0
1741
unicode
18:9 Screen ပါတဲ့ တန်ဖိုးနည်း Nokia 5.1
HMD Gloabal က 18:9 Screen ပါတဲ့ တန်ဖိုးနည်း Nokia 5.1 ကို ကြေညာလိုက်ပါတယ်။ သူဟာ ယခင်နှစ်ထုတ် Nokia 5 ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ သူဟာ Nokia 5 ထက် စွမ်းရည်အပိုင်းမှာ လွန်စွာ တိုးတက်လာပါတယ်။
Nokia 5.1 မှာ ၅.၅ လက်မ FullHD+ IPS LCD Display တပ်ဆင်ထားပါတယ်။ 1080x2160p Resolution ဖြစ်ပါတယ်။ 2.5D Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။ Octa-Core Chipset ထည့်သွင်းထားပြီး ယခင်မျိုးဆက်ထက် ၄၀ ရာခိုင်နှုန်း ပိုမို စွမ်းရည်မြင့်မားလာတယ်လို့ သိရပါတယ်။ အနောက်ဘက်မှာ Phase Detection AF ပါတဲ့ 16MP Rear Camera နဲ့ အရှေ့ဘက်မှာ 8MP Selfie Camera များ ပါပါတယ်။
2GB/16GB နဲ့ 3GB/32GB Model များ ထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး ဖုန်းကို Unlock လုပ်ဖို့ အသုံးပြုနိုင်ပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပါတယ်။ ဘက်ထရီက 2970mAh ဖြစ်ပါတယ်။ Storage ကို မြှင့်တင်ဖု့ိ microSD Card စိုက်နိုင်ပါတယ်။ 3.5mm နားကြပ်ပေါက်လည်း ပါလာပါတယ်။ ဇူလိုင်လမှာ စတင် ရောင်းချမှာ ဖြစ်ပြီး အပြာ၊ အနက်နဲ့ ကြေးနီ အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ အခြေခံ မော်ဒယ်ကို ၂၁၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
နိုကီယာက စုစုပေါင်း စမတ်ဖုန်း အသစ်သုံးလုံး မိတ်ဆက်ခဲ့တာ ဖြစ်ပြီး တစ်လုံးဟာ ပေါ့ပါးသွက်လက်တဲ့ Android Go Phone ဖြစ်ပါတယ်။ အခြား နှစ်လုံးမှာ Android One Phone များ ဖြစ်ကြပါတယ်။ Android One ဖုန်းများဟာ နှစ်နှစ်ကြာတဲ့အထိ Software Update နဲ့ သုံးနှစ်ကြာတဲ့အထိ Security Updates များကို ရရှိမှာ ဖြစ်ပါတယ်။
Leave a Reply