Cloud Storage မွာ သင့္ ေဒတာမ်ားကို လံုျခံဳေအာင္ ဘယ္လိုလုပ္ရမလဲ ?

0
757

Cloud Storage မ်ားဟာ အင္တာနက္မွာ ဖိုင္မ်ား သိမ္းဆည္းတဲ့ ၀န္ေဆာင္မႈမ်ား ျဖစ္တဲ့ အတြက္ သင့္ ေဒတာမ်ား လံုျခံဳ စိတ္ခ်ရပါ့မလားဆိုတဲ့ ေမးခြန္းမ်ားစြာ ရွိပါတယ္။ Cloud မွ သင့္ေဒတာမ်ားဟာ လံုျခံဳစိတ္ခ်ရတယ္လို႔ အမ်ားစုက ထင္ေနၾကပါတယ္။ ဒါေပမယ့္ အဲဒီ ထင္ျမင္မႈဟာ မွားပါတယ္။ အင္တာနက္မွာ မျဖစ္ႏုိင္တာ မရွိတဲ့အတြက္ သင့္ Cloud မွ ေဒတာမ်ားကို အတတ္ႏုိင္ဆံုး လံုျခံဳေအာင္ ျပဳလုပ္ထားသင့္ပါတယ္။

လံုျခံဳေရး နည္းလမ္းမ်ား

• သင္သံုးမယ့္ Cloud Storage ရဲ႕ Terms & Conditions ကို ဖတ္ပါ။
• သင္ Download, Upload လုပ္တဲ့ ဖိုင္မ်ားကို Encrypt လုပ္ေပးတဲ့ ၀န္ေဆာင္မႈကို သံုးပါ။
• သင့္ ေဒတာမ်ား Cloud ထံ မေရာက္ခင္မွာ ႀကိဳတင္ Encrypt လုပ္ေပးတဲ့ Boxcryptor , Spideroak တို႔လို ၀န္ေဆာင္မႈမ်ားကို သံုးပါ။
• Cloud မွ သင့္ ေဒတာမ်ားကို ရယူ သံုးႏုိင္မယ့္ လူမ်ားကို ေသခ်ာစြာ စိစစ္ ကန္႔သတ္ပါ။
• အျခားလူမ်ား ေတြ႕ျမင္သြားရင္ သင့္အတြက္ ဒုကၡ ျဖစ္ေစမယ့္ ၊ အရွက္ရေစမယ့္ ေဒတာမ်ားကို မသိမ္းသင့္ပါ။
• သင့္ေနအိမ္မွ ၀ိုင္ဖိုင္ကို Password ျဖင့္ကာကြယ္ၿပီး စာၾကည့္တိုက္၊ ေကာ္ဖီဆိုင္လို အမ်ားသံုး ေနရာမ်ားကေန Cloud မွာ ဖိုင္မ်ား သိမ္းျခင္းကို ေရွာင္ၾကဥ္ပါ။
• တရားမ၀င္တဲ့ ဖိုင္မ်ား၊ ကိုယ္လံုးတီး ဓါတ္ပံုမ်ား၊ က်န္းမာေရး မွတ္တမ္းမ်ား၊ ေငြေၾကး သတင္းအခ်က္အလက္မ်ားတို႔လို Sensitive ျဖစ္တဲ့ ဖိုင္မ်ားကို မသိမ္းသင့္ပါဘူး။
• Cloud အေကာင့္အတြက္ အားေကာင္းတဲ့ Password မ်ားကို သတ္မွတ္ပါ။
• သင့္ ဖုိင္မ်ားကို Backup လုပ္တဲ့ အေနျဖင့္ Cloud မ်ားစြာကို သံုးပါ။
• အေကာင့္ Disable ျဖစ္ျခင္း၊ လက္ေတာ့ အခိုးခံရျခင္း၊ ၀က္ဆိုက္ Down ေနျခင္းမ်ားလို အျဖစ္မ်ားအတြက္ ႀကိဳတင္ျပင္ဆင္ထားပါ။
• သင့္ဖိုင္မ်ားကို သိမ္းဖို႔ Cloud ဟာ လံုး၀ စိတ္ခ်ရတယ္လို႔ မယူဆဘဲ External Hard Drive or Memory Stick မ်ားမွာပါ သိမ္းထားသင့္ပါတယ္။
• လံုျခံဳေရး ေကာင္းမြန္တဲ့ Cloud Storage မ်ားကို ေရြးခ်ယ္ပါ။

