Smartphone Trending

စမတ္ဖုန္းမ်ားဟာ အနာဂတ္မွာ အနံ႔ခံ စြမ္းရည္ ပိုင္ဆိုင္လာေတာ့မလား ?

စမတ္ဖုန္းမ်ားဟာ ဖုန္းေျပာဖို႔ သက္သက္ မဟုတ္ေတာ့ပါဘူး။ အြန္လိုင္းမွာ ေစ်း၀ယ္ျခင္း၊ တည္ေနရာမ်ား လမ္းညႊန္ျခင္း၊ အလုပ္ကိစၥမ်ား ျပဳလုပ္ျခင္း၊ TV Remote အေနနဲ႔ အသံုးျပဳျခင္း၊ Scanner လို အသံုးျပဳျခင္း အပါအ၀င္ အလုပ္မ်ားစြာကို ျပဳလုပ္ေပးလာႏုိင္ၾကပါၿပီ။ အခုလည္း ဂ်ာမနီမွ Karlsruhe Institute of Technology (KIT) က စမတ္ဖုန္းမ်ားမွာ အနံ႔ခံ စြမ္းရည္ကို ထည့္သြင္းေပးဖို႔ ျပဳလုပ္ေနၾကပါတယ္။

အဲဒီအတြက္ အနာဂတ္ စမတ္ဖုန္းမ်ားဟာ ပုပ္ေနတဲ့ ဟင္းသီးဟင္းရြက္၊ အသား၊ ငါးမ်ားကို ေျပာျပေပးျခင္း၊ လူေတြ အနံ႔မခံခ်င္ေလာက္ေအာင္ ဆိုးရြားတဲ့ အနံ႔အသက္မ်ား၊ အဆိပ္အေတာက္ ျဖစ္ေစတဲ့ အနံ႔အသက္မ်ားကို လူေတြ ကိုယ္စား အာရံုခံ ေပးျခင္းမ်ားကို ျပဳလုပ္လာႏုိင္ၾကမွာ ျဖစ္ပါတယ္။

ပညာရွင္မ်ားက လူ႕ႏွာေခါင္းလို စြမ္းရည္မ်ားပါတဲ့ Electronics Nose ကို ဖန္တီးေနပါတယ္။ တီထြင္သူ အဖြဲ႕မွ Dr. Martin Sommer က သူ႔႔ရဲ႕ အီလက္ထေရာနစ္ နွာေခါင္းမွ Nanofibers မ်ားဟာ အနံ႔မ်ားကို ခြဲျခားႏုိင္တယ္လို႔ ေျပာပါတယ္။ လူ႕ႏွာေခါင္းမွာ အနံ႔ခံ ဆဲလ္ေပါင္း ၁၀ သန္း၀န္းက်င္ရွိပါတယ္။ အဲဒီ ဆဲလ္မ်ားဟာ မတူညီတဲ့ အနံ႔မ်ားကို ခြဲျခမ္းစိတ္ျဖာႏုိင္ၿပီး လူ႔ရဲ႕ ဦးေႏွာက္ကို သတင္းေပးႏုိင္ပါတယ္။ သူတုိ႔ရဲ႕ အီလက္ထေရာနစ္ ႏွာေခါင္းဟာ စင္တီမီတာ အနည္းငယ္သာ ရွိတဲ့အတြက္ ဖုန္းထဲမွာ ထည့္သြင္းလို႔ အဆင္ေျပေစပါတယ္။

တီထြင္သူမ်ားက သူတို႔ရဲ႕ နည္းပညာပါတဲ့ စမတ္ဖုန္းမ်ားဟာ ေစ်း၀ယ္တဲ့ အခါမွာ လတ္ဆတ္တဲ့ အသား၊ ငါးမ်ားကို ေျပာျပေပးျခင္း၊ ေလထုညစ္ညမ္းမႈကို သိရွိျခင္း၊ မီးေလာင္မႈမ်ားကို သတိေပးျခင္းမ်ားလို အလုပ္မ်ားကို ျပဳလုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

unicode

စမတ်ဖုန်းများဟာ အနာဂတ်မှာ အနံ့ခံ စွမ်းရည် ပိုင်ဆိုင်လာတော့မလား ?

စမတ်ဖုန်းများဟာ ဖုန်းပြောဖို့ သက်သက် မဟုတ်တော့ပါဘူး။ အွန်လိုင်းမှာ ဈေးဝယ်ခြင်း၊ တည်နေရာများ လမ်းညွှန်ခြင်း၊ အလုပ်ကိစ္စများ ပြုလုပ်ခြင်း၊ TV Remote အနေနဲ့ အသုံးပြုခြင်း၊ Scanner လို အသုံးပြုခြင်း အပါအဝင် အလုပ်များစွာကို ပြုလုပ်ပေးလာနိုင်ကြပါပြီ။ အခုလည်း ဂျာမနီမှ Karlsruhe Institute of Technology (KIT) က စမတ်ဖုန်းများမှာ အနံ့ခံ စွမ်းရည်ကို ထည့်သွင်းပေးဖို့ ပြုလုပ်နေကြပါတယ်။

အဲဒီအတွက် အနာဂတ် စမတ်ဖုန်းများဟာ ပုပ်နေတဲ့ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးများကို ပြောပြပေးခြင်း၊ လူတွေ အနံ့မခံချင်လောက်အောင် ဆိုးရွားတဲ့ အနံ့အသက်များ၊ အဆိပ်အတောက် ဖြစ်စေတဲ့ အနံ့အသက်များကို လူတွေ ကိုယ်စား အာရုံခံ ပေးခြင်းများကို ပြုလုပ်လာနိုင်ကြမှာ ဖြစ်ပါတယ်။

ပညာရှင်များက လူ့နှာခေါင်းလို စွမ်းရည်များပါတဲ့ Electronics Nose ကို ဖန်တီးနေပါတယ်။ တီထွင်သူ အဖွဲ့မှ Dr. Martin Sommer က သူ့ရဲ့ အီလက်ထရောနစ် နှာခေါင်းမှ Nanofibers များဟာ အနံ့များကို ခွဲခြားနိုင်တယ်လို့ ပြောပါတယ်။ လူ့နှာခေါင်းမှာ အနံ့ခံ ဆဲလ်ပေါင်း ၁၀ သန်းဝန်းကျင်ရှိပါတယ်။ အဲဒီ ဆဲလ်များဟာ မတူညီတဲ့ အနံ့များကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး လူ့ရဲ့ ဦးနှောက်ကို သတင်းပေးနိုင်ပါတယ်။ သူတို့ရဲ့ အီလက်ထရောနစ် နှာခေါင်းဟာ စင်တီမီတာ အနည်းငယ်သာ ရှိတဲ့အတွက် ဖုန်းထဲမှာ ထည့်သွင်းလို့ အဆင်ပြေစေပါတယ်။

တီထွင်သူများက သူတို့ရဲ့ နည်းပညာပါတဲ့ စမတ်ဖုန်းများဟာ ဈေးဝယ်တဲ့ အခါမှာ လတ်ဆတ်တဲ့ အသား၊ ငါးများကို ပြောပြပေးခြင်း၊ လေထုညစ်ညမ်းမှုကို သိရှိခြင်း၊ မီးလောင်မှုများကို သတိပေးခြင်းများလို အလုပ်များကို ပြုလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.