စမတ္ဖုန္း ကင္မရာမ်ားဟာ အလြန္ အဆင့္ျမင့္လာၿပီး အရည္အေသြးျမင့္တဲ့ ဓါတ္ပံုမ်ားကို ရိုက္ကူးႏုိင္လာၾကပါၿပီ။ ဒါေပမယ့္ သင့္မွာ ဓါတ္ပံုဆရာမ်ားရဲ႕ အရည္အခ်င္းမ်ား ရွိဖို႔ လိုအပ္ပါတယ္။ သင့္မွာ ဒီလို အရည္အခ်င္းမ်ား မရွိရင္ေတာ့ Camera Apps မ်ားကို သံုးႏိုင္ပါတယ္။
၁။ Camera Zoom FX
Camera Zoom FX က သက္တမ္းရင့္ Camera App ျဖစ္ၿပီး စြမ္းေဆာင္ခ်က္ အသစ္မ်ားကို စဥ္ဆက္မျပတ္ ထည့္သြင္းေပးေနပါတယ္။ Filters မ်ားစြာပါၿပီး ဓါတ္ပံုရိုက္ကူးရာမွာ အဓိက က်တဲ့ လက္တည္ၿငိမ္မႈကို ျပသေပးတဲ့ စြမ္းေဆာင္ခ်က္လည္း ပါပါတယ္။ Stabilization Indicator ကို On ထားရင္ လက္တည္ၿငိမ္မႈ မရွိတဲ့အခါမွာ အနီေရာင္ စက္၀ိုင္းျဖင့္ သတိေပးမွာပါ။
ေနာက္ထပ္ ထူးျခားတဲ့ စြမ္းေဆာင္ခ်က္က သင္ ဓါတ္ပံုရိုက္ေနတာကို အျခားလူမ်ား မသိေစခ်င္ရင္ ကာကြယ္ေပးတဲ့ Incognito Mode ျဖစ္ပါတယ္။ သူ႔ကို ဖြင့္ထားရင္ Camera Screen ကို ၀က္စာမ်က္ႏွာတစ္ခုျဖင့္ ဖံုးထားေပးၿပီး ထိပ္နားမွာ ေသးငယ္တဲ့ ကင္မရာ ၀င္းဒိုးကို ျပသထားပါတယ္။ စကရင္ကို တစ္ခ်က္ထိရင္ ဓါတ္ပံု ရိုက္ေပးမွာပါ။ Camera Zoom FX ဟာ စမတ္ဖုန္းကေန ဓါတ္ပံုေကာင္းမ်ား ရိုက္ကူးခ်င္သူမ်ားအတြက္ စြမ္းေဆာင္ခ်က္မ်ားစြာ ပါၿပီး အခမဲ့နဲ႔ အခေပး ဗားရွင္းမ်ား ထုတ္လုပ္ထားပါတယ္။
၂။ ProShot
ProShot ရဲ႕ Interface က စသံုးသံုးခ်င္းမွာ Navigate ျပဳလုပ္ရတာ အနည္းငယ္ ခက္ခဲေပမယ့္ ဓါတ္ပံုေကာင္းမ်ား ရိုက္ဖို႔အတြက္ စြမ္းေဆာင္ခ်က္မ်ားစြာ ပါပါတယ္။ မွန္ကန္တဲ့ ဓါတ္ပုံ ရိုက္ကူးမႈ ျဖစ္ေအာင္ On-Screen Levels မ်ားျဖင့္ လမ္းညႊန္ေပးပါတယ္။
ISO, Exposure, Focus, White Balance တို႔ကို ခ်ိန္ညွိႏုိင္မယ့္ Manual Controls မ်ားလည္း ပါပါတယ္။ လက္တစ္ေခ်ာင္းထဲျဖင့္ တိက်စြာ Zoom လုပ္ေပးတဲ့ စြမ္းေဆာင္ခ်က္က ထူးျခားဆန္းသစ္ပါတယ္။ ကိုယ္ပိုင္ Gallery ပါၿပီး ဓါတ္ပံုမ်ားရဲ႕ ISO နဲ႔ Shutter Speed ကို ျပသေပးပါတယ္။ ( သင့္ကင္မရာက ေထာက္ပံ့ရင္ ) 4K Video မ်ားကို ရိုက္ကူးေပးႏုိင္ပါတယ္။ အခမဲ့ ဗားရွင္း ဖန္တီးေပးထားၿပီး အခေပး ဗားရွင္းကို ၅ ေဒၚလာျဖင့္ ၀ယ္သံုးရမွာပါ။
၃။ A Better Camera
A Better Camera မွာ Sequence Shot , Group Portrait Settings နဲ႔ သင့္ ဓါတ္ပံုမွ မႏွစ္သက္တဲ့ အရာမ်ားကို ဖယ္ရွားေပးတဲ့ စြမ္းရည္မ်ား ပါပါတယ္။ Best Shot က ဓါတ္ပံုမ်ားစြာကို ရိုက္ကူးၿပီး သင္ႏွစ္သက္တဲ့ တစ္ခုကို ေရြးခ်ယ္ႏုိင္ပါတယ္။ Focus နဲ႔ Exposure မ်ားကို ႏွစ္သက္တဲ့ ရႈေထာင့္ကေန ခ်ိန္ညွိႏုိင္ပါတယ္။