Backup လုပ္ပါ။

MegaUpload အမည္ရ Cloud Service ဟာ ပိတ္သိမ္းသြားတဲ့အခါမွာ User မ်ား သိမ္းထားတဲ့ ေဒတာမ်ားဟာ ပ်က္ဆီးကုန္ပါတယ္။ Cloud Service အမ်ားစုဟာ သူတို႔ ၀န္ေဆာင္မႈ ရပ္နားၿပီးေနာက္မွာ သင့္ရဲ႕ ဖိုင္မ်ားကို ျပန္လည္ ရယူခြင့္အတြက္ အာမခံထားျခင္း မရွိပါဘူး။ အဲဒီအတြက္ Cloud Service မ်ားဟာ အခ်ိန္မေရြး ရပ္နားသြားနုိင္တာကို သတိျပဳပါ။

ေဒတာမ်ားကို Access လုပ္လို႔ မရမယ့္ အေျခအေနကို စဥ္းစားပါ။

ဒါ့အျပင္ သင့္ အေကာင့္ကို Disable လုပ္ျခင္းေၾကာင့္ ျဖစ္လာႏိုင္တဲ့ အက်ိဳးဆက္မ်ားကို ႀကိဳတင္ စဥ္းစားပါ။ ဥပမာအားျဖင့္ Cloud တစ္ခုကို သင္ဟာ အခေပး သံုးေနတယ္ဆိုပါစို႔။ သင္ ေငြေပးေခ်မႈ မျပဳလုပ္ေတာ့တဲ့ အခါမွာ သင့္ အေကာင့္ကို Disable လုပ္မလား၊ ေဒတာမ်ား ပ်က္ဆီး မလားဆိုတာကို ေလ့လာထားရမွာပါ။

အဆင့္တိုင္းမွာ Encrypt လုပ္သလားဆိုတာကို စစ္ေဆးပါ။

သင့္ ေဒတာမ်ားကို Upload , Download ျပဳလုပ္စဥ္နဲ႔ Cloud မွာ သိမ္းထားခ်ိန္မွာ Encrypt လုပ္သလားဆိုတာကို စစ္ေဆးပါ။ Terms & Conditions ကို သင္ မဖတ္မိဘူးဆိုရင္ Encryption လုပ္ထားသလားဆိုတာကို သိဖို႔ ဖိုင္တစ္ခုကို Upload လုပ္ၾကည့္ႏုိင္ပါတယ္။ လိပ္စာဘားမွ သင့္ URL ဟာ https နဲ႔ စရင္ သို႔မဟုတ္ ေသာ့ခေလာက္ဟာ ပိတ္ထားတဲ့ ပံုသ႑ာန္ ဆိုရင္ Upload , Download ျပဳလုပ္ခ်ိန္မွာ Encrypt လုပ္ထားပါတယ္။

unicode

Cloud Storage မှာ သင့် ဒေတာများကို လုံခြုံအောင် ဘယ်လိုလုပ်ရမလဲ ?

Cloud Storage များဟာ အင်တာနက်မှာ ဖိုင်များ သိမ်းဆည်းတဲ့ ဝန်ဆောင်မှုများ ဖြစ်တဲ့ အတွက် သင့် ဒေတာများ လုံခြုံ စိတ်ချရပါ့မလားဆိုတဲ့ မေးခွန်းများစွာ ရှိပါတယ်။ Cloud မှ သင့်ဒေတာများဟာ လုံခြုံစိတ်ချရတယ်လို့ အများစုက ထင်နေကြပါတယ်။ ဒါပေမယ့် အဲဒီ ထင်မြင်မှုဟာ မှားပါတယ်။ အင်တာနက်မှာ မဖြစ်နိုင်တာ မရှိတဲ့အတွက် သင့် Cloud မှ ဒေတာများကို အတတ်နိုင်ဆုံး လုံခြုံအောင် ပြုလုပ်ထားသင့်ပါတယ်။

