Xiaomi Mi Band 3 ကိုေမ၃၁ရက္ေန႔မွာ မိတ္ဆက္ဖို႔ေသခ်ာၿပီ

0
1885

Xiaomi အေနနဲ႔၃၁ရက္ေန႔မွာကုမၸဏီရဲ႕ ထုတ္ကုန္သစ္ေတြကို မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ Xiaomi အေနနဲ႔ Mi Band 3 ကိုတရားဝင္မိတ္ဆက္မယ္လို႔ ထုတ္ျပန္လိုက္ပါၿပီ။ကုမၸဏီရဲ႕ စီအီးအိုျဖစ္တဲ့ လီဂၽြမ္းဟာသူ႕ရဲ႕ Weibo မွာပိုစ့္တင္ၿပီးေတာ့ အတည္ျပဳေပးလိုက္ၿပီ ျဖစ္ပါတယ္။ Xiaomi  စီအီးအိုျဖစ္တဲ့ လီဂၽြမ္းအေနနဲ႔ Black Shark ဂိမ္းစမတ္ဖုန္းကို ေၾကညာတုန္းက Mi Band 3 ကုိ ၀တ္ဆင္ၿပီး တက္ခဲ့ၿပီးတဲ့ေနာက္ ေမလ ၃၁ ရက္ေန႔ပြဲမွာ Mi Band 3 ကုိပါ မိတ္ဆက္မယ္လုိ႔ သတင္းမ်ား ဆက္တိုက္ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

အျခားေျပာၾကားခ်က္ေတြအရေတာ့ Xiaomi ဟာမ်ိဳးဆက္သစ္ Band ကုိမိတ္ဆက္ေပးႏုိင္ဖုိ႔အတြက္ ၂လေက်ာ္၃လဝန္းက်င္ေလာက္ စမ္းသပ္မႈေတြ ျပဳလုပ္ေနတာျဖစ္တယ္လို႔ သိရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဒုတိယမ်ိဳဆက္ေကာင္းမြန္တဲ့ Band2 ထက္ပိုေကာင္းတဲ့ လုပ္ေဆာင္ခ်က္ေပးအပ္ခ်င္တာေၾကာင့္လို႔ ဆိုပါတယ္။ Xiaomi Mi Band 3 မွာ Touchscreen Display ပါ၀င္လာမွာ ျဖစ္ၿပီး မ်က္ႏွာျပင္ကုိ ခပ္ၾကာၾကာဖိျခင္း၊ အေပၚေအာက္ဆြဲျခင္းစတာေတြနဲ႔ ထိန္းခ်ဳပ္ အသံုးျပဳႏုိင္မယ္လုိ႔ သိရပါတယ္။ လတ္တေလာျမင္ေတြ႕ခ်က္ေတြအရ 2.5D curved glass ဖုံးအုပ္လာႏိုင္ပါတယ္။

Xiaomi အေနနဲ႔ေမ၃၁ရက္ေန႔မွာ Mi8 စမတ္ဖုန္းသစ္နဲ႔ MIUI 10 တို႔ကိုပါတပါတည္း မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ Xiaomi Mi 8 မွာ Quick Charge 4.0+ ကိုေထာက္ပံ့ေပးသြားမွာျဖစ္ၿပီး အသစ္မိတ္ဆက္မယ့္ MIUI 10 မွာေျပာင္းလဲလိုက္တာေတြကေတာ့ menu bar, volume နဲ႔ brightness short-cut key adjusting လုပ္ေဆာင္ခ်က္ေတြျဖစ္ၿပီး၊ အေရာင္ကိုေတာ့ အကုန္လုံးကို အျပာနဲ႔အျဖဴသာ သုံးထားပါတယ္။ ရုတ္တရက္ၾကည့္လိုက္ရင္ သူရဲ႕ UI design က  IOS 11 နဲ႔ဆင္တူပါတယ္။ အရင္ထြက္ထားတဲ့ MIUI 9 နဲ႔ကြဲျပားၿပီး ႀကီးမားတဲ့ေျပာင္းလဲမႈေတြကို ျပဳလုပ္ထားပါတယ္။  ထပ္မံေပါင္းထည့္မႈေတြကေတာ့ screen-locked notification, multi-tasking backstage, weather, alarm တို႔ပဲျဖစ္ပါတယ္။

Unicode

Xiaomi အနေနဲ့၃၁ရက်နေ့မှာကုမ္ပဏီရဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Xiaomi အနေနဲ့ Mi Band 3 ကိုတရားဝင်မိတ်ဆက်မယ်လို့ ထုတ်ပြန်လိုက်ပါပြီ။ကုမ္ပဏီရဲ့ စီအီးအိုဖြစ်တဲ့ လီဂျွမ်းဟာသူ့ရဲ့ Weibo မှာပိုစ့်တင်ပြီးတော့ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ Xiaomi  စီအီးအိုဖြစ်တဲ့ လီဂျွမ်းအနေနဲ့ Black Shark ဂိမ်းစမတ်ဖုန်းကို ကြေညာတုန်းက Mi Band 3 ကို ဝတ်ဆင်ပြီး တက်ခဲ့ပြီးတဲ့နောက် မေလ ၃၁ ရက်နေ့ပွဲမှာ Mi Band 3 ကိုပါ မိတ်ဆက်မယ်လို့ သတင်းများ ဆက်တိုက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အခြားပြောကြားချက်တွေအရတော့ Xiaomi ဟာမျိုးဆက်သစ် Band ကိုမိတ်ဆက်ပေးနိုင်ဖို့အတွက် ၂လကျော်၃လဝန်းကျင်လောက် စမ်းသပ်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် ဒုတိယမျိုဆက်ကောင်းမွန်တဲ့ Band2 ထက်ပိုကောင်းတဲ့ လုပ်ဆောင်ချက်ပေးအပ်ချင်တာကြောင့်လို့ ဆိုပါတယ်။ Xiaomi Mi Band 3 မှာ Touchscreen Display ပါဝင်လာမှာ ဖြစ်ပြီး မျက်နှာပြင်ကို ခပ်ကြာကြာဖိခြင်း၊ အပေါ်အောက်ဆွဲခြင်းစတာတွေနဲ့ ထိန်းချုပ် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ လတ်တလောမြင်တွေ့ချက်တွေအရ 2.5D curved glass ဖုံးအုပ်လာနိုင်ပါတယ်။

Xiaomi အနေနဲ့မေ၃၁ရက်နေ့မှာ Mi8 စမတ်ဖုန်းသစ်နဲ့ MIUI 10 တို့ကိုပါတပါတည်း မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Xiaomi Mi 8 မှာ Quick Charge 4.0+ ကိုထောက်ပံ့ပေးသွားမှာဖြစ်ပြီး အသစ်မိတ်ဆက်မယ့် MIUI 10 မှာပြောင်းလဲလိုက်တာတွေကတော့ menu bar, volume နဲ့ brightness short-cut key adjusting လုပ်ဆောင်ချက်တွေဖြစ်ပြီး၊ အရောင်ကိုတော့ အကုန်လုံးကို အပြာနဲ့အဖြူသာ သုံးထားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် သူရဲ့ UI design က  IOS 11 နဲ့ဆင်တူပါတယ်။ အရင်ထွက်ထားတဲ့ MIUI 9 နဲ့ကွဲပြားပြီး ကြီးမားတဲ့ပြောင်းလဲမှုတွေကို ပြုလုပ်ထားပါတယ်။  ထပ်မံပေါင်းထည့်မှုတွေကတော့ screen-locked notification, multi-tasking backstage, weather, alarm တို့ပဲဖြစ်ပါတယ်။

Leave a Reply