ဓါတ္ပံု ရိုက္ကူးၿပီးေနာက္ ခ်က္ခ်င္း ျပင္ဆင္ႏုိင္တဲ့ စြမ္းေဆာင္ခ်က္နဲ႔ အခ်ိန္နဲ႔ တစ္ေျပးညီ HDR ျဖင့္ ဗီဒီယို ရိုက္ကူးႏုိင္တဲ့ စြမ္းေဆာင္ခ်က္မ်ားလည္း ပါပါတယ္။ ဒါေပမယ့္ သူ႕ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ခ်က္မ်ားကို In-App Purchase ကေန ၀ယ္သံုးရမွာပါ။
၄။ Camera360 Ultimate
Camera360 ဟာ အလြန္ နာမည္ႀကီးၿပီး ဓါတ္ပံု မရိုက္ကူးခင္မွာ Filter မ်ားကို ထည့္သြင္းႏုိင္ပါတယ္။ သူ႔မွာ Effects မ်ားစြာ ပါတဲ့ အတြက္ လူအမ်ားစု သေဘာက်မွာ ျဖစ္ပါတယ္။ စြမ္းေဆာင္ခ်က္မ်ားကို အသံုးျပဳရလြယ္ကူေအာင္ ျပသေပးထားပါတယ္။ သူ႔မွာ အျခား ကင္မရာမ်ားမွာ မပါတဲ့ စြမ္းေဆာင္ခ်က္မ်ားေတာင္ ပါပါတယ္။ Line နဲ႔ WhatsApp တို႔မွာလို စတစ္ကာနဲ႔ ကာတြန္းမ်ားကို ဓါတ္ပံုမ်ားမွာ ထည့္သြင္းႏုိင္တဲ့ စြမ္းေဆာင္ခ်က္မ်ား ပါပါတယ္။
၅။ VSCO Cam
VSCO Cam ကေတာ့ အသံုးျပဳရတာ အနည္းငယ္ ခက္ခဲေပမယ့္ လြန္ခဲ့တဲ့ ႏွစ္မ်ားစြာ ကတည္းက လူႀကိဳက္မ်ားခဲ့ပါတယ္။ သူက Instagram မွ ဓါတ္ပံုမ်ားလို ရိုက္ကူးဖို႔ အထူးျပဳလုပ္ထားပါတယ္။ အသင့္ ျပဳလုပ္ထားတဲ့ Filters မ်ားစြာကို သင့္ရဲ႕ ဓါတ္ပံုမ်ားမွာ ထည့္သြင္းႏုိင္ပါတယ္။ ဓါတ္ပံုကို ျပင္ဆင္ႏိုင္တဲ့ အရည္အေသြးက သူ႔ရဲ႕ အဓိက အားသာခ်က္ ျဖစ္ပါတယ္။ ဓါတ္ပံုမ်ားရဲ႕ Settings မ်ားကို သင့္စိတ္ႀကိဳက္ ခ်ိန္ညွိႏုိင္ပါတယ္။
unicode
Android အတွက် အလန်းဆုံး Camera App များ
စမတ်ဖုန်း ကင်မရာများဟာ အလွန် အဆင့်မြင့်လာပြီး အရည်အသွေးမြင့်တဲ့ ဓါတ်ပုံများကို ရိုက်ကူးနိုင်လာကြပါပြီ။ ဒါပေမယ့် သင့်မှာ ဓါတ်ပုံဆရာများရဲ့ အရည်အချင်းများ ရှိဖို့ လိုအပ်ပါတယ်။ သင့်မှာ ဒီလို အရည်အချင်းများ မရှိရင်တော့ Camera Apps များကို သုံးနိုင်ပါတယ်။
၁။ Camera Zoom FX
Camera Zoom FX က သက်တမ်းရင့် Camera App ဖြစ်ပြီး စွမ်းဆောင်ချက် အသစ်များကို စဉ်ဆက်မပြတ် ထည့်သွင်းပေးနေပါတယ်။ Filters များစွာပါပြီး ဓါတ်ပုံရိုက်ကူးရာမှာ အဓိက ကျတဲ့ လက်တည်ငြိမ်မှုကို ပြသပေးတဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။ Stabilization Indicator ကို On ထားရင် လက်တည်ငြိမ်မှု မရှိတဲ့အခါမှာ အနီရောင် စက်ဝိုင်းဖြင့် သတိပေးမှာပါ။
နောက်ထပ် ထူးခြားတဲ့ စွမ်းဆောင်ချက်က သင် ဓါတ်ပုံရိုက်နေတာကို အခြားလူများ မသိစေချင်ရင် ကာကွယ်ပေးတဲ့ Incognito Mode ဖြစ်ပါတယ်။ သူ့ကို ဖွင့်ထားရင် Camera Screen ကို ဝက်စာမျက်နှာတစ်ခုဖြင့် ဖုံးထားပေးပြီး ထိပ်နားမှာ သေးငယ်တဲ့ ကင်မရာ ဝင်းဒိုးကို ပြသထားပါတယ်။ စကရင်ကို တစ်ချက်ထိရင် ဓါတ်ပုံ ရိုက်ပေးမှာပါ။ Camera Zoom FX ဟာ စမတ်ဖုန်းကနေ ဓါတ်ပုံကောင်းများ ရိုက်ကူးချင်သူများအတွက် စွမ်းဆောင်ချက်များစွာ ပါပြီး အခမဲ့နဲ့ အခပေး ဗားရှင်းများ ထုတ်လုပ်ထားပါတယ်။
၂။ ProShot
