Android မှာ Contacts လေးတွေထပ်နေတာကို ဘယ်လိုဖြေရှင်းမလဲ
0
2006
Zawgyi Version
Merge Or Delete Duplicate Contacts on Android and Gmail
Merge Or Delete Duplicate Contacts on Android and Gmail
Contacts Optimizer
Merge Or Delete Duplicate Contacts on Android and GmailMerge Or Delete Duplicate Contacts on Android and Gmail
Merge Or Delete Duplicate Contacts on Android and GmailMerge Or Delete Duplicate Contacts on Android and Gmail
Merge Or Delete Duplicate Contacts on Android and Gmail
Unicode Version
စမတ်ဖုန်းလေးတွေမပေါ်ခင်တုန်းက contacts လေးတွေကို နေရာအတော်များများမှာ မှတ်ထားကြတယ်။ Phone contacts တွေကို ဖုန်းထဲမှာ Phone contacts တွေကို email ID ထဲမှာ၊ Facebook contacts တွေကို Facebook မှာ စသဖြင့်ပေါ့။ ဒီနေ့မှာတော့ စမတ်ဖုန်းတစ်လုံးရှိတာနဲ့ contacts တွေအားလုံးကို တစ်နေရာတည်းမှာ ရနိုင်ပါပြီ။ ဒါပေမယ့်လည်း လုပ်ဆောင်ချက်လေးကတော့ စိတ်ကျေနပ်ဖွယ်မကောင်းပြန်ပါဘူး။ contacts တွေ ထပ်ကုန်ပါတယ်။ Android ပေါ်မှာဆိုရင် သင့်ရဲ့ contacts ကို sync လုပ်တဲ့အခါမှာ Google ကို သုံးပါတယ်။ ဒါကြောင့် Google ID နဲ့ ဖုန်းအသစ်မှာ ဝင်လိုက်တယ်ဆိုရင် contacts တွေကို အဲဒီဖုန်းမှာ ရနိုင်ပါတယ်။ local backups အနေနဲ့လည်း လုပ်ကြည့်နိုင်ပါသေးတယ်။ ဒါကြောင့် contacts တွေထပ်ကုန်ပါတယ်။ ကံကောင်းတာကတော့ ထပ်နေတဲ့ contacts တွေကို Android ရော ၊ iOS ပါ မထပ်အောင် လုပ်ပေးနိုင်ပါတယ်။
Android နဲ့ iOS မှာ Contacts မထပ်အောင်လို့ Web အသုံးပြုပြီးဖြေရှင်းနည်း
Android ဖုန်းတွေမှာ သင့်ရဲ့စိတ်ကြိုက်စီမံနိုင်အောင် Contacts app လေးရှိပါတယ်။ ဒါပေမယ့်လည်း အဲဒီမှာလုပ်လိုက်ပေမယ့်လည်း Google Contacts မှာ သက်ရောက်မှုမရှိပါဘူး။ OEM ကွဲသွားတာနဲ့ contact app တွေလည်း ကွဲသွားတာမို့ သုံးရတာလည်း အဆင်မပြေဖြစ်ပါတယ်။ Pixel နဲ့ အခြားသော stock Android တွေမှာ သုံးတဲ့ပုံစံမျိုးနဲ့ Samsung မှာ သုံးတဲ့ပုံစံမျိုးတွေက မတူနိုင်ပါဘူး။ Samsung အတွက်အလုပ်ဖြစ်ပေမယ့်လည်း Huaweiအတွက် လုပ်ချင်မှလုပ်တာမျိုးပေါ့။ Google Contacts app ကတော့ stock OEM app အတော်များများမှာ အလုပ်ဖြစ်ပါတယ်။ Play Store မှာ လူတိုင်းအတွက်ရှိနေပါတယ်။ ပြီးတော့ web ပေါ်ကနေလည်း အသုံးပြုနိုင်ပါတယ်။
ဒီတော့ web ပေါ်က Google Contacts app လေးကိုအသုံးပြုပြီးတော့ ထပ်နေတဲ့ contacts တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၁။ အသုံးပြုဖို့အတွက် contacts.google.com ကိုသွားပြီး Google ID နဲ့ sign in လုပ်လိုက်ပါ။
၂။ Google contacts app ကို ဖုန်းပေါ်မှာအသုံးပြုဖူးမယ်ဆိုရင်တော့ interface ချင်းကအတူတူပါပဲ။ ဘယ်ဘက်မှာဆိုရင်တော့ Duplicates လေးရှိပြီး နှိပ်လိုက်ရမှာပါ။
