုင်မှာဖြစ်ပါတယ်။ လက်တလောတွက်ချက်မှုတွေအရ အဲ့ဒီပမာဏဟာ ဓာတ်ပုံကြီး၁သန်း၊ HD ရုပ်ရှင်ကားပေါင်း ၂ထောင်၊သီချင်း MP3 ဖိုင်ပေါင်း 150,000 ဝင်ဆံ့မယ့် ပမာဏပဲဖြစ်ပါတယ်။

Lenovo Z5 နဲ့ပတ်သတ်ပြီး ကုမ္ပဏီ ဒုဥက္ကဌကိုယ်တိုင် အတည်ပြုထားတဲ့ အချက်တစ်ချက်ကတော့ ဒီဖုန်းဟာ standby ထားရင် ၄၅ အားခံမယ်ဆိုလို့ဆိုတာပါပဲ။ Lenovo ဟာ ဒီဖုန်းမှာ နည်းပညာအသစ် ၄ မျိုး နဲ ့မူပိုင်ခွင့်ရ နည်းပညာ ၁၈ မျိုးထည့်သွင်းထားတယ်လို့ကြေငြာထားပါတယ်။ ဒီနည်းပညာသစ်တွေထဲမှာ in-glass fingerprint scanner လိုမျိုး Pop-up selfie ကင်မရာလိုမျိုးကိုလည်း မြင်ရဖို့ရှိနေပါတယ်။ Z5 မှာ Snapdragon 845 ပရိုဆက်ဆာနဲ့အတူ 6 GB (သို့) 8 GB RAM ကိုသုံးလာမှာဖြစ်ပါတယ်။ Z5 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေဟာ မျက်နှာပြည့် ဖြစ်လာနိုင်မှုနဲ့ ဘက်ထရီစွမ်းအားကောင်းမွန်မှု အချက်အလက်ပိုမို သိမ်းဆည်းနိုင်စွမ်းတွေက လွဲရင် အခြားအချက်အလက်တွေ ပြည့်စုံစွာ မထွက်လာသေးပါဘူး။

Leave a Reply