LG Q7 Stylus+ ကို ထိုင္၀မ္မွာ ေၾကညာေတာ့မည္

0
1512

ဒစ္ဂ်စ္တယ္ ေဘာပင္ပါတဲ့ စမတ္ဖုန္းမ်ားကို LG ကလည္း ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ အခုလည္း LG Q7 Stylus+ အမည္ရ စမတ္ဖုန္း အသစ္ကို ထိုင္၀မ္ ဆက္သြယ္ေရး ေကာ္မရွင္ထံမွာ မွတ္ပံုတင္ထားတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္က LG ဟာ LG Q7, LG Q7a နဲ႔ LG Q7+ တို႔ကို ေၾကညာခဲ့ေပမယ့္ သတင္းေတြထြက္ခဲ့တဲ့ LG Q7 Stylus+ ေတာ့ မပါခဲ့ပါဘူး။

LG Q7 Stylus+ ရဲ႕ Specifications မ်ားဟာ LG Q7+ နဲ႔ တူညီႏုိင္ပါတယ္။ ထိုင္၀မ္မွာ အဲဒီ စမတ္ဖုန္း နွစ္လံုးကို တစ္ၿပိဳင္နက္ ေၾကညာႏုိင္ပါတယ္။ LG Q7 Stylus+ မွာ မ်က္ႏွာျပင္ အခ်ိဳး 18:9 ပါတဲ့ ၅.၅ လက္မ LCD Display တပ္ဆင္ထားႏုိင္ပါတယ္။ အေနာက္ဘက္မွာ 13 Megapixel Camera နဲ႔ အေရွ႕ဘက္မွာ 5 Megapixel Camera မ်ား ပါလာႏုိင္ပါတယ္။ ေရစိုခံမယ္လို႔လည္း သိရပါတယ္။ သူ႔မွာ အပိုပါလာတာကေတာ့ ဒစ္ဂ်စ္တယ္ ေဘာပင္ျဖစ္ပါတယ္။

LG Q7+ မွာ 18:9 မ်က္ႏွာျပင္ အခ်ိဳးပါတဲ့ ၅.၅ လက္မ FullVision Display ထည့္သြင္းထားပါတယ္။ Qualcomm ရဲ႕ Snapdragon 450 Chipset ေမာင္းႏွင္ထားပါတယ္။ 4GB RAM , 64GB Internal Storage မ်ား ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ 16MP Camera နဲ႔ အေရွ႕ဘက္မွာ 8MP Camera မ်ား ထည့္သြင္းထားပါတယ္။ 3000mAh Battery ထည့္ေပးထားပါတယ္။ လံုျခံဳေရးအတြက္ေတာ့ Fingerprint Scanner နဲ႔ Face Unlock မ်ား ပါပါတယ္။

unicode

LG Q7 Stylus+ ကို ထိုင်ဝမ်မှာ ကြေညာတော့မည်

ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ စမတ်ဖုန်းများကို LG ကလည်း ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း LG Q7 Stylus+ အမည်ရ စမတ်ဖုန်း အသစ်ကို ထိုင်ဝမ် ဆက်သွယ်ရေး ကော်မရှင်ထံမှာ မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က LG ဟာ LG Q7, LG Q7a နဲ့ LG Q7+ တို့ကို ကြေညာခဲ့ပေမယ့် သတင်းတွေထွက်ခဲ့တဲ့ LG Q7 Stylus+ တော့ မပါခဲ့ပါဘူး။

LG Q7 Stylus+ ရဲ့ Specifications များဟာ LG Q7+ နဲ့ တူညီနိုင်ပါတယ်။ ထိုင်ဝမ်မှာ အဲဒီ စမတ်ဖုန်း နှစ်လုံးကို တစ်ပြိုင်နက် ကြေညာနိုင်ပါတယ်။ LG Q7 Stylus+ မှာ မျက်နှာပြင် အချိုး 18:9 ပါတဲ့ ၅.၅ လက်မ LCD Display တပ်ဆင်ထားနိုင်ပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera များ ပါလာနိုင်ပါတယ်။ ရေစိုခံမယ်လို့လည်း သိရပါတယ်။ သူ့မှာ အပိုပါလာတာကတော့ ဒစ်ဂျစ်တယ် ဘောပင်ဖြစ်ပါတယ်။

LG Q7+ မှာ 18:9 မျက်နှာပြင် အချိုးပါတဲ့ ၅.၅ လက်မ FullVision Display ထည့်သွင်းထားပါတယ်။ Qualcomm ရဲ့ Snapdragon 450 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM , 64GB Internal Storage များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 16MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera များ ထည့်သွင်းထားပါတယ်။ 3000mAh Battery ထည့်ပေးထားပါတယ်။ လုံခြုံရေးအတွက်တော့ Fingerprint Scanner နဲ့ Face Unlock များ ပါပါတယ်။

Leave a Reply