ProShot ရဲ့ Interface က စသုံးသုံးချင်းမှာ Navigate ပြုလုပ်ရတာ အနည်းငယ် ခက်ခဲပေမယ့် ဓါတ်ပုံကောင်းများ ရိုက်ဖို့အတွက် စွမ်းဆောင်ချက်များစွာ ပါပါတယ်။ မှန်ကန်တဲ့ ဓါတ်ပုံ ရိုက်ကူးမှု ဖြစ်အောင် On-Screen Levels များဖြင့် လမ်းညွှန်ပေးပါတယ်။
ISO, Exposure, Focus, White Balance တို့ကို ချိန်ညှိနိုင်မယ့် Manual Controls များလည်း ပါပါတယ်။ လက်တစ်ချောင်းထဲဖြင့် တိကျစွာ Zoom လုပ်ပေးတဲ့ စွမ်းဆောင်ချက်က ထူးခြားဆန်းသစ်ပါတယ်။ ကိုယ်ပိုင် Gallery ပါပြီး ဓါတ်ပုံများရဲ့ ISO နဲ့ Shutter Speed ကို ပြသပေးပါတယ်။ ( သင့်ကင်မရာက ထောက်ပံ့ရင် ) 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ အခမဲ့ ဗားရှင်း ဖန်တီးပေးထားပြီး အခပေး ဗားရှင်းကို ၅ ဒေါ်လာဖြင့် ဝယ်သုံးရမှာပါ။
၃။ A Better Camera
A Better Camera မှာ Sequence Shot , Group Portrait Settings နဲ့ သင့် ဓါတ်ပုံမှ မနှစ်သက်တဲ့ အရာများကို ဖယ်ရှားပေးတဲ့ စွမ်းရည်များ ပါပါတယ်။ Best Shot က ဓါတ်ပုံများစွာကို ရိုက်ကူးပြီး သင်နှစ်သက်တဲ့ တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ Focus နဲ့ Exposure များကို နှစ်သက်တဲ့ ရှုထောင့်ကနေ ချိန်ညှိနိုင်ပါတယ်။
ဓါတ်ပုံ ရိုက်ကူးပြီးနောက် ချက်ချင်း ပြင်ဆင်နိုင်တဲ့ စွမ်းဆောင်ချက်နဲ့ အချိန်နဲ့ တစ်ပြေးညီ HDR ဖြင့် ဗီဒီယို ရိုက်ကူးနိုင်တဲ့ စွမ်းဆောင်ချက်များလည်း ပါပါတယ်။ ဒါပေမယ့် သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို In-App Purchase ကနေ ဝယ်သုံးရမှာပါ။
၄။ Camera360 Ultimate
Camera360 ဟာ အလွန် နာမည်ကြီးပြီး ဓါတ်ပုံ မရိုက်ကူးခင်မှာ Filter များကို ထည့်သွင်းနိုင်ပါတယ်။ သူ့မှာ Effects များစွာ ပါတဲ့ အတွက် လူအများစု သဘောကျမှာ ဖြစ်ပါတယ်။ စွမ်းဆောင်ချက်များကို အသုံးပြုရလွယ်ကူအောင် ပြသပေးထားပါတယ်။ သူ့မှာ အခြား ကင်မရာများမှာ မပါတဲ့ စွမ်းဆောင်ချက်များတောင် ပါပါတယ်။ Line နဲ့ WhatsApp တို့မှာလို စတစ်ကာနဲ့ ကာတွန်းများကို ဓါတ်ပုံများမှာ ထည့်သွင်းနိုင်တဲ့ စွမ်းဆောင်ချက်များ ပါပါတယ်။
၅။ VSCO Cam
VSCO Cam ကတော့ အသုံးပြုရတာ အနည်းငယ် ခက်ခဲပေမယ့် လွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက လူကြိုက်များခဲ့ပါတယ်။ သူက Instagram မှ ဓါတ်ပုံများလို ရိုက်ကူးဖို့ အထူးပြုလုပ်ထားပါတယ်။ အသင့် ပြုလုပ်ထားတဲ့ Filters များစွာကို သင့်ရဲ့ ဓါတ်ပုံများမှာ ထည့်သွင်းနိုင်ပါတယ်။ ဓါတ်ပုံကို ပြင်ဆင်နိုင်တဲ့ အရည်အသွေးက သူ့ရဲ့ အဓိက အားသာချက် ဖြစ်ပါတယ်။ ဓါတ်ပုံများရဲ့ Settings များကို သင့်စိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။