လုံခြုံရေး နည်းလမ်းများ

• သင်သုံးမယ့် Cloud Storage ရဲ့ Terms & Conditions ကို ဖတ်ပါ။
• သင် Download, Upload လုပ်တဲ့ ဖိုင်များကို Encrypt လုပ်ပေးတဲ့ ဝန်ဆောင်မှုကို သုံးပါ။
• သင့် ဒေတာများ Cloud ထံ မရောက်ခင်မှာ ကြိုတင် Encrypt လုပ်ပေးတဲ့ Boxcryptor , Spideroak တို့လို ဝန်ဆောင်မှုများကို သုံးပါ။
• Cloud မှ သင့် ဒေတာများကို ရယူ သုံးနိုင်မယ့် လူများကို သေချာစွာ စိစစ် ကန့်သတ်ပါ။
• အခြားလူများ တွေ့မြင်သွားရင် သင့်အတွက် ဒုက္ခ ဖြစ်စေမယ့် ၊ အရှက်ရစေမယ့် ဒေတာများကို မသိမ်းသင့်ပါ။
• သင့်နေအိမ်မှ ဝိုင်ဖိုင်ကို Password ဖြင့်ကာကွယ်ပြီး စာကြည့်တိုက်၊ ကော်ဖီဆိုင်လို အများသုံး နေရာများကနေ Cloud မှာ ဖိုင်များ သိမ်းခြင်းကို ရှောင်ကြဉ်ပါ။
• တရားမဝင်တဲ့ ဖိုင်များ၊ ကိုယ်လုံးတီး ဓါတ်ပုံများ၊ ကျန်းမာရေး မှတ်တမ်းများ၊ ငွေကြေး သတင်းအချက်အလက်များတို့လို Sensitive ဖြစ်တဲ့ ဖိုင်များကို မသိမ်းသင့်ပါဘူး။
• Cloud အကောင့်အတွက် အားကောင်းတဲ့ Password များကို သတ်မှတ်ပါ။
• သင့် ဖိုင်များကို Backup လုပ်တဲ့ အနေဖြင့် Cloud များစွာကို သုံးပါ။
• အကောင့် Disable ဖြစ်ခြင်း၊ လက်တော့ အခိုးခံရခြင်း၊ ဝက်ဆိုက် Down နေခြင်းများလို အဖြစ်များအတွက် ကြိုတင်ပြင်ဆင်ထားပါ။
• သင့်ဖိုင်များကို သိမ်းဖို့ Cloud ဟာ လုံး၀ စိတ်ချရတယ်လို့ မယူဆဘဲ External Hard Drive or Memory Stick များမှာပါ သိမ်းထားသင့်ပါတယ်။
• လုံခြုံရေး ကောင်းမွန်တဲ့ Cloud Storage များကို ရွေးချယ်ပါ။

Backup လုပ်ပါ။

MegaUpload အမည်ရ Cloud Service ဟာ ပိတ်သိမ်းသွားတဲ့အခါမှာ User များ သိမ်းထားတဲ့ ဒေတာများဟာ ပျက်ဆီးကုန်ပါတယ်။ Cloud Service အများစုဟာ သူတို့ ဝန်ဆောင်မှု ရပ်နားပြီးနောက်မှာ သင့်ရဲ့ ဖိုင်များကို ပြန်လည် ရယူခွင့်အတွက် အာမခံထားခြင်း မရှိပါဘူး။ အဲဒီအတွက် Cloud Service များဟာ အချိန်မရွေး ရပ်နားသွားနိုင်တာကို သတိပြုပါ။

ဒေတာများကို Access လုပ်လို့ မရမယ့် အခြေအနေကို စဉ်းစားပါ။

ဒါ့အပြင် သင့် အကောင့်ကို Disable လုပ်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်များကို ကြိုတင် စဉ်းစားပါ။ ဥပမာအားဖြင့် Cloud တစ်ခုကို သင်ဟာ အခပေး သုံးနေတယ်ဆိုပါစို့။ သင် ငွေပေးချေမှု မပြုလုပ်တော့တဲ့ အခါမှာ သင့် အကောင့်ကို Disable လုပ်မလား၊ ဒေတာများ ပျက်ဆီး မလားဆိုတာကို လေ့လာထားရမှာပါ။

အဆင့်တိုင်းမှာ Encrypt လုပ်သလားဆိုတာကို စစ်ဆေးပါ။

သင့် ဒေတာများကို Upload , Download ပြုလုပ်စဉ်နဲ့ Cloud မှာ သိမ်းထားချိန်မှာ Encrypt လုပ်သလားဆိုတာကို စစ်ဆေးပါ။ Terms & Conditions ကို သင် မဖတ်မိဘူးဆိုရင် Encryption လုပ်ထားသလားဆိုတာကို သိဖို့ ဖိုင်တစ်ခုကို Upload လုပ်ကြည့်နိုင်ပါတယ်။ လိပ်စာဘားမှ သင့် URL ဟာ https နဲ့ စရင် သို့မဟုတ် သော့ခလောက်ဟာ ပိတ်ထားတဲ့ ပုံသဏ္ဍာန် ဆိုရင် Upload , Download ပြုလုပ်ချိန်မှာ Encrypt လုပ်ထားပါတယ်။

Leave a Reply