၃။ အဲဒီအချိန်မှာ ထပ်နေတဲ့ contacts လေးတွေကို အောက်ကိုဆွဲကြည့်နိုင်တဲ့ ကဒ်လေးတစ်ခုအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ကဒ်တိုင်းမှာ Merge လုပ်မလား။ ignore လုပ်မလားဆိုတာ ရွေးချယ်ပေးနိုင်ပါတယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီးတော့ exit လုပ်လိုက်ပါ။ Merge လုပ်တာကတော့ ရှိနေတဲ့ နံပါတ်တွေနဲ့ အချက်အလက်တွေအားလုံးကို သိမ်းထားပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း မတူညီတာတွေကို ပေါင်းပြီးတော့ တူညီနေတယ်ဆိုရင် ဖယ်ပေးမယ်လို့ပြောတာပါ။
ဒီနည်းလမ်းရဲ့ အားနည်းချက်လေးတွေလည်း ရှိပါတယ်။ ပထမဆုံးအနေနဲ့ contacts တစ်ခုချင်းအတွက် လိုက်ရွေးနေရမှာပါ။ ဒုတိယတစ်ချက်ကတော့ Google Contacts နဲ့ sync လုပ်ထားမှ အကျုံးဝင်ပါတယ်။
Contacts Optimizer ကို အသုံးပြုပြီး Android မှာ ထပ်နေတာတွေကို ပေါင်းခြင်း
Google ID မှာ contacts တွေကိုသိမ်းမထားဘဲ local storage ထဲမှာပဲ သိမ်းထားတယ်ဆိုရင်တော့ အပေါ်ကနည်းလမ်းက သင့်အတွက်အလုပ်မဖြစ်ပါဘူး။ သင့်မှာ contact တွေအများကြီးထပ်နေမယ်ဆိုရင်လည်း အဆင်မပြေပြန်ပါဘူး။
ကျွန်တော်ကတော့ ဒီလိုမျိုးဖြစ်တိုင်းမှာ ကျွန်တော့အတွက်အလုပ်ဖြစ်မယ့်ဟာလေးကို အသုံးပြုပါတယ်။ ရလဒ်တွေလည်းကောင်းမွန်ပါတယ်။ ဒါကြောင့် Contacts Optimizer လေးကိုအသုံးပြုဖို့ ညွှန်းပါရစေ။ feature အများစုကတော့ အခမဲ့မဟုတ်ပါဘူး။ Pro version သုံးကြည့်တာလည်း ကောင်းပါတယ်။ Pro version ကို လိုအပ်တယ်လို့ မဆိုလိုပါဘူး။ contact နဲ့ပတ်သတ်လို့ အသုံးပြုရလွယ်ကူသလို လုပ်ချင်တာတွေလည်း လုပ်ခွင့်ပြုထားပါတယ်။ ပြီးတော့ ပြောင်းလိုက်တဲ့အရာမှန်သမျှကိုလည်း Google account မှာ သက်ရောက်မှုတွေရှိမှာပါ။ contact တွေကို SIM ၊ Phone Memory ၊ WhatsApp အကောင့် ကြိုက်တဲ့နေရာမှာသိမ်းထားလိုက်ပါ။ Manage လုပ်လို့ရပါတယ်။
Contacts Optimizer
၁။ app လေးကိုဖွင့်လိုက်ပြီးတော့ latest update အကြောင်း ပြထားတဲ့ page လေးပေါ်လာပါလိမ့်မယ်။ ပြီးရင်တော့ main app screen ကို ရောက်ဖို့ next နှိပ်လိုက်ပါ။
၂။ Select account လေးကိုနှိပ်ပြီးတော့ ကိုယ်ပြင်ချင်တဲ့ contact source ကို ရွေးပေးလိုက်ပါ။
Source ရွေးပေးလိုက်ပြီဆိုတာနဲ့ Tap လေးကိုရွေးပေးလိုက်ပါ။ ပြီးရင်တော့ ထပ်နေတာတွေကို ပြသပေးပါလိမ့်မယ်။
၁။ Delete duplicates လေးကို နှိပ်လိုက်ပါ။
၂။ ဖျက်ချင်တဲ့ဟာလေးကို ရွေးပေးလိုက်ပြီးတော့ Next ကို နှိပ်လိုက်ပါ။
၃။ Finish ကို နှိပ်လိုက်ပါ။ ပြီးပါပြီ။
သင်ကြိုက်မှာပါ လွယ်တယ်မလား။ Pro version ဆိုရင်တော့ feature အတော်များများစုံပါတယ်။ ဒီတော့ စဉ်းစားကြည့်သင့်ပါတယ်။ simple contacts အများကြီးကို rich contact အနေနဲ့ ပေါင်းလို့ရပါတယ်။ ဆိုလိုတာက Google ID ပေါ်မှာ email address ရှိတယ်၊ ဖုန်းနံပါတ်လေးက ဖုန်းထဲမှာမှတ်ထားတယ်။ အဲဒီနှစ်ခုကိုပေါင်းလို့ရပါတယ်။
play store ပေါ်မှာလည်း app တွေအများကြီးရှိတာမို့ စမ်းသပ်ကြည့်လို့ရပါတယ်။
Leave a Reply